စပါးကြယ်ပွင့်ကို အဝါကတ်သာပြခဲ့လို့ ပွဲအပြီးမှာ ဒိုင်လူကြီးကို ကြိမ်းမောင်းခဲ့တဲ့ ကလော့ပ်

အပြင်းပွားဖွယ်ဆုံးဖြတ်ချက်နှစ်ခုနဲ့ပတ်သက်လို့ လီဗာပူးနည်းပြ

ဂျာဂင်ကလော့ပ်ဟာ စပါးနဲ့သရေပွဲအပြီးမှာ ကွင်းလယ်ဒိုင်တီယာနေးကို

ဒေါသတကြီးနဲ့ ကြိမ်းမောင်းခဲ့ပါတယ်။

စပါးကွင်းမှာ ကစားခဲ့တဲ့ အဲဒီ ၂-၂ သရေပွဲမှာ ကွင်းလယ်ဒိုင်တီယာနေးဟာ

အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကို ပြုလုပ်ခဲ့တာပါ။

ပထမပိုင်းမှာဆိုရင် စပါးတိုက်စစ်မှုးဟယ်ရီကိန်းဟာ လီဗာပူးနောက်ခံလူ

ရောဘတ်ဆန်ကို အကြမ်းပတမ်းဖျက်ထုတ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစပါးကြယ်ပွင့်ရဲ့အဝင်ကြမ်းမှုက အခန့်မသင့်ရင် ပြိုင်ဘက်ကစားသမား

ခြေထောက်ကျိုးသွားနိုင်တဲ့အနေအထားပါ။

ဒါပေမဲ့လည်း ကွင်းလယ်ဒိုင်က အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့

ဟယ်ရီကိန်းကို အဝါကတ်သာ ပြခဲ့ပါတယ်။

ကလော့ပ်ကို ပိုပြီးပေါက်ကွဲသွားစေတာက ဒုတိယပိုင်းမှာဖြစ်ပြီး

ဂျိုတာဟာ ပင်နယ်တီဧရိယာထဲမှာ စပါးကစားသမားရဲ့ဖျက်ထုတ်ခြင်းခံခဲ့ရပေမယ့်

ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာပါ။

လီဗာပူးအတွက် ကံဆိုးခဲ့တာက ဒုတိယပိုင်းမှာ ဂိုးသွင်းခဲ့တဲ့ ရောဘတ်ဆန်ဟာ

ပြိုင်ဘက်ကို အဝင်ကြမ်းခဲ့လို့ အနီကတ်နဲ့အထုတ်ခံခဲ့ရတာပါ။

ဒီတစ်ကြိမ်မှာတော့ ဒိုင်လူကြီးက ဟယ်ရီကိန်းတုန်းကလို

မဟုတ်ဘဲ VAR ကြည့်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့် ပွဲအပြီးမှာတော့ ကလော့ပ်က ဒိုင်လူကြီးဆီသွားပြီး

”ဘယ်ဒိုင်နဲ့မှ ပြသနာမရှိခဲ့ဘူး။ခင်ဗျားတစ်ယောက်တည်းနဲ့ပဲ ရှိခဲ့တာ”လို့

ကြိမ်းမောင်းခဲ့ပါတယ်။ ဒါ့အပြင် ကလော့ပ်က ”ခင်ဗျား တစ်ခါမှ

ဘောလုံးမကစားဖူးဘူးထင်တယ်”လို့ ကွင်းလယ်ဒိုင်တီယာနေးကို

ထပ်ခါထပ်ခါပြောခဲ့ပါတယ်။

zawgyi

စပါးၾကယ္ပြင့္ကို အဝါကတ္သာျပခဲ့လို႔ ပြဲအၿပီးမွာ ဒိုင္လူႀကီးကို ႀကိမ္းေမာင္းခဲ့တဲ့ ကေလာ့ပ္

အျပင္းပြားဖြယ္ဆုံးျဖတ္ခ်က္ႏွစ္ခုနဲ႔ပတ္သက္လို႔ လီဗာပူးနည္းျပ

ဂ်ာဂင္ကေလာ့ပ္ဟာ စပါးနဲ႔သေရပြဲအၿပီးမွာ ကြင္းလယ္ဒိုင္တီယာေနးကို

ေဒါသတႀကီးနဲ႔ ႀကိမ္းေမာင္းခဲ့ပါတယ္။

စပါးကြင္းမွာ ကစားခဲ့တဲ့ အဲဒီ ၂-၂ သေရပြဲမွာ ကြင္းလယ္ဒိုင္တီယာေနးဟာ

အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြကို ျပဳလုပ္ခဲ့တာပါ။

ပထမပိုင္းမွာဆိုရင္ စပါးတိုက္စစ္မႈးဟယ္ရီကိန္းဟာ လီဗာပူးေနာက္ခံလူ

ေရာဘတ္ဆန္ကို အၾကမ္းပတမ္းဖ်က္ထုတ္မႈျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီစပါးၾကယ္ပြင့္ရဲ႕အဝင္ၾကမ္းမႈက အခန႔္မသင့္ရင္ ၿပိဳင္ဘက္ကစားသမား

ေျခေထာက္က်ိဳးသြားႏိုင္တဲ့အေနအထားပါ။

ဒါေပမဲ့လည္း ကြင္းလယ္ဒိုင္က အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔

ဟယ္ရီကိန္းကို အဝါကတ္သာ ျပခဲ့ပါတယ္။

ကေလာ့ပ္ကို ပိုၿပီးေပါက္ကြဲသြားေစတာက ဒုတိယပိုင္းမွာျဖစ္ၿပီး

ဂ်ိဳတာဟာ ပင္နယ္တီဧရိယာထဲမွာ စပါးကစားသမားရဲ႕ဖ်က္ထုတ္ျခင္းခံခဲ့ရေပမယ့္

ဒိုင္က ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့တာပါ။

လီဗာပူးအတြက္ ကံဆိုးခဲ့တာက ဒုတိယပိုင္းမွာ ဂိုးသြင္းခဲ့တဲ့ ေရာဘတ္ဆန္ဟာ

ၿပိဳင္ဘက္ကို အဝင္ၾကမ္းခဲ့လို႔ အနီကတ္နဲ႔အထုတ္ခံခဲ့ရတာပါ။

ဒီတစ္ႀကိမ္မွာေတာ့ ဒိုင္လူႀကီးက ဟယ္ရီကိန္းတုန္းကလို

မဟုတ္ဘဲ VAR ၾကည့္ၿပီး ဆုံးျဖတ္ခဲ့တာပါ။

ဒါေၾကာင့္ ပြဲအၿပီးမွာေတာ့ ကေလာ့ပ္က ဒိုင္လူႀကီးဆီသြားၿပီး

”ဘယ္ဒိုင္နဲ႔မွ ျပသနာမရွိခဲ့ဘူး။ခင္ဗ်ားတစ္ေယာက္တည္းနဲ႔ပဲ ရွိခဲ့တာ”လို႔

ႀကိမ္းေမာင္းခဲ့ပါတယ္။ ဒါ့အျပင္ ကေလာ့ပ္က ”ခင္ဗ်ား တစ္ခါမွ

ေဘာလုံးမကစားဖူးဘူးထင္တယ္”လို႔ ကြင္းလယ္ဒိုင္တီယာေနးကို

ထပ္ခါထပ္ခါေျပာခဲ့ပါတယ္။