
စပါးအသင်းနည်းပြ ကွန်တီက သူ့လက်ထက် ပထမဆုံးအကြိမ်အဖြစ်
ထိပ်ဆုံး ၄သင်းနေရာ ဝင်ရောက်နိုင်ခဲ့ပြီးနောက် မိမိအနေနဲ့
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အိပ်မက်မက်နေပြီဖြစ်ကြောင်း ပြောပါတယ်။
စပါးဟာ နယူးကာဆယ်နဲ့ပွဲမှာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ၅ဂိုးအထိ
သွင်းယူနိုင်ခဲ့ပြီးနောက် ၃ပွဲဆက်အနိုင်နဲ့အတူ အဆင့် ၄ နေရာ ရောက်လာပါတယ်။
စပါးဟာ အာဆင်နယ်ကို ၂ပွဲပို၊ ဂိုးကွာခြားချက်အသာနဲ့
ကျော်ဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ အတွင်း ဂိုးသွင်းအများဆုံး
အသင်းအဖြစ် ၂၂ ဂိုးအထိ သွင်းယူထားပါတယ်။
”ကျွန်တော်တို့အတွက် လက်ကျန် ၈ပွဲက ဗိုလ်လုပွဲတွေလိုပါပဲ။
ကျွန်တော်တို့အတွက် ပွဲတိုင်းက အရေးကြီးနေပြီး
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဆက်လက်အိပ်မက်မက်နိုင်ဖို့လိုအပ်ပါတယ်”လို့
အီတလီနိုင်ငံသား ကွန်တီက ပြောပါတယ်။
ကွန်တီက နိုဝင်ဘာလအတွင်း စပါးအသင်းကို
ကိုင်တွယ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
မျှော်လင့်ချက်မရှိဘူးလို့ ပြောခဲ့ဖူးပေမယ့် ယခုအခါ
အသင်းရဲ့သိသာတဲ့တိုးတက်မှုတွေအပေါ် ကျေနပ်နေပါတယ်။
စပါးဟာ ဖေဘီယန်ရှားရဲ့ဂိုးနဲ့ ဦးဆောင်ခံလိုက်ရပေမယ့်
ဘင်ဒေးဗီးစ်၊ ဒိုဟာတီ၊ ဆွန်ဟောမင်၊ အီမာဆင်ရွိုင်ရယ်နဲ့
ဘာ့ဂျ်ဗင်းတို့က ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းက ဒီပွဲမှာ
တစ်ဂိုးမှမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး
ကွန်တီက ဟယ်ရီကိန်းအနေနဲ့ သူ့ရဲ့အရည်အချင်းနဲ့
ကြိုးစားအားထုတ်မှုတို့ကို ပေါင်းစပ်ကာ အသင်းဖော်အတွက်
ဥပမာအဖြစ် အကောင်းဆုံးကစားသွားတယ်လို့ ချီးကျူးပါတယ်။
Zawgyi
စပါးအတြက္ လက္က်န္ ၈ပြဲက ဗိုလ္လုပြဲေတြပဲလုိ႔ ကြန္တီ တုိက္တြန္း
စပါးအသင္းနည္းျပ ကြန္တီက သူ႕လက္ထက္ ပထမဆုံးအႀကိမ္အျဖစ္
ထိပ္ဆုံး ၄သင္းေနရာ ၀င္ေရာက္ႏုိင္ခဲ့ၿပီးေနာက္ မိမိအေနနဲ႔
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ အိပ္မက္မက္ေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။
စပါးဟာ နယူးကာဆယ္နဲ႔ပြဲမွာ ဦးေဆာင္ဂိုးေပးလုိက္ရေပမယ့္ ၅ဂိုးအထိ
သြင္းယူႏုိင္ခဲ့ၿပီးေနာက္ ၃ပြဲဆက္အႏိုင္နဲ႔အတူ အဆင့္ ၄ ေနရာ ေရာက္လာပါတယ္။
စပါးဟာ အာဆင္နယ္ကို ၂ပြဲပို၊ ဂိုးကြာျခားခ်က္အသာနဲ႔
ေက်ာ္ျဖတ္ခဲ့တာျဖစ္ၿပီး ၂၀၂၂ အတြင္း ဂိုးသြင္းအမ်ားဆုံး
အသင္းအျဖစ္ ၂၂ ဂိုးအထိ သြင္းယူထားပါတယ္။
”ကၽြန္ေတာ္တုိ႔အတြက္ လက္က်န္ ၈ပြဲက ဗုိလ္လုပြဲေတြလုိပါပဲ။
ကၽြန္ေတာ္တုိ႔အတြက္ ပြဲတုိင္းက အေရးႀကီးေနၿပီး
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔အတြက္ ဆက္လက္အိပ္မက္မက္ႏိုင္ဖို႔လိုအပ္ပါတယ္”လုိ႔
အီတလီႏိုင္ငံသား ကြန္တီက ေျပာပါတယ္။
ကြန္တီက ႏို၀င္ဘာလအတြင္း စပါးအသင္းကို
ကိုင္တြယ္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္မရွိဘူးလုိ႔ ေျပာခဲ့ဖူးေပမယ့္ ယခုအခါ
အသင္းရဲ႕သိသာတဲ့တုိးတက္မႈေတြအေပၚ ေက်နပ္ေနပါတယ္။
စပါးဟာ ေဖဘီယန္ရွားရဲ႕ဂိုးနဲ႔ ဦးေဆာင္ခံလိုက္ရေပမယ့္
ဘင္ေဒးဗီးစ္၊ ဒိုဟာတီ၊ ဆြန္ေဟာမင္၊ အီမာဆင္ရြိဳင္ရယ္နဲ႔
ဘာ့ဂ်္ဗင္းတုိ႔က ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့ပါတယ္။
အဓိကတုိက္စစ္မွဴး ဟယ္ရီကိန္းက ဒီပြဲမွာ
တစ္ဂိုးမွမသြင္းႏိုင္ခဲ့ေပမယ့္ ေျခစြမ္းျပႏုိင္ခဲ့ၿပီး
ကြန္တီက ဟယ္ရီကိန္းအေနနဲ႔ သူ႕ရဲ႕အရည္အခ်င္းနဲ႔
ႀကိဳးစားအားထုတ္မႈတုိ႔ကို ေပါင္းစပ္ကာ အသင္းေဖာ္အတြက္
ဥပမာအျဖစ္ အေကာင္းဆုံးကစားသြားတယ္လုိ႔ ခ်ီးက်ဴးပါတယ္။