စပိန်စကားနဲ့စိန်ခေါ်လိုက်ပြီး သူနောက် ပြောင်းမယ့်နေရာက စပိန် ဖြစ်နိုင်တယ်ဆိုတာကို ပြသတဲ့ ဟာလန်း

ဒေါ့မန်အသင်းတိုက်စစ်မှူး ဟာလန်း ဟာဖရန့်ဖတ်နဲ့ပွဲမှာ

သူ့ကိုလူချတဲ့ပြိုင်ဘက်ကို စပိန်စကားနဲ့စိန်ခေါ်လိုက်ပြီး

သူနောက် ပြောင်းမယ့်နေရာက စပိန် ဖြစ်နိုင်တယ်ဆိုတာကို ပြသသွားပါတယ်။

ဒီပွဲမှာဒေါ့မန်က ၃-၂ နဲ့နိုင်ခဲ့ပေမယ့် ဖရန့်ဖတ်က ၂ ဂိုးအ သာနဲ့အရင်ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ပထမချေပဂိုးကို သော်ဂန်ဟာဇတ်က ၇၁ မိနစ်မှာသွင်းယူခဲ့ပြီး

ဘယ်လင်ဟမ်က ၈၇ မိနစ်မှာဒုတိယချေပဂိုးသွင်းခဲ့ပြီး

နောက် ၂ မိနစ်အကြာဖြစ် တဲ့ ၈၉ မိနစ်မှာတော့ မာမွတ်ဒါဟွတ် က

အနိုင်ဂိုးသွင်းခဲ့လို့ ၃-၂ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဟာလန်း ဂိုးမသွင်းနိုင်ခဲ့ပေ မယ့်

သူဟာပွဲပြီးကာနီးမှာဖြစ်ခဲ့တဲ့ ပြဿနာမှာတော့ပါဝင်ခဲ့သူပါ။

ပွဲပြီးကာနီးနောက်ဆုံး မိနစ်မှာဘောလုံးကိုထိန်းဖို့သာကြိုးစား တဲ့အနေနဲ့

ဟာလန်း ကထောင့်ကန်ဘောအလံတိုင်နားဆီ ဘောလုံးကိုဆွဲပြေးခဲ့တာပါ။

ဒါကို ဖရန့်ဖတ်အတွက် ၂ ဂိုးစလုံးကို သွင်းယူခဲ့တဲ့

ကိုလံဘီယာသားတိုက်စစ်မှူး ဆန်းတို့စ်ဘော်ရယ် ကလိုက်ဖျက်ထုတ်ခဲ့တာပါ။

ဒီလိုဖျက်ထုတ်ရာမှာ ဘော်ရယ် ဟာ ဟာလန်းကို ၃ ကြိမ်ထက်မနည်းကန်ခဲ့ပြီး

နောက်ဆုံးအကြိမ်မှာတော့လဲကျသွားတဲ့အတွက်

ဟာလန်းက ဒေါသထွက်ကာ ဘော်ရယ်ကိုစပိန်စကားနဲ့ပြန်လည်စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းက ဘော်ရယ်ကိုစပိန်စကားနဲ့ “Que pasa hermano?” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဒီအဓိပ္ပါယ်ကတော့” ဘယ်လိုဖြစ်တာလဲ ငါ့ညီအစ်ကိုရ” ဖြစ်ပါတယ်။

ဟာလန်း ဟာဒီစကားကို ပီပီသသကြီးပြောသွားတာဖြစ်ပြီး

ဒါကိုဗီဒီယိုဖိုင်ထဲကနေကြား ဖြစ်အောင်ကြားလိုက်တဲ့သူကလည်းရှိလို့

စပိန်စကားကိုသူတော်တော်လေးသင်ယူထားပြီးပုံရပါတယ်။

ဒီနော်ဝေသားဟာ သူ့မိခင်ဘာသာစကားအပြင်

အင်္ဂလိပ်နဲ့ ဂျာမန် စကားတွေကိုလည်းကောင်းစွာ ပြောတတ်သူအဖြစ်

သိရှိထားပေမယ့် စပိန်လိုပြောတာကိုတော့ သိပ်မကြားမိလို့

သူနောက်ပြောင်းမယ့်နေရာ စပိန်သာဖြစ်နိုင်ပြီး

ရီးရဲလ်မက်ဒရစ်မဟုတ်ရင် ဘာစီလိုနာသာဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အဲဒီဖြစ်ရပ်မတိုင်ခင်မှာတော့ ဟာလန်းဟာ ဖရန့်ဖတ်က

မာတင်ဟင့်တီရီဂါ ကိုအင်္ဂလိပ်လိုသာပြန်ဆဲခဲ့တာပါ။

ဘယ်လင်ဟမ်ရဲ့ချေပဂိုးသွင်းပြီးနောက် ပိုက်ထဲကဘော လုံးကိုသွားယူတဲ့

ဟာလန်းကို အဲဒီဩစတြီးယားနောက်ခံလူက တွန်းလိုက်တဲ့အတွက်

သူကပြန်ဆဲခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးအ ဝါကတ် ပြသခံခဲ့ရပါတယ်။

zawgyi

စပိန္စကားနဲ႔စိန္ေခၚလိုက္ၿပီး သူေနာက္ ေျပာင္းမယ့္ေနရာက စပိန္ ျဖစ္ႏိုင္တယ္ဆိုတာကို ျပသတဲ့ ဟာလန္း

