





အင်္ဂလန်အသင်းကမ္ဘာ့ဖလားပြိုင်ပွဲကထွက်ခွာခဲ့ရချိန်မှာ စပါးအသင်းရဲ့
လုပ်ရပ်တစ်ခုကြောင့် ပရိသတ်တွေကြောင်တောင်တောင်ဖြစ်ခဲ့ရပါတယ်။





ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်း ကွာတားဖိုင်နယ်ရှုံးပွဲကို ကြည့်ရှုသူပေါင်း
၂၃ သန်းကျော်ရှိခဲ့ပေမဲ့ စပါးအသင်းရဲ့အီးမေးလ်အကောင့်နောက်ကွယ်က
တစ်ယောက်သောသူကတော့ ပျက်ကွက်ခဲ့ဟန်ရှိပါတယ်။





စပါးအသင်းတရားဝင်ဝက်ဘ်ဆိုက်က အင်္ဂလန်ရဲ့ဆီမီးဖိုင်နယ်ပွဲကို
ကြည့်ရှုဖို့အတွက် ကွင်းထဲဖိတ်ခေါ်တဲ့ အီမေးလ်ကို ပရိသတ်တွေဆီ





မတော်တဆပေးပို့မိခဲ့တာဖြစ်တယ်။ သူတို့ရဲ့လုပ်ရပ်က ကိုယ့်ဂိုးကိုယ်
ပြန်သွင်းသလိုဖြစ်ခဲ့ပြီး အင်္ဂလန်ကမ္ဘာ့ဖလားကထွက်ရချိန်မှာ
စပါးဘက်တော်သားတွေဟာ အီမေးလ်တစ်စောင်ကြောင့်





အလုပ်တွေရှုပ်ခဲ့ရပါပြီ။ “ကမ္ဘာ့ဖလားပွဲအတွက် အဆင့်အတန်းမြင့်
နေရာတစ်ခု” ပရိသတ်တွေကို လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။





“ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကိုတော့တင်ဟမ်
ဟော့စပါးကွင်းမှာကြည့်ရှုလိုက်ပါ” ဆိုတဲ့ အလွဲအမှားခေါင်းစဉ်ရဲ့အောက်မှာ
“စပါးကွင်းမှာ ဆီမီးဖိုင်နယ်ပွဲရဲ့ စိတ်လှုပ်ရှာစရာဒရာမာတွေကိုခံစားလိုက်ပါ။





ဖိုင်နယ်ရောက်ဖို့အတွက် အင်္ဂလန်ရဲ့ကံကြမ္မာကို ဗုဒ္ဓဟူးနေ့
ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီမှာ စောင့်မျှော်နေတယ်။





ဆောက်ဂိတ်ရဲ့အသင်း ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို
တက်ရောက်နိုင်ပါ့မလား။ နေရာလွတ်တစ်နေရာစာအတွက် သင်ကိုယ်တိုင်
ကြိုတင်စာရင်းပေးသွင်းဖို့အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့ ဆက်သွယ်လိုက်ပါ” လို့





ရေးသားထားတာဖြစ်တယ်။ ပရိသတ်တစ်ယောက်ကတော့
တစ်စုံတစ်ယောက်ဟာ မနက်ပိုင်းအတွက် အလိုအလျောက်





အီးမေးလ်တွေကိုဖျက်ဖို့မေ့ခဲ့ဟန်ရှိတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ
မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ရယ်စရာအဖြစ်နဲ့
“ဟားးးးဒီအခွင့်အရေးကတော့ ရွှေပဲ။ စပါးအသင်းတရားဝင်





ဝက်ဘ်ဆိုက်က ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကိုကြည့်ရှုဖို့အတွက်
ဖိတ်ခေါ်တဲ့အီးမေးလ်တစ်စောင်ပို့ထားပါတယ်။ ရှက်စရာကြီးပါဗျာ” လို့ တုံ့ပြန်သွားခဲ့ပါတယ်။





zawgyi
စပါးအသင္းဝက္ဘ္ဆိုက္က အဂၤလန္ရဲ႕ဆီမီးဖိုင္နယ္ပြဲၾကည့္ဖို႔ ဖိတ္ေခၚထားတယ္…အဆင္ေျပရင္သြားၾကည့္လို႔ရပါတယ္…





