စပါးက ယူနိုက်တက် နဲ့ အာဆင်နယ်ကို ကျော်လွန်ပြီး  ရပ်တည်လိမ့်မယ်လို့ စူပါကွန်ပျူတာခန့်မှန်း

ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးချိန်မှာ စပါးအသင်းက

ယူနိုက်တက် နဲ့ အာဆင်နယ်ကို ကျော်လွန်ပြီး အဆင့် ၄ နေရာမှာ

ရပ်တည်လိမ့်မယ်လို့ သိပ္ပံနည်းကျတွက်ချက်ထားတဲ့

စူပါကွန်ပျူတာက ခန့်မှန်းသွားခဲ့ပါတယ်။

အဆိုပါ တွက်ချက်မှုကို Bettingexpert.com ရဲ့

စူပါကွန်ပျူတာကနေ ခန့်မှန်းခဲ့တာဖြစ်ပြီး ချန်ပီယံဆုဖလားရမယ့်

အသင်းနဲ့ တန်းဆင်းရမယ့်အသင်းတွေကိုပါ တွက်ချက်ခဲ့ပါတယ်။

စူပါ ကွန်ပျူတာ ကတော့ ရန်းနစ် ရဲ့ လက်အောက်မှာ

ရလဒ်ကောင်း ၊ ခြေစွမ်းကောင်းတွေ မရနိုင်သေးတဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထိပ်သီး လေးသင်း စာရင်း ဝင်မှာ မဟုတ်ဘဲ

အဆင့် 6 နေရာ နဲ့သာ ရာသီပိတ်သိမ်းရလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ် ။

စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ မန်စီးတီးအသင်းက

ချန်ပီယံဖြစ်ဖို့အလေးပေးမှု ၁/၁၆ နဲ့ ရာသီကုန်မှာ

ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးအခွင့်အရေး ရခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာလည်း

ထိပ်သီး လေးသင်း စာရင်းထဲ ဝင်နိုင်မှာ မဟုတ်ဘဲ

အဆင့် 5 နေရာနဲ့ ရာသီကို ကုန်ဆုံးစေရလိမ့်မယ်လို့ ခန့်မှန်းခဲ့လိုက် ပါတယ် ။

လီဗာပူး အသင်းကတော့ အဆင့် နှစ် နေရာမှာ ရပ်တည်သွားဖို့ ရှိကြောင်း ၊

ချဲလ်ဆီး ကတော့ အဆင့် 3 နေရာမှာ ရပ်တည်သွားဖို့ ရှိကြောင်း ခန့်မှန်းခဲ့လိုက်ပါတယ် ။

စပါး အသင်းက အဆင့် 4 နေရာမှာ ရပ်တည်ပြီး

လက်ရှိ အဆင့် 4 နေရာမှာ ရှိနေတဲ့ ဒေးဗစ် မိုယက်စ် ရဲ့ ဝက်စ်ဟမ်း အသင်းက

အဆင့် 7 နေရာမှာ ရာသီ ပိတ်သိမ်းသွားဖို့ ရှိနေကြောင်း

စူပါ ကွန်ပျူတာ က ခန့်မှန်းသွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဝုလ်ဗ် က အဆင့် 8 ၊ လက်စတာ က အဆင့် 9 ၊

ဘရိုက်တန် က အဆင့် 10 ၊ အက်စတွန် ဗီလာ က 11 ၊

ခရစ္စတယ် ပဲလေ့စ် က 12 ၊ ဆောက်သမ်တန် က 13 ၊

လိဒ်စ် က 14 နေရာမှာ ရပ်တည်ရင်း တန်းဆင်းရေး အန္တရာယ်ကို

ရှောင်လွှဲသွားဖို့ ရှိကြောင်း စူပါ ကွန်ပျူတာက ခန့်မှန်း ခဲ့လိုက်ပါတယ်။

zawgyi

စပါးက ယူႏိုက္တက္ နဲ႔ အာဆင္နယ္ကို ေက်ာ္လြန္ၿပီး  ရပ္တည္လိမ့္မယ္လို႔ စူပါကြန္ပ်ဴတာခန႔္မွန္း

