မန် စီးတီးဟာ အိမ်ကွင်း အီတီဟတ်မှာ စပါးကို ဧည့်ခံ ကစားခဲ့ရပေမယ့်
စပါးရဲ့ ရုန်းအားနဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ၂-၃ ဆိုတဲ့
ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ မန်စီးတီးအတွက်သွင်းဂိုးတွေကို ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့
မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး စပါးအတွက် သွင်းဂိုးတွေကိုတော့
အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုးနဲ့ ကစားသမားသစ် ကူလူဆက်စကီးက
တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ရှူံးပွဲအပြီးမှာတော့ ဗီဒီယိုမှတ်တမ်းတစ်ခု
ပျံ့နှံ့နေပြီး ဗီဒီယိုထဲမှာ ဖိုဒန်တစ်ယောက် ရန်ပွဲဆင်နွှဲနေတာပဲဖြစ်ပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရတော့ အဲဒီရန်ပွဲမှာ Scousers လို့ခေါ်တဲ့ လီဗာပူးသားတွေက
မန်ချက်စတာအရီနာမှာရှိနေတဲ့ ဖိုဒန်ကို ပြဿနာစရှာခဲ့တာပါ။ ဖိုဒန်နဲ့အတူ ပါလာတဲ့
ဖိုဒန်ရဲ့ အမေလို့ထင်ရတဲ့ အမျိုးသမီးကို အဆိုပါ အမျိုးသားသုံးယောက်က
စော်ကားပြောဆိုခဲ့တဲ့နောက် ခိုက်ရန်စတင်ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့
ရန်ပွဲထဲမှာ ဖိုဒန်ပါ ဝင်ရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။
ဖိုဒန်ဟာ မိသားစုနဲ့အတူ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ရောက်ရှိနေတာဖြစ်ပြီး
ဖိုဒန်ရဲ့ မိသားစုဝင်လို့ယူဆရတဲ့သူတစ်ယောက်ကလည်း လီဗာပူးပရိသတ်တွေကို
မီးသတ်ဆေးဘူးနဲ့ လိုက်ရိုက်ခဲ့ပါသေးတယ်။ ဖြစ်ပွားခဲ့တဲ့အရာတွေနဲ့ ပတ်သက်လို့တော့
လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အတည်ပြုချက်မရရှိသေးပါဘူး။
Zawgyi
စပါးကိုရှုံးနိမ့်အပြီး ရန်ပွဲဆင်နွှဲခဲ့တဲ့ ဖိုဒန်