စပါးကို ရှုံးရတဲ့ အကြောင်း ဖွင့်ဟလာတဲ့ နည်းပြ လမ်းပတ်

စပါးကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ဟာ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာက တစ်ကြောင်း၊ ပင်နယ်တီပေးလိုက်ရတာကလည်း ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို အဲဗာတန် နည်းပြ လမ်းပတ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ဝှိုတ်ဟတ်လိန်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးဟာ အိမ်ရှင်အသင်းပီပီ အဲဗာတန်ကို စိုးမိုး ကစားနိုင်ခဲ့ပေမယ့် လမ်းပတ်ရဲ့အသင်းက စုဖွဲ့မှု ကောင်းခဲ့တာကြောင့် ပြန် လည်ခြိမ်းခြောက်တာမျိုးတွေတောင် လုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပထမပိုင်း မှာ ရခဲ့တဲ့ အခွင့်အရေးတွေကိုသာ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့မယ်ဆိုရင် အဲဗာတန်ဟာ အခုလိုမျိုး ရှုံးနိမ့်မှာ မဟုတ်သလို ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ ပင်နယ်တီကလည်း ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တယ်လို့ အင်္ဂလန် သားနည်းပြက ဆိုပါတယ်။

‘’ပထမပိုင်းမှာ ကျွန်တော်တို့ စုဖွဲ့မှု ကောင်းခဲ့ပါ တယ်။ စပါးအသင်းလိုချင်တဲ့ နေရာလွတ်တွေ ပေးတာမျိုး မရှိခဲ့ပါဘူး။ ကျွန် တော်တို့မှာ မဟာအခွင့်အရေးကောင်း နှစ်ကြိမ် ရှိခဲ့တယ်။

အဲဒီ နှစ်ခုက ပွဲကို ခြားနားသွားစေနိုင်တာမျိုးပါ။ အဲဒီအခွင့်အရေး နှစ်ခုထဲက တစ်ခုကိုသာ အမိ အရ ဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင် ဒီညမှာ ရှုံးချင်မှတောင် ရှုံးမှာပါ။

ဒုတိယပိုင်းမှာ တော့ ကျွန်တော်တို့ နည်းနည်း ပေါ့လျော့လာတာမျိုးတွေရှိလာခဲ့တယ်။ ပင်နယ်တီက ပွဲကို ခြားနားသွားစေခဲ့တာပါ။ အဲဒီ ပင်နယ်တီ မတိုင်ခင်အထိ အသင်းဟာ တကယ့်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့တာပါ’’ လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဂိုးသမား ပစ်ဖို့ဒ်က ဝင်တားရင်းနဲ့ ဆွဲလှဲမိသလို ဖြစ်သွားခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး ဒီပင်နယ်တီကို ဟယ်ရီကိန်းကပဲ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာဖြစ်လို့ စပါးတို့ ဦးဆောင်ဂိုး ရခဲ့တာပါ။

အိမ်ရှင် အတွက် ဒုတိယဂိုးကိုတော့ ညာတောင်ပံကနေပြီး ဘန်တန်ကာရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဟိုဘတ်ဂျ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အနေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး တိုးတက်လာနိုင်တဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်လို့လည်း လမ်းပတ်က တစ်ဆက်တည်း ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

(70) စပါးကို ရႈံးရတဲ့ အေၾကာင္း ဖြင့္ဟလာတဲ့ နည္းျပ လမ္းပတ္
=================================

စပါးကို ၂-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အဲဗာတန္ဟာ အပိုင္အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့တာက တစ္ေၾကာင္း၊ ပင္နယ္တီေပးလိုက္ရတာကလည္း ပြဲကို အေျပာင္းအလဲ ျဖစ္သြားေစခဲ့တယ္ဆိုတဲ့ အေၾကာင္းေတြကို အဲဗာတန္ နည္းျပ လမ္းပတ္က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။

