စပါး OG ဂိုးရသွားတဲ့အချိန် သူ့ကို လှောင်နေတဲ့စပါးပရိသတ်တွေကို တိတ်တိတ်နေဖို့ အမူအယာနဲ့ အောင်ပွဲခံခဲ့တဲ့ လူကာကူ

ကွန်တီရဲ့စတမ်းဖို့ဒ်ဘရစ်ချ်အပြန်ခရီးက မလှပခဲ့သလို လူကာကူကလည်း

သူ့ကို လှောင်တဲ့စပါးပရိသတ်တွေကို အမူအယာနဲ့ တိတ်ဆိတ်စေခဲ့ပါတယ်။

သူ့ရဲ့မကြာသေးခင်က အငြင်းပွားဖွယ်အင်တာဗျူးကို အကြောင်းပြုပြီး

အဲဒီပွဲမှာ စပါးပရိသတ်တွေက ”သူက အင်တာမီလန်၊ သူက အင်တာမီလန်၊

ရိုမီလူလူကာကူ၊ သူက အင်တာမီလန်”လို့ လှောင်ပြောင်ခဲ့ကြတာပါ။

ဒါပေမဲ့ ချဲလ်ဆီးပွဲထွက်စာရင်းမှာ ပြန်ပါလာတဲ့လူကာကူဟာ

စပါး ကိုယ့်ဂိုးကိုယ်သွင်းလို့ ဒုတိယပိုင်းဂိုးရချိန်မှာ

ဧည့်သည်ပရိသတ်တွေကို တိတ်တိတ်နေဖို့ အမူအယာနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီဂိုးရပြီးကတည်းက စပါးပရိသတ်တွေဟာ လူကာကူကို

လှောင်ပြောင်ခြင်း မရှိတော့ပါဘူး။ ၂၈ နှစ်အရွယ် အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ

လီဗာပူးနဲ့ပရီးမီးယားလိဂ်ပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရသလို

ဒဏ်ငွေလည်း ချမှတ်ခံခဲ့ရတာပါ။

ဒါပေမဲ့ တူချယ်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးမှုအပြီးမှာ

စပါးနဲ့ပွဲက ချဲလ်ဆီးလူစာရင်းထဲ ပြန်ပါလာခဲ့တာပါ။

ဒါ့အပြင် လူကာကူဟာ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်

ချဲလ်ဆီးရခဲ့တဲ့ဒုတိယဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ချဲလ်ဆီးရသွားတဲ့ OG ဂိုးဟာ ဖရီးကစ်ကန်တင်ပေးမှုကနေ ရခဲ့တာဖြစ်ပြီး

အဲဒီဖရီးကစ်က လူကာကူကြောင့် ရခဲ့တာပါ။

ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာတော့ လူကာကူဟာ အိမ်ကွင်းပရိသတ်တွေကို

လက်ခုပ်တီးပေးခဲ့ပြီး လက်မ ထောင်ပြခဲ့ပါတယ်။

နည်းပြတူချယ်ကလည်း အသင်းပရိသတ်တွေရဲ့ဒေါသနဲ့ရင်ဆိုင်ခဲ့ရပေမယ့်

လူကာကူဟာ အေးအေးဆေးဆေးရှိခဲ့ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

zawgyi

စပါး OG ဂိုးရသြားတဲ့အခ်ိန္ သူ႔ကို ေလွာင္ေနတဲ့စပါးပရိသတ္ေတြကို တိတ္တိတ္ေနဖို႔ အမူအယာနဲ႔ ေအာင္ပြဲခံခဲ့တဲ့ လူကာကူ

ကြန္တီရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္အျပန္ခရီးက မလွပခဲ့သလို လူကာကူကလည္း

သူ႔ကို ေလွာင္တဲ့စပါးပရိသတ္ေတြကို အမူအယာနဲ႔ တိတ္ဆိတ္ေစခဲ့ပါတယ္။

သူ႔ရဲ႕မၾကာေသးခင္က အျငင္းပြားဖြယ္အင္တာဗ်ဴးကို အေၾကာင္းျပဳၿပီး

အဲဒီပြဲမွာ စပါးပရိသတ္ေတြက ”သူက အင္တာမီလန္၊ သူက အင္တာမီလန္၊

႐ိုမီလူလူကာကူ၊ သူက အင္တာမီလန္”လို႔ ေလွာင္ေျပာင္ခဲ့ၾကတာပါ။

ဒါေပမဲ့ ခ်ဲလ္ဆီးပြဲထြက္စာရင္းမွာ ျပန္ပါလာတဲ့လူကာကူဟာ

စပါး ကိုယ့္ဂိုးကိုယ္သြင္းလို႔ ဒုတိယပိုင္းဂိုးရခ်ိန္မွာ

ဧည့္သည္ပရိသတ္ေတြကို တိတ္တိတ္ေနဖို႔ အမူအယာနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီဂိုးရၿပီးကတည္းက စပါးပရိသတ္ေတြဟာ လူကာကူကို

ေလွာင္ေျပာင္ျခင္း မရွိေတာ့ပါဘူး။ ၂၈ ႏွစ္အ႐ြယ္ အဲဒီဘယ္လ္ဂ်ီယံတိုက္စစ္မႈးဟာ

လီဗာပူးနဲ႔ပရီးမီးယားလိဂ္ပြဲမွာ အသင္းလူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရသလို

ဒဏ္ေငြလည္း ခ်မွတ္ခံခဲ့ရတာပါ။

ဒါေပမဲ့ တူခ်ယ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးမႈအၿပီးမွာ

စပါးနဲ႔ပြဲက ခ်ဲလ္ဆီးလူစာရင္းထဲ ျပန္ပါလာခဲ့တာပါ။

ဒါ့အျပင္ လူကာကူဟာ အဲဒီပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္

ခ်ဲလ္ဆီးရခဲ့တဲ့ဒုတိယဂိုးမွာ ပါဝင္ပတ္သက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးရသြားတဲ့ OG ဂိုးဟာ ဖရီးကစ္ကန္တင္ေပးမႈကေန ရခဲ့တာျဖစ္ၿပီး

အဲဒီဖရီးကစ္က လူကာကူေၾကာင့္ ရခဲ့တာပါ။

ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာေတာ့ လူကာကူဟာ အိမ္ကြင္းပရိသတ္ေတြကို

လက္ခုပ္တီးေပးခဲ့ၿပီး လက္မ ေထာင္ျပခဲ့ပါတယ္။

နည္းျပတူခ်ယ္ကလည္း အသင္းပရိသတ္ေတြရဲ႕ေဒါသနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္

လူကာကူဟာ ေအးေအးေဆးေဆးရွိခဲ့ေၾကာင္း ပြဲအၿပီးအင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။