စပါးအသင်း လင်ဂတ်ကိုခေါ်ယူဖို့အတွက်  စတင်ဆွေးနွေးမှုပြုလုပ်နေ

စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်ကိုခေါ်ယူဖို့အတွက်

သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုစတင်ပြုလုပ်နေပြီလို့ သတင်းထွက်နေပါတယ်။

လင်ဂတ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ်

တစ်ပွဲမှပါဝင်ကစားခွင့်မရသေးဘဲ

အခု ယာယီနည်းပြရန်နစ်ခ်လက်ထက်မှာလည်း

ပြီးခဲ့တဲ့အက်စတွန်ဗီလာအသင်းကို(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့

FA ဖလားပွဲမှ မိနစ်ပိုင်းပါဝင်ကစားခွင့်ရခဲ့တာပါ။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့လင်ဂတ်ဟာ

လာမယ့်နွေရာသီကျရင် ယူနိုက်တက်အသင်းနဲ့

စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် စပါးအသင်းက

သူ့ကိုခေါ်ယူလိုနေတာဖြစ်တယ်လို့ football.london ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

စပါးအသင်းအနေနဲ့ လင်ဂတ်ရဲ့အပြောင်းအရွှေ့အတွက်

ကြိုးပမ်းသွားမှာဖြစ်ပေမယ့် လာမယ့်နွေရာသီမှ ခေါ်ယူဖြစ်ဖို့များနေပြီး

တကယ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းပြောင်းရင်

လင်ဂတ်ဟာ လက်မှတ်ထိုးကြေးရမှာဖြစ်တဲ့အပြင် လစာငွေကိုလည်း

သူလိုချင်တဲ့ပမာဏအတိုင်းတောင်းဆိုနိုင်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ အဆင့်(၄)အတွင်းဝင်ဖို့အတွက်

ပြိုင်ဘက်ဖြစ်နေတဲ့ စပါးအသင်းဆီ အခုအပြောင်းအရွှေ့ကာလအတွင်း

လင်ဂတ်ကို လက်လွှတ်ခံဖို့က ဖြစ်နိုင်ခြေမရှိဘဲ

အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ဆန္ဒမရှိတဲ့ လင်ဂတ်ကို

ရာသီကုန်မှသာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုသွားဖို့ရှိနေပါတယ်။

လင်ဂတ်ဟာ ကွင်းလယ်တိုက်စစ်၊ တောင်ပံတိုက်စစ်၊

Second Striker စတဲ့နေရာစုံမှာကစားနိုင်တဲ့သူဖြစ်တာကြောင့်

စပါးအသင်းက သူ့ကိုခေါ်ယူလိုနေတာဖြစ်ပြီး

လင်ဂတ်ကို အသင်းဟောင်းဝက်စ်ဟမ်းအသင်းကလည်း

ပြန်ခေါ်ဖို့စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။

zawgyi

စပါးအသင္း လင္ဂတ္ကိုေခၚယူဖို႔အတြက္  စတင္ေဆြးေႏြးမႈျပဳလုပ္ေန

စပါးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္ကိုေခၚယူဖို႔အတြက္

သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ေဆြးေႏြးမႈစတင္ျပဳလုပ္ေနၿပီလို႔ သတင္းထြက္ေနပါတယ္။

လင္ဂတ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမားအျဖစ္

တစ္ပြဲမွပါဝင္ကစားခြင့္မရေသးဘဲ

အခု ယာယီနည္းျပရန္နစ္ခ္လက္ထက္မွာလည္း

ၿပီးခဲ့တဲ့အက္စတြန္ဗီလာအသင္းကို(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

FA ဖလားပြဲမွ မိနစ္ပိုင္းပါဝင္ကစားခြင့္ရခဲ့တာပါ။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့လင္ဂတ္ဟာ

လာမယ့္ေႏြရာသီက်ရင္ ယူႏိုက္တက္အသင္းနဲ႔

စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ စပါးအသင္းက

သူ႔ကိုေခၚယူလိုေနတာျဖစ္တယ္လို႔ football.london ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

စပါးအသင္းအေနနဲ႔ လင္ဂတ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္

ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္ လာမယ့္ေႏြရာသီမွ ေခၚယူျဖစ္ဖို႔မ်ားေနၿပီ

း တကယ္လို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔အသင္းေျပာင္းရင္

လင္ဂတ္ဟာ လက္မွတ္ထိုးေၾကးရမွာျဖစ္တဲ့အျပင္ လစာေငြကိုလည္း

သူလိုခ်င္တဲ့ပမာဏအတိုင္းေတာင္းဆိုႏိုင္မွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ အဆင့္(၄)အတြင္းဝင္ဖို႔အတြက္

ၿပိဳင္ဘက္ျဖစ္ေနတဲ့ စပါးအသင္းဆီ အခုအေျပာင္းအေ႐ႊ႕ကာလအတြင္း

လင္ဂတ္ကို လက္လႊတ္ခံဖို႔က ျဖစ္ႏိုင္ေျခမရွိဘဲ

အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ဆႏၵမရွိတဲ့ လင္ဂတ္ကို

ရာသီကုန္မွသာ အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခြင့္ျပဳသြားဖို႔ရွိေနပါတယ္။

လင္ဂတ္ဟာ ကြင္းလယ္တိုက္စစ္၊ ေတာင္ပံတိုက္စစ္၊

Second Striker စတဲ့ေနရာစုံမွာကစားႏိုင္တဲ့သူျဖစ္တာေၾကာင့္

စပါးအသင္းက သူ႔ကိုေခၚယူလိုေနတာျဖစ္ၿပီး

လင္ဂတ္ကို အသင္းေဟာင္းဝက္စ္ဟမ္းအသင္းကလည္း

ျပန္ေခၚဖို႔စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။