ဝႈိတ္ဟတ္လိန္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ စပါးဟာ အိမ္ရွင္အသင္းပီပီ အဲဗာတန္ကို စိုးမိုး ကစားႏိုင္ခဲ့ေပမယ့္ လမ္းပတ္ရဲ႕အသင္းက စုဖြဲ႕မႈ ေကာင္းခဲ့တာေၾကာင့္ ျပန္ လည္ၿခိမ္းေျခာက္တာမ်ိဳးေတြေတာင္ လုပ္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ပထမပိုင္း မွာ ရခဲ့တဲ့ အခြင့္အေရးေတြကိုသာ ပိုင္ပိုင္ႏိုင္ႏိုင္ အသုံးခ်ႏိုင္ခဲ့မယ္ဆိုရင္ အဲ ဗာတန္ဟာ အခုလိုမ်ိဳး ရႈံးနိမ့္မွာ မဟုတ္သလို ဒုတိယပိုင္းမွာ ေပးလိုက္ရတဲ့ ပင္နယ္တီကလည္း ပြဲကို အေျပာင္းအလဲ ျဖစ္သြားေစခဲ့တယ္လို႔ အဂၤလန္ သားနည္းျပက ဆိုပါတယ္။

‘’ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ စုဖြဲ႕မႈ ေကာင္းခဲ့ပါ တယ္။ စပါးအသင္းလိုခ်င္တဲ့ ေနရာလြတ္ေတြ ေပးတာမ်ိဳး မရွိခဲ့ပါဘူး။

ကြၽန္ ေတာ္တို႔မွာ မဟာအခြင့္အေရးေကာင္း ႏွစ္ႀကိမ္ ရွိခဲ့တယ္။ အဲဒီ ႏွစ္ခုက ပြဲကို ျခားနားသြားေစႏိုင္တာမ်ိဳးပါ။ အဲဒီအခြင့္အေရး ႏွစ္ခုထဲက တစ္ခုကိုသာ အမိ အရ ဖမ္းဆုပ္ႏိုင္ခဲ့မယ္ဆိုရင္ ဒီညမွာ ရႈံးခ်င္မွေတာင္ ရႈံးမွာပါ။ ဒုတိယပိုင္းမွာ ေတာ့ ကြၽန္ေတာ္တို႔ နည္းနည္း ေပါ့ေလ်ာ့လာတာမ်ိဳးေတြရွိလာခဲ့တယ္။ ပင္ နယ္တီက ပြဲကို ျခားနားသြားေစခဲ့တာပါ။

အဲဒီ ပင္နယ္တီ မတိုင္ခင္အထိ အသင္းဟာ တကယ့္ကို ေကာင္းေကာင္း လုပ္ေဆာင္ခဲ့တာပါ’’ လို႔ လမ္းပတ္ က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၅၉ မိနစ္မွာ တိုက္စစ္မႉး ဟယ္ရီ ကိန္းကို ဂိုးသမား ပစ္ဖို႔ဒ္က ဝင္တားရင္းနဲ႔ ဆြဲလွဲမိသလို ျဖစ္သြားခဲ့တာ ေၾကာင့္ ပင္နယ္တီေပးခဲ့ရတာျဖစ္ၿပီး ဒီပင္နယ္တီကို ဟယ္ရီကိန္းကပဲ အမွား အယြင္းမရွိ ကန္သြင္းႏိုင္ခဲ့တာျဖစ္လို႔ စပါးတို႔ ဦးေဆာင္ဂိုး ရခဲ့တာပါ။

အိမ္ရွင္ အတြက္ ဒုတိယဂိုးကိုေတာ့ ညာေတာင္ပံကေနၿပီး ဘန္တန္ကာရဲ႕ ဖန္တီး ေပးမႈကတစ္ဆင့္ ဟိုဘတ္ဂ်္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲဗာတန္ အေနနဲ႔ အမွတ္ေပးဇယားထိပ္ပိုင္းကို တက္လွမ္းႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး တိုးတက္လာႏိုင္တဲ့ အေၾကာင္းအရာေတြ ရွိေနေသးတယ္လို႔လည္း လမ္းပတ္ က တစ္ဆက္တည္း ေျပာဆိုသြားခဲ့ပါတယ္။