စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့နည်းပြအင်းနရစ်ကြားမှာ ဒီဂီယာနဲ့ပတ်သတ်တဲ့ ထူးထူးဆန်းဆန်းလွဲချော်မှုတွေရှိနေ

ယူနိုက်တက်ဂိုးသမားဒီဂီယာဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမယ်လို့ တစ်ကြိမ်တစ်ခါမှ ထွက်ဆိုခဲ့ဖူးခြင်းမရှိပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဆီကနေ

ထူးဆန်းတဲ့ မက်ဆေ့ချ်တစ်စောင်လက်ခံရရှိခဲ့တယ်လို့ စပိန်ဂျာနယ်လစ်ဂျိုဆေးအဲလ်ဗာရက်ဇ်က ဖွင့်ချလိုက်ပါတယ်။ စပိန်နည်းပြအင်းနရစ် ကမ္ဘာ့ဖလားလူစာရင်းကနေ

ဒီဂီယာကိုချန်လှပ်ခဲ့ပြီးတဲ့နောက် လက်ရွေးစင်အသင်းကအနားယူခြင်းအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ဆီကနေ ဂုဏ်ပြုမက်ဆေ့ချ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ စပိန်သတင်းစာ

El Chiringuito နဲ့တွေ့ဆုံမှုမှာတော့ ဂျာနယ်လစ်အဲလ်ဗာရက်ဇ်က “ဒီဂီယာအတွက် အနည်းငယ်ထူးဆန်းတဲ့အကြောင်းအရာဖြစ်တယ်။ လွန်ခဲ့တဲ့လအနည်းငယ်မှာ

ဖုန်းခေါ်ဆိုမှုအဆက်အသွယ်ပြတ်ခဲ့တယ်၊ နောက်တော့ အင်းနရစ်က သူဒေးဗစ်ကို အားကိုးမှာမဟုတ်တော့ဘူးလို့ဖုန်းဆက်လာခဲ့ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တစ်ခုလို့ပြောဆိုခဲ့တာပါ။

ဒေးဗစ်က ဘာကြောင့်လဲဆိုတာမေးမြန်းခဲ့ပေမဲ့ အင်းနရစ်ဆီက နောက်ထပ်ဖြေရှင်းချက် မရတော့ပါဘူး။ ရက်အနည်းငယ်ကြာတဲ့နောက် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရူဘီရာလက်စ်ဟာ

ဒေးဗစ်ဆီကိုမက်ဆေ့ချ်တစ်စောင်ပေးပို့ခဲ့ပါတယ်။ ‘ဒေးဗစ် မင်းစဉ်းစားထားတဲ့အတိုင်း ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ငါဝမ်းသာပါတယ် မင်းလက်ရွေးစင်အသင်းကနေအနားယူတော့မယ်ဆိုတာ

ကို ငါပြောလိုက်ပါပြီ’ လို့ မက်ဆေ့ချ်ပို့ခဲ့တာဖြစ်တယ်။ ဒီဂီယာဘက်က ‘ဝမ်းနည်းပါတယ်၊ ဘာကိုမှမစွန့်လွှတ်သေးပါဘူး။ ကျွန်တော်တစ်ခုခုစွန့်လွှတ်ခဲ့တယ်လို့ ခင်ဗျားကိုဘယ်သူပြောတာလဲလို့ပြန်မေးခဲ့ပါတယ်။

နည်းပြက ကျွန်တော့်ကိုအားကိုးမှာမဟုတ်ဘူးလို့ပြောထားတယ်။ ဒါပေမဲ့ ကျွန်တော်လက်ရွေးစင်ကစားသမားဘဝကို မစွန့်လွှတ်သေးဘူး၊ ဒီလိုရည်ရွယ်ချက်မရှိပါဘူး၊ တကယ်လို့ခေါ်ယူရင်

ကစားဦးမှာပါလို့’ အကြောင်းပြန်ခဲ့ပါတယ်” လို့ စပိန်ဂျာနယ်လစ်အဲလ်ဗာရက်ဇ်က ရှင်းပြထားပါတယ်။ ဒီဂီယာကိစ္စမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအင်းနရစ်တို့အကြား

တစ်ခုခုတော့လွဲမှားနေပြီလို့ ယူဆရပါတယ်။

(Zawgyi)

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔နည္းျပအင္းနရစ္ၾကားမွာ ဒီဂီယာနဲ႔ပတ္သတ္တဲ့ ထူးထူးဆန္းဆန္းလြဲေခ်ာ္မႈေတြရွိေန

