စပိန်နဲ့ပတ်သတ်တာတွေနဲ့အတူ ပြက်လုံးပျော်စရာတွေပါခဲ့တဲ့ အင်းနရစ်ရဲ့ပွဲဦးထွက် Twitch ကိုလူကြိုက်များနေ

ကမ္ဘာ့ဖလားမတိုင်ခင်မှာတော့ စပိန်နည်းပြအင်းနရစ်ရဲ့ ပထမဆုံးအွန်လိုင်း Twitch တိုက်ရိုက်တင်ဆက်မှုကို ပရိသတ်တွေအရမ်းသဘောကျခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဟောင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း streamer တစ်ယောက်ဖြစ်လာမယ်လို့ကတိပေးလိုက်ပြီး အားပေးသူပရိသတ်တွေနဲ့

အွန်လိုင်းကနေတိုက်ရိုက်တွေ့ဆုံသွားမယ်လို့ဆိုပါတယ်။ မတူညီတဲ့အရာတွေအတွက် စိတ်မပျက်ဘဲမျှော်လင့်ချက်တွေနဲ့အတူရှေ့ဆက်မယ်လို့ အင်းနရစ်ကဆိုပါတယ်။

“ကာတာမှာ ဆီမီးဖိုင်နယ်အထိတက်လှမ်းနိုင်မလားဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး” လို့ ကြည့်ရှုသူထောင်ပေါင်းများစွာကို အင်းနရစ်က စကား စ ခဲ့တယ်လို့ MARCA သတင်းငှာနကဖော်ပြသွားပါတယ်။

“ဆီမီးဖိုင်နယ်က ရလဒ်ကောင်းတစ်ခုဖြစ်ပေမဲ့ ငါတို့ရဲ့မျှော်လင့်ချက်မဟုတ်ဘူး” လို့ ဆက်ပြောခဲ့ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်မှာ ၁၆သင်းအဆင့်မကျော်ခဲ့တဲ့

စပိန်အသင်းကို အရှေ့အလယ်ပိုင်းပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်နိုင်တယ်လို့သုံးသပ်သူနည်းပါးနေတာဖြစ်တယ်။ “ဘောလုံးက အနုပညာဒြပ်စင်(clichés) တွေနဲ့ပြည့်နှက်နေပါတယ်။

အတုအယောင် ဒဏ္ဍာရီကို ဖြိုချပစ်မယ်။ ငါတို့ false 9 နဲ့ကစားဖို့မရှိဘူး။ မိုရာတာ၊ အဆန်စီယို၊ အိုလ်မိုတို့နဲ့ကစားနိုင်တယ်။ သူတို့ဟာတူညီတဲ့နယ်မြေကို သိမ်းပိုက်ရမယ်။

ဘယ်လိုတွေဖြစ်လာသလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြဘူး။ ခင်ဗျားတို့အလိုရှိတဲ့ပုံစံခေါ်ဆိုနိုင်ပေမဲ့ ဒါဟာ false 9 တော့မဟုတ်ဘူး” လို့ တိုက်စစ်အခင်းအကျင်းနဲ့ပတ်သတ်ပြီး

အင်းနရစ်ကရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းမှာကြည့်ရှုသူများပြားလာတာကို ပြောင်မြောက်တဲ့မက်ဆေ့ချ်နဲ့ အင်းနရစ်ကမှတ်ချက်ပေးလိုက်ပါတယ်။ “၁၀၆၀၀၀ ခင်ဗျားတို့ဒီမှာရှိနေကြတယ်။

တစ်ဝက်လောက်က ငါ့ကို အဖေလို့ခေါ်နေကြတယ်၊ အပတ်စဉ် ထောက်ပံ့ကြေးကို ဘယ်လိုပေးရမလဲမသိဘူး” လို့ ဟာသလုပ်သွားခဲ့ပါတယ်။

(Zawgyi)

စပိန္နဲ႔ပတ္သတ္တာေတြနဲ႔အတူ ျပက္လုံးေပ်ာ္စရာေတြပါခဲ့တဲ့ အင္းနရစ္ရဲ႕ပြဲဦးထြက္ Twitch ကိုလူႀကိဳက္မ်ားေန

