စပါးကိုချည်ပြီးတုပ်ပြီး ကစားသွားခဲ့တဲ့ မန်ယူရဲ့ နည်းစနစ်တွေကို ဖွင့်ချပြ လိုက်တဲ့ The Athletic

မန်ယူက စပါးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ အသင်းရဲ့ အကောင်းဆုံး စွမ်းရည်ကို ပြသခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ နည်းပြတန်ဟတ်ကိုယ်တိုင် ထုတ်ပြောခဲ့တာ အားလုံးသိကြပြီးသားပါ။

အဲဒီပွဲစဉ်မှာ စပါးတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ဟာ တုပ်တုပ်မှ လှုပ်လို့မရအောင် ဖြစ်ခဲ့ရပြီး မန်ယူကစားသမားတွေရဲ့ အလွတ်မပေးတမ်း ကစားမှုအောက်မှာ လမ်းပျောက်ခဲ့ရတာပါ။

ဒါ့အပြင် ဒီပွဲမှာ ခြေစွမ်းပြသွားခဲ့တဲ့ မန်ယူကစား သမားတွေဖြစ်ကြတဲ့ ဖရက်၊ ကက်စ်မီရိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ ဒီပွဲအ တွက် တကယ့်ကို အရေးပါတဲ့ ကဏ္ဍကနေ အသုံးတော်ခံသွားခဲ့တယ်ဆိုတာ ကို အင်္ဂလန်အခြေစိုက် The Athletic သတင်းစာက ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ကို အလည်လာခဲ့တဲ့ စပါးဟာ ၃-၂-၅ ကစားဟန်ကို အားပြုပြီး ကွင်းလယ်ပိုင်း အသာရအောင် ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ကွင်းလယ်မှာ နေရာလွတ်တွေ၊ အကြားအလပ်တွေ မရှိအောင် ကက်စ်မီရိုနဲ့ ဖရက်အတွဲက ဟန်ချက်ညီညီ ရွေ့လျားကစားပေးသွားခဲ့တယ်လို့ အဲဒီသတင်းစာက ဖော်ပြပါတယ်။

အဲဒီအချိန်မှာ ကွင်းလယ်တိုက်စစ်အားသန် ကစားသမား ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆန်ချို၊ ရက်ရှ်ဖို့ဒ် နဲ့ အန်တိုနီတို့အတွက် နေရာလွတ်တွေ ဖန်တီးပေးသလို ဘောလုံးဖြန့်ဝေမှု တွေလုပ်ပေးပြီး ဂိုးသွင်းနိုင်ဖို့ကို ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဆိုရရင် စပါးဟာ ဒီကွင်းလယ်ကစားသမား ၃ ယောက်ရဲ့ မနားမနေ ကြိုးစားအားထုတ်မှု ကြောင့် ခံစစ်ပိုင်းမှာတင် ဘောလုံးဖြန့်ဝေဖို့ နေရာလွတ် ရှားပါးခဲ့ပြီး ပွဲကို တည်မရအောင် ဖြစ်ခဲ့ရပါတယ်။

တကယ်လို့ ဒီလို ကွင်းလယ်ခံစစ်တန်း အတားအဆီးတွေကို ဖြတ်ကျော်လာပြီး မန်ယူနောက်တန်းကို ဘောလုံးနဲ့အ တူ စပါးကစားသမားတွေ ရောက်လာခဲ့မယ်ဆိုရင်လည်း

သရဲနီ နောက်ခံလူ တွေဖြစ်ကြတဲ့ မာတီနက်ဇ်၊ ဗာရာနီ၊ ဒါလော့တို့ လှုပ်ရှားချိန်ရဖို့အတွက် ဖရက်နဲ့ ကက်စ်မီရိုအတွဲက ဘောလုံးလမ်းကြောင်းတွေအားလုံးကို ရှင်းထုတ် ဖို့ အားစိုက်ထုတ်ပေးခဲ့တာပါ။

ဒါကြောင့် နောက်ခံလူတွေဟာ ပြင်ဆင်ချိန်ပိုရ ခဲ့ပြီး စပါးတိုက်စစ်မှူးတွေကို တုပ်တုပ်မှ လှုပ်မရအောင် ချဉ်းကပ်ကစားသွား နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တန်ပြန်တိုက်စစ်ကစားတဲ့နေရာမှာလည်း စပါးထက် ပိုကောင်းခဲ့သလို ဂိုးဖန်တီးခွင့်ရတဲ့ နေရာမှာလည်း နေရာလွတ် တွေ အများကြီး ရခဲ့တာဖြစ်တယ်လို့ The Athletic က သုံးသပ် ရေးသား ခဲ့ပါတယ်။

(Zawgyi)

စပါးကိုခ်ည္ၿပီးတုပ္ၿပီး ကစားသြားခဲ့တဲ့ မန္ယူရဲ႕ နည္းစနစ္ေတြကို ဖြင့္ခ်ျပ လိုက္တဲ့ The Athletic

