“စနေ မန်ချက်၊ စီးပွားတက်”ဖြစ်ခဲ့ကာ…Captain Portugal ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ယူနိုက်တက်ပရိသတ်တွေကိုပျော်ရွှင်စေခဲ့

မန်ချက်စတာယူနိုက်တက်အသင်းဟာ ‘စနေ မန်ချက်၊ စီးပွားတက်’ဆိုတဲ့ စကားအတိုင်း ဆောက်သမ်တန်ကို

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်(၂)ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ဒီပွဲအတွက် ပွဲထွက်လူစာရင်းကို လီဗာပူးလ်နဲ့ပွဲကအတိုင်း အပြောင်းအလဲမရှိ အသုံးပြုခဲ့ပြီး

ခြေစွမ်းပိုင်းအရ အားနည်းချက်တချို့ရှိခဲ့ပေမယ့် နိုင်ပွဲရယူခဲ့တာကတော့ ကျေနပ်စရာပါပဲ။

အိမ်ကွင်းခြေစွမ်းမာကျောတဲ့ ဆောက်သမ်တန်အသင်းရဲ့ ကြံ့ခိုင်မှုအသားပေးကစားဟန်ကြောင့်

ယူနိုက်တက်ကစားသမားတွေ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး အိမ်ရှင်တို့ သရေတစ်မှတ်ရသင့်ပေမယ့်

တိုက်စစ်ကစားသမားတွေရဲ့ ဆိုးဆိုးရွားရွားလွဲချော်မှုတွေကြောင့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဆန်ချို၊ အီလန်ဂါတို့က တစ်ဦးချင်းအစွမ်းနဲ့ ဆောက်သမ်တန်ခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့်

မထိရောက်ခဲ့ဘဲ နောက်ပိုင်းမှ One Two ကစားဟန်နဲ့အတူ အခွင့်အရေးတွေရခဲ့ပါတယ်။

ပထမပိုင်းမိနစ်(၂၀)ကျော်လောက်မှာ ယူနိုက်တက်တို့ အပိုင်အခွင့်အရေးတွေရခဲ့ပြီး ပယ်နယ်တီဧရိယာအတွင်း

အီလန်ဂါရဲ့ ပိတ်သိမ်းမှုကို ဆောက်သမ်တန်ဂိုးသမားဘာဇူနူ လက်စွမ်းပြကာကွယ်ခဲ့သလို

ပြန်ထွက်လာတဲ့ ဘောလုံးကို အဲရစ်ဆင် ထပ်ပိတ်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားက Block လုပ်နိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ဂိုးသမားဘာဇူနူ ဒီပွဲမှာ လက်စွမ်းပြနိုင်တယ်လို့ပြောရမှာဖြစ်ပြီး အခွင့်အရေးတချို့ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကလည်း အထောင်တိုက်စစ်မှူး ချေအဒမ်ရဲ့ တိုးအား၊ ရုန်းအားတွေနဲ့

ယူနိုက်တက်ခံစစ်ကို ခြိမ်းခြောက်ခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ ယူနိုက်တက် သက်သာခဲ့တာပါ။

ယူနိုက်တက်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို (၅၅)မိနစ်မှာ ညာခြမ်းကနေ

ဒါလော့တ် ပါးပါးနပ်နပ် ချိုးပေးလိုက်တာကို ဘရူနိုဖာနန်ဒက်စ်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့မေလတုန်းက ဘရန့်ဖို့ဒ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပွဲမှာ

ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း (၇)ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ခံစစ်ကို ပိုအားစိုက်ခဲ့တာကြောင့် ဂိုးရပြီးနောက်ပိုင်း အခွင့်အရေးသိပ်မရတော့ဘဲ

အဲရစ်တန်ဟက်ရဲ့ လူစားလဲမှုတွေက နည်းနည်းတော့ ဝေဖန်ချင်စရာပါပဲ။

မိနစ်(၆၀)လောက်ကတည်းက,ကစားအားကျလာတဲ့ အဲရစ်ဆင်နေရာမှာ ကတ်စ်မဲရိုးကို စောစောစီးစီး လူစားလဲသင့်တယ်လို့ ထင်မိပြီး

