စပါးနဲ့ မန်ယူတို့ကို ပိုမိုပွင့်လင်းမြင်သာရှိသင့်တယ်လို့ ကလော့ပ် မဆီမဆိုင်လေတိုက်

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က ပရီးမီးယားလိဂ်မှာ

ကိုဗစ်ပိုးကူးစက်ပျံနှံနေမှုနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာဖို့

တောင်းဆိုလိုက်တဲ့အပြင် စပါးနဲ့ မန်ယူတို့ကိုလည်း သူတို့အသင်းတွေမှာ

ဘယ်သူကိုဗစ်ဖြစ်သလဲဆိုတာကို ဘာကြောင့်မပြော သလဲဆိုပြီး

မေးခွန်းထုတ်လိုက်ပါတယ်။ ကိုဗစ်ဟာ ပရီးမီးယားလိဂ်ကို

ပြန်လည်ဒုက္ခပေးနေပြီး စပါးနဲ့မန်ယူတို့ဆိုရင်သူတို့အသင်း တွေမှာ

ပိုးပျံနေမှုကြောင့် ကစားရမယ့်ပွဲတွေကိုရွှေ့ဆိုင်းထားရပါတယ်။

အသင်းတွေအနေနဲ့ ကိုဗစ်ဖြစ်တဲ့သူတွေ့ရင်ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ

ပြောရမယ့်အစားလျှို့ဝှက်ထားတာကို ကလော့ပ်ကမကျေမနပ်ဖြစ်နေပြီး

စပါး၊ မန်ယူတို့အနေနဲ့လည်း ဘယ်သူကိုဗစ်ဖြစ်နေသလဲဆိုတာကို

ဖွင့်ပြောသင့်တယ်လို့ဆိုခဲ့ပါတယ်။

ကလော့ပ်က” ကျွန်တော်တို့ကတော့ ဘာမှကိုကွယ်ဝှက်ထားစရာမရှိဘူး။

ကျွန်တော်တို့ရဲ့အရေးအကြီးဆုံးအရာကတော့ ကောင် လေးတွေအားလုံး

ကျန်းမာနေဖို့ဘဲ။ တစ်ယောက် ယောက်က တုပ်ကွေးဖြစ်နေလို့ဘယ်သူလဲလို့လာမေးရင်

ကျွန်တော်ကတော့ သူဘယ်သူဆိုတာပြောမှာဘဲ။ ဒီကောင်ပေါ့ တုပ်ကွေးဖြစ်နေတာ။

ခြေချောင်းရိုးဘယ်သူကျိုးနေလဲမေးရင်သူပေါ့ခြေချောင်းရိုး ကျိုးနေတာလို့ ပြောမှာဘဲ။

မန်ယူမှာ ကိုဗစ်ဖြစ်နေတယ်လို့ ကျွန်တော်ကြားပါတယ်။

ဒါပေမယ့်ဘယ်သူတွေဖြစ်နေသလဲဆိုတာ ကိုတော့ မသိရဘူးလေ။

စပါးမှာလဲဒီလိုဘဲ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်ဆိုပေမယ့် ဘယ်သူမှန်းမသိရဘူး။

ဒီလိုသိရဖို့လိုအပ် သလားဆိုတာကိုလည်း ကျွန်တော်မသိပါဘူး။

ဒါပေမယ့်ဘယ်သူရယ်လို့သေချာမပြောကြတဲ့အတွက် အထင်မှားတာတွေ၊

သ တင်းအမှားတွေ နဲ့လူတွေကိုထင်ယောင်ထင်မှားဖြစ်စေပါတယ်။

ဒါကြောင့်ကျွန်တော်တို့တွေ ပိုပြီးပွင့်လင်းမြင်သာသင့် တယ်” လို့ပြောသွားပါတယ်။

မန်ယူအသင်းဟာ ကိုဗစ်ပြဿနာကြောင့်တစ်ပတ်အတွင်းမှာ

ပရီးမီးယားလိဂ် ၂ ပွဲရွှေ့ခဲ့ရတဲ့အပြင် စပါးဆိုရင်လည်း

ဘောလုံး မကစားရတာ ၂ ပတ်တောင်ရှိနေပြီဖြစ်ပါတယ်။

zawgyi

စပါးနဲ႔ မန္ယူတို႔ကို ပိုမိုပြင့္လင္းျမင္သာရွိသင့္တယ္လို႔ ကေလာ့ပ္ မဆီမဆိုင္ေလတိုက္

