စပါးနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ ထိတ်လန့်ဖွယ်ဒဏ်ရာရရှိခဲ့တဲ့ ဟာဗက်ဇ်

ချုဲလ်ဆီးအသင်းတိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ
ယမန်နေ့က စပါးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်(ပ-အကျော့ပွဲစဉ်)မှာ

လက်ချောင်းရိုးကျိုးဒဏ်ရာအရခံကာ ဂိုးသွင်းယူသွားပါတယ်။

ပွဲစလို့ သိပ်မကြာသေးခင်မှာပဲ ဟာဗက်ဇ်က
စပါးနောက်ခံလူ တန်ဂန်ဂါရဲ့အမှားကနေ ဆွဲပြေးကာ

ဂိုးသမားနဲ့ထောင့်ဖြတ်အတွေ့ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ ချဲလ်ဆီးအသင်းဖော်တွေက ဟာဗက်ဇ်ကို

ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပေမယ့် အဆိုပါဂျာမန်သားကတော့

ဂိုးသွင်းယူရင်း မတော်တဆမှုကြောင့် ရရှိလာတဲ့
လက်ချောင်းဒဏ်ရာကြောင့် မသက်မသာဖြစ်ခဲ့ရပါတယ်။

သူဟာ ဂိုးသွင်းယူအပြီး စပါးဂိုးသမား လိုရစ်ကို ထိခိုက်မိမှာစိုးလို့

ခုန်ကျော်အရှောင် လိုရစ်နဲ့ငြိကာ မြက်ခင်းပေါ် အကျမတော်ဖြစ်ခဲ့ရာကနေ

ညာဘက်လက်သန်းလေးက ကွေးကောက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် လေဗာကူဆင်ကြယ်ပွင့်ဟောင်းဟာ လက်ချောင်းဒဏ်ရာကို

ဆေးကုသမှုခံယူခဲ့ရပြီး နာကျင်နေတဲ့ကြားကနေ ဆက်ကစားသွားပါတယ်။

ဒါပေမဲ့ ဟာဗက်ဇ်ဟာ ပထမပိုင်းအပြီးမှာတော့

ဂျာမန်အသင်းဖော် ဝါနာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာ အဲဒီပွဲမှာ တစ်ပွဲလုံးအသာစီးကနေ

ကစားကာ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ဒုတိယမြောက်ဂိုးကိုတော့

ပွဲချိန် ၃၄ မိနစ်မှာ စပါးနောက်ခံလူ ဘင်ဒေးဗီးစ် ကိုယ့်ဂိုးကိုယ်သွင်းမိသွားတာပါ။