အဂၤလန္အသင္းကမာၻ႔ဖလားၿပိဳင္ပြဲကထြက္ခြာခဲ့ရခ်ိန္မွာ စပါးအသင္းရဲ႕
လုပ္ရပ္တစ္ခုေၾကာင့္ ပရိသတ္ေတြေၾကာင္ေတာင္ေတာင္ျဖစ္ခဲ့ရပါတယ္။





ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္း ကြာတားဖိုင္နယ္ရႈံးပြဲကို ၾကည့္ရႈသူေပါင္း
၂၃ သန္းေက်ာ္ရွိခဲ့ေပမဲ့ စပါးအသင္းရဲ႕အီးေမးလ္အေကာင့္ေနာက္ကြယ္က
တစ္ေယာက္ေသာသူကေတာ့ ပ်က္ကြက္ခဲ့ဟန္ရွိပါတယ္။





စပါးအသင္းတရားဝင္ဝက္ဘ္ဆိုက္က အဂၤလန္ရဲ႕ဆီမီးဖိုင္နယ္ပြဲကို
ၾကည့္ရႈဖို႔အတြက္ ကြင္းထဲဖိတ္ေခၚတဲ့ အီေမးလ္ကို ပရိသတ္ေတြဆီ





မေတာ္တဆေပးပို႔မိခဲ့တာျဖစ္တယ္။ သူတို႔ရဲ႕လုပ္ရပ္က ကိုယ့္ဂိုးကိုယ္
ျပန္သြင္းသလိုျဖစ္ခဲ့ၿပီး အဂၤလန္ကမာၻ႔ဖလားကထြက္ရခ်ိန္မွာ
စပါးဘက္ေတာ္သားေတြဟာ အီေမးလ္တစ္ေစာင္ေၾကာင့္





အလုပ္ေတြရႈပ္ခဲ့ရပါၿပီ။ “ကမာၻ႔ဖလားပြဲအတြက္ အဆင့္အတန္းျမင့္
ေနရာတစ္ခု” ပရိသတ္ေတြကို လာေရာက္ဖို႔ဖိတ္ေခၚပါတယ္။





“ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ အဂၤလန္ကိုေတာ့တင္ဟမ္
ေဟာ့စပါးကြင္းမွာၾကည့္ရႈလိုက္ပါ” ဆိုတဲ့ အလြဲအမွားေခါင္းစဥ္ရဲ႕ေအာက္မွာ
“စပါးကြင္းမွာ ဆီမီးဖိုင္နယ္ပြဲရဲ႕ စိတ္လႈပ္ရွာစရာဒရာမာေတြကိုခံစားလိုက္ပါ။





ဖိုင္နယ္ေရာက္ဖို႔အတြက္ အဂၤလန္ရဲ႕ကံၾကမၼာကို ဗုဒၶဟူးေန႔
ဒီဇင္ဘာ ၁၄ ရက္ေန႔ ည ၇ နာရီမွာ ေစာင့္ေမွ်ာ္ေနတယ္။





ေဆာက္ဂိတ္ရဲ႕အသင္း ၁၉၆၆ ေနာက္ပိုင္း ကမာၻ႔ဖလားဗိုလ္လုပြဲကို
တက္ေရာက္ႏိုင္ပါ့မလား။ ေနရာလြတ္တစ္ေနရာစာအတြက္ သင္ကိုယ္တိုင္
ႀကိဳတင္စာရင္းေပးသြင္းဖို႔အဖြဲ႕ဝင္တစ္ေယာက္ေယာက္နဲ႔ ဆက္သြယ္လိုက္ပါ” လို႔





ေရးသားထားတာျဖစ္တယ္။ ပရိသတ္တစ္ေယာက္ကေတာ့
တစ္စုံတစ္ေယာက္ဟာ မနက္ပိုင္းအတြက္ အလိုအေလ်ာက္





အီးေမးလ္ေတြကိုဖ်က္ဖို႔ေမ့ခဲ့ဟန္ရွိတယ္လို႔ ဆိုရွယ္မီဒီယာေပၚမွာ
မွတ္ခ်က္ေပးခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ရယ္စရာအျဖစ္နဲ႔
“ဟားးးးဒီအခြင့္အေရးကေတာ့ ေ႐ႊပဲ။ စပါးအသင္းတရားဝင္





ဝက္ဘ္ဆိုက္က ဆီမီးဖိုင္နယ္မွာ အဂၤလန္ကိုၾကည့္ရႈဖို႔အတြက္
ဖိတ္ေခၚတဲ့အီးေမးလ္တစ္ေစာင္ပို႔ထားပါတယ္။ ရွက္စရာႀကီးပါဗ်ာ” လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။