ပရီးမီးယားလိဂ္ၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာ စပါးအသင္းက

ယူႏိုက္တက္ နဲ႔ အာဆင္နယ္ကို ေက်ာ္လြန္ၿပီး အဆင့္ ၄ ေနရာမွာ

ရပ္တည္လိမ့္မယ္လို႔ သိပၸံနည္းက်တြက္ခ်က္ထားတဲ့

စူပါကြန္ပ်ဴတာက ခန႔္မွန္းသြားခဲ့ပါတယ္။

အဆိုပါ တြက္ခ်က္မႈကို Bettingexpert.com ရဲ႕

စူပါကြန္ပ်ဴတာကေန ခန႔္မွန္းခဲ့တာျဖစ္ၿပီး ခ်န္ပီယံဆုဖလားရမယ့္

အသင္းနဲ႔ တန္းဆင္းရမယ့္အသင္းေတြကိုပါ တြက္ခ်က္ခဲ့ပါတယ္။

စူပါ ကြန္ပ်ဴတာ ကေတာ့ ရန္းနစ္ ရဲ႕ လက္ေအာက္မွာ

ရလဒ္ေကာင္း ၊ ေျခစြမ္းေကာင္းေတြ မရႏိုင္ေသးတဲ့

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ထိပ္သီး ေလးသင္း စာရင္း ဝင္မွာ မဟုတ္ဘဲ

အဆင့္ 6 ေနရာ နဲ႔သာ ရာသီပိတ္သိမ္းရလိမ့္မယ္လို႔ ခန႔္မွန္း သြားခဲ့ပါတယ္ ။

စူပါကြန္ပ်ဴတာရဲ႕တြက္ခ်က္မႈအရ မန္စီးတီးအသင္းက

ခ်န္ပီယံျဖစ္ဖို႔အေလးေပးမႈ ၁/၁၆ နဲ႔ ရာသီကုန္မွာ

ခ်န္ပီယံျဖစ္ဖို႔ အေကာင္းဆုံးအခြင့္အေရး ရခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာလည္း

ထိပ္သီး ေလးသင္း စာရင္းထဲ ဝင္ႏိုင္မွာ မဟုတ္ဘဲ

အဆင့္ 5 ေနရာနဲ႔ ရာသီကို ကုန္ဆုံးေစရလိမ့္မယ္လို႔ ခန႔္မွန္းခဲ့လိုက္ ပါတယ္ ။

လီဗာပူး အသင္းကေတာ့ အဆင့္ ႏွစ္ ေနရာမွာ ရပ္တည္သြားဖို႔ ရွိေၾကာင္း ၊

ခ်ဲလ္ဆီး ကေတာ့ အဆင့္ 3 ေနရာမွာ ရပ္တည္သြားဖို႔ ရွိေၾကာင္း ခန႔္မွန္းခဲ့လိုက္ပါတယ္ ။

စပါး အသင္းက အဆင့္ 4 ေနရာမွာ ရပ္တည္ၿပီး

လက္ရွိ အဆင့္ 4 ေနရာမွာ ရွိေနတဲ့ ေဒးဗစ္ မိုယက္စ္ ရဲ႕ ဝက္စ္ဟမ္း အသင္းက

အဆင့္ 7 ေနရာမွာ ရာသီ ပိတ္သိမ္းသြားဖို႔ ရွိေနေၾကာင္း

စူပါ ကြန္ပ်ဴတာ က ခန႔္မွန္းသြားခဲ့လိုက္ ပါတယ္ ။

ဒါ့အျပင္ ဝုလ္ဗ္ က အဆင့္ 8 ၊ လက္စတာ က အဆင့္ 9 ၊

ဘ႐ိုက္တန္ က အဆင့္ 10 ၊ အက္စတြန္ ဗီလာ က 11 ၊

ခရစၥတယ္ ပဲေလ့စ္ က 12 ၊ ေဆာက္သမ္တန္ က 13 ၊

လိဒ္စ္ က 14 ေနရာမွာ ရပ္တည္ရင္း တန္းဆင္းေရး အႏၲရာယ္ကို

ေရွာင္လႊဲသြားဖို႔ ရွိေၾကာင္း စူပါ ကြန္ပ်ဴတာက ခန႔္မွန္း ခဲ့လိုက္ပါတယ္။