ေဒါ့မန္အသင္းတိုက္စစ္မႉး ဟာလန္း ဟာဖရန႔္ဖတ္နဲ႔ပြဲမွာ

သူ႔ကိုလူခ်တဲ့ၿပိဳင္ဘက္ကို စပိန္စကားနဲ႔စိန္ေခၚလိုက္ၿပီး

သူေနာက္ ေျပာင္းမယ့္ေနရာက စပိန္ ျဖစ္ႏိုင္တယ္ဆိုတာကို ျပသသြားပါတယ္။

ဒီပြဲမွာေဒါ့မန္က ၃-၂ နဲ႔ႏိုင္ခဲ့ေပမယ့္ ဖရန႔္ဖတ္က ၂ ဂိုးအ သာနဲ႔အရင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ပထမေခ်ပဂိုးကို ေသာ္ဂန္ဟာဇတ္က ၇၁ မိနစ္မွာသြင္းယူခဲ့ၿပီး

ဘယ္လင္ဟမ္က ၈၇ မိနစ္မွာဒုတိယေခ်ပဂိုးသြင္းခဲ့ၿပီး

ေနာက္ ၂ မိနစ္အၾကာျဖစ္ တဲ့ ၈၉ မိနစ္မွာေတာ့ မာမြတ္ဒါဟြတ္ က

အႏိုင္ဂိုးသြင္းခဲ့လို႔ ၃-၂ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဟာလန္း ဂိုးမသြင္းႏိုင္ခဲ့ေပ မယ့္

သူဟာပြဲၿပီးကာနီးမွာျဖစ္ခဲ့တဲ့ ျပႆနာမွာေတာ့ပါဝင္ခဲ့သူပါ။

ပြဲၿပီးကာနီးေနာက္ဆုံး မိနစ္မွာေဘာလုံးကိုထိန္းဖို႔သာႀကိဳးစား တဲ့အေနနဲ႔

ဟာလန္း ကေထာင့္ကန္ေဘာအလံတိုင္နားဆီ ေဘာလုံးကိုဆြဲေျပးခဲ့တာပါ။

ဒါကို ဖရန႔္ဖတ္အတြက္ ၂ ဂိုးစလုံးကို သြင္းယူခဲ့တဲ့

ကိုလံဘီယာသားတိုက္စစ္မႉး ဆန္းတို႔စ္ေဘာ္ရယ္ ကလိုက္ဖ်က္ထုတ္ခဲ့တာပါ။

ဒီလိုဖ်က္ထုတ္ရာမွာ ေဘာ္ရယ္ ဟာ ဟာလန္းကို ၃ ႀကိမ္ထက္မနည္းကန္ခဲ့ၿပီး

ေနာက္ဆုံးအႀကိမ္မွာေတာ့လဲက်သြားတဲ့အတြက္

ဟာလန္းက ေဒါသထြက္ကာ ေဘာ္ရယ္ကိုစပိန္စကားနဲ႔ျပန္လည္စိန္ေခၚခဲ့တာျဖစ္ပါတယ္။

ဟာလန္းက ေဘာ္ရယ္ကိုစပိန္စကားနဲ႔ “Que pasa hermano?” လို႔ေျပာခဲ့တာျဖစ္ပါတယ္။

ဒီအဓိပၸါယ္ကေတာ့” ဘယ္လိုျဖစ္တာလဲ ငါ့ညီအစ္ကိုရ” ျဖစ္ပါတယ္။

ဟာလန္း ဟာဒီစကားကို ပီပီသသႀကီးေျပာသြားတာျဖစ္ၿပီး

ဒါကိုဗီဒီယိုဖိုင္ထဲကေနၾကား ျဖစ္ေအာင္ၾကားလိုက္တဲ့သူကလည္းရွိလို႔

စပိန္စကားကိုသူေတာ္ေတာ္ေလးသင္ယူထားၿပီးပုံရပါတယ္။

ဒီေနာ္ေဝသားဟာ သူ႔မိခင္ဘာသာစကားအျပင္

အဂၤလိပ္နဲ႔ ဂ်ာမန္ စကားေတြကိုလည္းေကာင္းစြာ ေျပာတတ္သူအျဖစ္

သိရွိထားေပမယ့္ စပိန္လိုေျပာတာကိုေတာ့ သိပ္မၾကားမိလို႔

သူေနာက္ေျပာင္းမယ့္ေနရာ စပိန္သာျဖစ္ႏိုင္ၿပီး

ရီးရဲလ္မက္ဒရစ္မဟုတ္ရင္ ဘာစီလိုနာသာျဖစ္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

အဲဒီျဖစ္ရပ္မတိုင္ခင္မွာေတာ့ ဟာလန္းဟာ ဖရန႔္ဖတ္က

မာတင္ဟင့္တီရီဂါ ကိုအဂၤလိပ္လိုသာျပန္ဆဲခဲ့တာပါ။

ဘယ္လင္ဟမ္ရဲ႕ေခ်ပဂိုးသြင္းၿပီးေနာက္ ပိုက္ထဲကေဘာ လုံးကိုသြားယူတဲ့

ဟာလန္းကို အဲဒီဩစႀတီးယားေနာက္ခံလူက တြန္းလိုက္တဲ့အတြက္

သူကျပန္ဆဲခဲ့တာျဖစ္ၿပီး ႏွစ္ဦးစလုံးအ ဝါကတ္ ျပသခံခဲ့ရပါတယ္။