ယူႏိုက္တက္ဂိုးသမားဒီဂီယာဟာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူမယ္လို႔တစ္ႀကိမ္တစ္ခါထြက္ဆိုခဲ့ဖူးျခင္းမရွိေပမဲ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီကေန ထူးဆန္းတဲ့မက္ေဆ့ခ်္တစ္ေစာင္လက္ခံရရွိခဲ့တယ္လို႔

စပိန္ဂ်ာနယ္လစ္ဂ်ိဳေဆးအဲလ္ဗာရက္ဇ္က ဖြင့္ခ်လိုက္ပါတယ္။ စပိန္နည္းျပအင္းနရစ္ ကမာၻ႔ဖလားလူစာရင္းကေန ဒီဂီယာကိုခ်န္လွပ္ခဲ့ၿပီးတဲ့ေနာက္ လက္ေ႐ြးစင္အသင္းကအနားယူျခင္းအတြက္

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီကေန ဂုဏ္ျပဳမက္ေဆ့ခ်္တစ္ခုလက္ခံရရွိခဲ့ပါတယ္။ စပိန္သတင္းစာ El Chiringuito နဲ႔ေတြ႕ဆုံမႈမွာေတာ့ ဂ်ာနယ္လစ္အဲလ္ဗာရက္ဇ္က

“ဒီဂီယာအတြက္ အနည္းငယ္ထူးဆန္းတဲ့အေၾကာင္းအရာျဖစ္တယ္။ လြန္ခဲ့တဲ့လအနည္းငယ္မွာ ဖုန္းေခၚဆိုမႈအဆက္အသြယ္ျပတ္ခဲ့တယ္၊ ေနာက္ေတာ့

အင္းနရစ္က သူေဒးဗစ္ကို အားကိုးမွာမဟုတ္ေတာ့ဘူးလို႔ဖုန္းဆက္လာခဲ့ပါတယ္။ နည္းစနစ္ပိုင္းဆိုင္ရာဆုံးျဖတ္ခ်က္တစ္ခုလို႔ေျပာဆိုခဲ့တာပါ။

ေဒးဗစ္က ဘာေၾကာင့္လဲဆိုတာေမးျမန္းခဲ့ေပမဲ့ အင္းနရစ္ဆီက ေနာက္ထပ္ေျဖရွင္းခ်က္မရေတာ့ပါဘူး။ ရက္အနည္းငယ္ၾကာတဲ့ေနာက္

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ႐ူဘီရာလက္စ္ဟာ ေဒးဗစ္ဆီကိုမက္ေဆ့ခ်္တစ္ေစာင္ေပးပို႔ခဲ့ပါတယ္။ ‘ေဒးဗစ္ မင္းစဥ္းစားထားတဲ့အတိုင္းဆုံးျဖတ္ခ်က္ခ်လိုက္တဲ့အတြက္

ငါဝမ္းသာပါတယ္ မင္းလက္ေ႐ြးစင္အသင္းကေနအနားယူေတာ့မယ္ဆိုတာကို ငါေျပာလိုက္ပါၿပီ’ လို႔ မက္ေဆ့ခ်္ပို႔ခဲ့တာျဖစ္တယ္။ ဒီဂီယာဘက္က ‘ဝမ္းနည္းပါတယ္၊

ဘာကိုမွမစြန႔္လႊတ္ေသးပါဘူး။ ကြၽန္ေတာ္တစ္ခုခုစြန႔္လႊတ္ခဲ့တယ္လို႔ ခင္ဗ်ားကိုဘယ္သူေျပာတာလဲလို႔ျပန္ေမးခဲ့ပါတယ္။ နည္းျပက ကြၽန္ေတာ့္ကိုအားကိုးမွာမဟုတ္ဘူးလို႔ေျပာထားတယ္။

ဒါေပမဲ့ ကြၽန္ေတာ္လက္ေ႐ြးစင္ကစားသမားဘဝကိုမစြန႔္လႊတ္ေသးဘူး၊ ဒီလိုရည္႐ြယ္ခ်က္မရွိပါဘူး၊ တကယ္လို႔ေခၚယူရင္ ကစားဦးမွာပါလို႔’ အေၾကာင္းျပန္ခဲ့ပါတယ္”

လို႔ စပိန္ဂ်ာနယ္လစ္အဲလ္ဗာရက္ဇ္က ရွင္းျပထားပါတယ္။ ဒီဂီယာကိစၥမွာေတာ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ နည္းျပအင္းနရစ္တို႔အၾကား တစ္ခုခုေတာ့လြဲမွားေနၿပီလို႔ ယူဆရပါတယ္။