မန္ယူက စပါးကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ဟာ အသင္းရဲ႕ အေကာင္းဆုံး စြမ္းရည္ကို ျပသခဲ့တဲ့ ပြဲစဥ္တစ္ပြဲျဖစ္တယ္လို႔ နည္းျပတန္ဟတ္ကိုယ္တိုင္ ထုတ္ေျပာခဲ့တာ အားလုံးသိၾကၿပီးသားပါ။

အဲဒီပြဲစဥ္မွာ စပါးတိုက္စစ္မႉးေတြ ျဖစ္ၾကတဲ့ ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတို႔ဟာ တုပ္တုပ္မွ လႈပ္လို႔မရေအာင္ ျဖစ္ခဲ့ရၿပီး မန္ယူကစားသမားေတြရဲ႕ အလြတ္မေပးတမ္း ကစားမႈေအာက္မွာ လမ္းေပ်ာက္ခဲ့ရတာပါ။

ဒါ့အျပင္ ဒီပြဲမွာ ေျခစြမ္းျပသြားခဲ့တဲ့ မန္ယူကစား သမားေတြျဖစ္ၾကတဲ့ ဖရက္၊ ကက္စ္မီ႐ိုနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ ဒီပြဲအ တြက္ တကယ့္ကို အေရးပါတဲ့ က႑ကေန အသုံးေတာ္ခံသြားခဲ့တယ္ဆိုတာ ကို အဂၤလန္အေျခစိုက္ The Athletic သတင္းစာက ဖြင့္ခ်လိုက္ၿပီျဖစ္ပါ တယ္။

အိုးလ္ထရက္ဖို႔ကို အလည္လာခဲ့တဲ့ စပါးဟာ ၃-၂-၅ ကစားဟန္ကို အားျပဳၿပီး ကြင္းလယ္ပိုင္း အသာရေအာင္ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ရဲ႕ ကြင္း လယ္မွာ ေနရာလြတ္ေတြ၊ အၾကားအလပ္ေတြ မရွိေအာင္ ကက္စ္မီ႐ိုနဲ႔ ဖရက္ အတြဲက ဟန္ခ်က္ညီညီ ေ႐ြ႕လ်ားကစားေပးသြားခဲ့တယ္လို႔ အဲဒီသတင္းစာ က ေဖာ္ျပပါတယ္။

အဲဒီအခ်ိန္မွာ ကြင္းလယ္တိုက္စစ္အားသန္ ကစားသမား ျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ တိုက္စစ္မႉးေတြျဖစ္တဲ့ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္ နဲ႔ အန္တိုနီတို႔အတြက္ ေနရာလြတ္ေတြ ဖန္တီးေပးသလို ေဘာလုံးျဖန႔္ေဝမႈ ေတြလုပ္ေပးၿပီး ဂိုးသြင္းႏိုင္ဖို႔ကို ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ဆိုရရင္ စပါးဟာ ဒီကြင္းလယ္ကစားသမား ၃ ေယာက္ရဲ႕ မနားမေန ႀကိဳးစားအားထုတ္မႈ ေၾကာင့္ ခံစစ္ပိုင္းမွာတင္ ေဘာလုံးျဖန႔္ေဝဖို႔ ေနရာလြတ္ ရွားပါးခဲ့ၿပီး ပြဲကို တည္မရေအာင္ ျဖစ္ခဲ့ရပါတယ္။

တကယ္လို႔ ဒီလို ကြင္းလယ္ခံစစ္တန္း အတားအဆီးေတြကို ျဖတ္ေက်ာ္လာၿပီး မန္ယူေနာက္တန္းကို ေဘာလုံးနဲ႔အ တူ စပါးကစားသမားေတြ ေရာက္လာခဲ့မယ္ဆိုရင္လည္း

သရဲနီ ေနာက္ခံလူ ေတြျဖစ္ၾကတဲ့ မာတီနက္ဇ္၊ ဗာရာနီ၊ ဒါေလာ့တို႔ လႈပ္ရွားခ်ိန္ရဖို႔အတြက္ ဖရက္နဲ႔ ကက္စ္မီ႐ိုအတြဲက ေဘာလုံးလမ္းေၾကာင္းေတြအားလုံးကို ရွင္းထုတ္ ဖို႔ အားစိုက္ထုတ္ေပးခဲ့တာပါ။

ဒါေၾကာင့္ ေနာက္ခံလူေတြဟာ ျပင္ဆင္ခ်ိန္ပိုရ ခဲ့ၿပီး စပါးတိုက္စစ္မႉးေတြကို တုပ္တုပ္မွ လႈပ္မရေအာင္ ခ်ဥ္းကပ္ကစားသြား ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ တန္ျပန္တိုက္စစ္ကစားတဲ့ေနရာမွာလည္း စပါးထက္ ပိုေကာင္းခဲ့သလို ဂိုးဖန္တီးခြင့္ရတဲ့ ေနရာမွာလည္း ေနရာလြတ္ ေတြ အမ်ားႀကီး ရခဲ့တာျဖစ္တယ္လို႔ The Athletic က သုံးသပ္ ေရးသား ခဲ့ပါတယ္။