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္က ပရီးမီးယားလိဂ္မွာ

ကိုဗစ္ပိုးကူးစက္ပ်ံႏွံေနမႈနဲ႔ ပတ္သက္ၿပီး ပိုမိုပြင့္လင္းျမင္သာဖို႔

ေတာင္းဆိုလိုက္တဲ့အျပင္ စပါးနဲ႔ မန္ယူတို႔ကိုလည္း သူတို႔အသင္းေတြမွာ

ဘယ္သူကိုဗစ္ျဖစ္သလဲဆိုတာကို ဘာေၾကာင့္မေျပာ သလဲဆိုၿပီး

ေမးခြန္းထုတ္လိုက္ပါတယ္။ ကိုဗစ္ဟာ ပရီးမီးယားလိဂ္ကို

ျပန္လည္ဒုကၡေပးေနၿပီး စပါးနဲ႔မန္ယူတို႔ဆိုရင္သူတို႔အသင္း ေတြမွာ

ပိုးပ်ံေနမႈေၾကာင့္ ကစားရမယ့္ပြဲေတြကိုေ႐ႊ႕ဆိုင္းထားရပါတယ္။

အသင္းေတြအေနနဲ႔ ကိုဗစ္ျဖစ္တဲ့သူေတြ႕ရင္ဘယ္သူ ဘယ္ဝါျဖစ္တယ္ဆိုတာ

ေျပာရမယ့္အစားလွ်ိဳ႕ဝွက္ထားတာကို ကေလာ့ပ္ကမေက်မနပ္ျဖစ္ေနၿပီး

စပါး၊ မန္ယူတို႔အေနနဲ႔လည္း ဘယ္သူကိုဗစ္ျဖစ္ေနသလဲဆိုတာကို

ဖြင့္ေျပာသင့္တယ္လို႔ဆိုခဲ့ပါတယ္။

ကေလာ့ပ္က” ကြၽန္ေတာ္တို႔ကေတာ့ ဘာမွကိုကြယ္ဝွက္ထားစရာမရွိဘူး။

ကြၽန္ေတာ္တို႔ရဲ႕အေရးအႀကီးဆုံးအရာကေတာ့ ေကာင္ ေလးေတြအားလုံး

က်န္းမာေနဖို႔ဘဲ။ တစ္ေယာက္ ေယာက္က တုပ္ေကြးျဖစ္ေနလို႔ဘယ္သူလဲလို႔လာေမးရင္

ကြၽန္ေတာ္ကေတာ့ သူဘယ္သူဆိုတာေျပာမွာဘဲ။ ဒီေကာင္ေပါ့ တုပ္ေကြးျဖစ္ေနတာ။

ေျခေခ်ာင္း႐ိုးဘယ္သူက်ိဳးေနလဲေမးရင္သူေပါ့ေျခေခ်ာင္း႐ိုး က်ိဳးေနတာလို႔ ေျပာမွာဘဲ။

မန္ယူမွာ ကိုဗစ္ျဖစ္ေနတယ္လို႔ ကြၽန္ေတာ္ၾကားပါတယ္။

ဒါေပမယ့္ဘယ္သူေတြျဖစ္ေနသလဲဆိုတာ ကိုေတာ့ မသိရဘူးေလ။

စပါးမွာလဲဒီလိုဘဲ ဗိုင္းရပ္စ္ကူးစက္ခံေနရတယ္ဆိုေပမယ့္ ဘယ္သူမွန္းမသိရဘူး။

ဒီလိုသိရဖို႔လိုအပ္ သလားဆိုတာကိုလည္း ကြၽန္ေတာ္မသိပါဘူး။

ဒါေပမယ့္ဘယ္သူရယ္လို႔ေသခ်ာမေျပာၾကတဲ့အတြက္ အထင္မွားတာေတြ၊

သ တင္းအမွားေတြ နဲ႔လူေတြကိုထင္ေယာင္ထင္မွားျဖစ္ေစပါတယ္။

ဒါေၾကာင့္ကြၽန္ေတာ္တို႔ေတြ ပိုၿပီးပြင့္လင္းျမင္သာသင့္ တယ္” လို႔ေျပာသြားပါတယ္။

မန္ယူအသင္းဟာ ကိုဗစ္ျပႆနာေၾကာင့္တစ္ပတ္အတြင္းမွာ

ပရီးမီးယားလိဂ္ ၂ ပြဲေ႐ႊ႕ခဲ့ရတဲ့အျပင္ စပါးဆိုရင္လည္း

ေဘာလုံး မကစားရတာ ၂ ပတ္ေတာင္ရွိေနၿပီျဖစ္ပါတယ္။