ကမာၻ႔ဖလားမတိုင္ခင္မွာေတာ့ စပိန္နည္းျပအင္းနရစ္ရဲ႕ ပထမဆုံးအြန္လိုင္း Twitch တိုက္႐ိုက္တင္ဆက္မႈကို ပရိသတ္ေတြအရမ္းသေဘာက်ခဲ့ပါတယ္။

ဘာစီလိုနာနည္းျပေဟာင္းဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း streamer တစ္ေယာက္ျဖစ္လာမယ္လို႔ကတိေပးလိုက္ၿပီး အားေပးသူပရိသတ္ေတြနဲ႔

အြန္လိုင္းကေနတိုက္႐ိုက္ေတြ႕ဆုံသြားမယ္လို႔ဆိုပါတယ္။ မတူညီတဲ့အရာေတြအတြက္ စိတ္မပ်က္ဘဲေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူေရွ႕ဆက္မယ္လို႔ အင္းနရစ္ကဆိုပါတယ္။

“ကာတာမွာ ဆီမီးဖိုင္နယ္အထိတက္လွမ္းႏိုင္မလားဆိုတာကိုေတာ့ ကြၽန္ေတာ္မေျပာတတ္ပါဘူး” လို႔ ၾကည့္ရႈသူေထာင္ေပါင္းမ်ားစြာကို

အင္းနရစ္က စကား စ ခဲ့တယ္လို႔ MARCA သတင္းငွာနကေဖာ္ျပသြားပါတယ္။ “ဆီမီးဖိုင္နယ္က ရလဒ္ေကာင္းတစ္ခုျဖစ္ေပမဲ့ ငါတို႔ရဲ႕ေမွ်ာ္လင့္ခ်က္မဟုတ္ဘူး” လို႔

ဆက္ေျပာခဲ့ပါတယ္။ ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့တဲ့ ကမာၻ႔ဖလား ႏွစ္ႀကိမ္မွာ ၁၆သင္းအဆင့္မေက်ာ္ခဲ့တဲ့ စပိန္အသင္းကို အေရွ႕အလယ္ပိုင္းၿပိဳင္ပြဲမွာ

အျမင့္ဆုံးေအာင္ျမင္ႏိုင္တယ္လို႔သုံးသပ္သူနည္းပါးေနတာျဖစ္တယ္။ “ေဘာလုံးက အႏုပညာျဒပ္စင္(clichés) ေတြနဲ႔ျပည့္ႏွက္ေနပါတယ္။

အတုအေယာင္ ဒ႑ာရီကို ၿဖိဳခ်ပစ္မယ္။ ငါတို႔ false 9 နဲ႔ကစားဖို႔မရွိဘူး။ မိုရာတာ၊ အဆန္စီယို၊ အိုလ္မိုတို႔နဲ႔ကစားႏိုင္တယ္။ သူတို႔ဟာတူညီတဲ့နယ္ေျမကို သိမ္းပိုက္ရမယ္။

ဘယ္လိုေတြျဖစ္လာသလဲဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္စ႐ိုက္ခ်င္းမတူၾကဘူး။ ခင္ဗ်ားတို႔အလိုရွိတဲ့ပုံစံေခၚဆိုႏိုင္ေပမဲ့ ဒါဟာ false 9 ေတာ့မဟုတ္ဘူး” လို႔

တိုက္စစ္အခင္းအက်င္းနဲ႔ပတ္သတ္ၿပီး အင္းနရစ္ကရွင္းျပခဲ့ပါတယ္။ ဒါ့အျပင္ အြန္လိုင္းမွာၾကည့္ရႈသူမ်ားျပားလာတာကို ေျပာင္ေျမာက္တဲ့မက္ေဆ့ခ်္နဲ႔

အင္းနရစ္ကမွတ္ခ်က္ေပးလိုက္ပါတယ္။ “၁၀၆၀၀၀ ခင္ဗ်ားတို႔ဒီမွာရွိေနၾကတယ္။ တစ္ဝက္ေလာက္က ငါ့ကို အေဖလို႔ေခၚေနၾကတယ္၊

အပတ္စဥ္ ေထာက္ပံ့ေၾကးကို ဘယ္လိုေပးရမလဲမသိဘူး” လို႔ ဟာသလုပ္သြားခဲ့ပါတယ္။