ညာခြမ်းမှာ ခံစစ်ကို မကူပေးနိုင်တဲ့ အီလန်ဂါကိုလည်း စောစောကတည်းက ထုတ်သင့်တာပါ။

ဘာပဲဖြစ်ဖြစ် ယူနိုက်တက်တို့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက်နိုင်ပွဲရခဲ့တာက ကျေနပ်စရာဖြစ်ပြီး

အဝေးကွင်း(၇)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့သလို

ဖေဖော်ဝါရီလတုန်းက လိဒ်စ်ကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲ ရယူခဲ့တာဖြစ်ပါတယ်။

zawgyi

“စေန မန္ခ်က္၊ စီးပြားတက္”ျဖစ္ခဲ့ကာ…Captain Portugal ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ယူႏိုက္တက္ပရိသတ္ေတြကိုေပ်ာ္ရႊင္ေစခဲ့

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ‘စေန မန္ခ်က္၊ စီးပြားတက္’ဆိုတဲ့ စကားအတိုင္း ေဆာက္သမ္တန္ကို

အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ပရီးမီးယားလိဂ္(၂)ပြဲဆက္ ႏိုင္ပြဲရရွိခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာ ဒီပြဲအတြက္ ပြဲထြက္လူစာရင္းကို လီဗာပူးလ္နဲ႔ပြဲကအတိုင္း အေျပာင္းအလဲမရွိ အသုံးျပဳခဲ့ၿပီး

ေျခစြမ္းပိုင္းအရ အားနည္းခ်က္တခ်ိဳ႕ရွိခဲ့ေပမယ့္ ႏိုင္ပြဲရယူခဲ့တာကေတာ့ ေက်နပ္စရာပါပဲ။

အိမ္ကြင္းေျခစြမ္းမာေက်ာတဲ့ ေဆာက္သမ္တန္အသင္းရဲ႕ ႀကံ့ခိုင္မႈအသားေပးကစားဟန္ေၾကာင့္

ယူႏိုက္တက္ကစားသမားေတြ ခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရၿပီး အိမ္ရွင္တို႔ သေရတစ္မွတ္ရသင့္ေပမယ့္

တိုက္စစ္ကစားသမားေတြရဲ႕ ဆိုးဆိုး႐ြား႐ြားလြဲေခ်ာ္မႈေတြေၾကာင့္ ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာပါ။

ဆန္ခ်ိဳ၊ အီလန္ဂါတို႔က တစ္ဦးခ်င္းအစြမ္းနဲ႔ ေဆာက္သမ္တန္ခံစစ္ကို ထိုးေဖာက္ဖို႔ႀကိဳးစားခဲ့ေပမယ့္

မထိေရာက္ခဲ့ဘဲ ေနာက္ပိုင္းမွ One Two ကစားဟန္နဲ႔အတူ အခြင့္အေရးေတြရခဲ့ပါတယ္။

ပထမပိုင္းမိနစ္(၂၀)ေက်ာ္ေလာက္မွာ ယူႏိုက္တက္တို႔ အပိုင္အခြင့္အေရးေတြရခဲ့ၿပီး ပယ္နယ္တီဧရိယာအတြင္း

အီလန္ဂါရဲ႕ ပိတ္သိမ္းမႈကို ေဆာက္သမ္တန္ဂိုးသမားဘာဇူႏူ လက္စြမ္းျပကာကြယ္ခဲ့သလို

ျပန္ထြက္လာတဲ့ ေဘာလုံးကို အဲရစ္ဆင္ ထပ္ပိတ္ခဲ့ေပမယ့္ ၿပိဳင္ဘက္ကစားသမားက Block လုပ္ႏိုင္ခဲ့ပါတယ္။

ေဆာက္သမ္တန္ဂိုးသမားဘာဇူႏူ ဒီပြဲမွာ လက္စြမ္းျပႏိုင္တယ္လို႔ေျပာရမွာျဖစ္ၿပီး အခြင့္အေရးတခ်ိဳ႕ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

ေဆာက္သမ္တန္အသင္းကလည္း အေထာင္တိုက္စစ္မႉး ေခ်အဒမ္ရဲ႕ တိုးအား၊ ႐ုန္းအားေတြနဲ႔

ယူႏိုက္တက္ခံစစ္ကို ၿခိမ္းေျခာက္ခဲ့ၿပီး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔သာ ယူႏိုက္တက္ သက္သာခဲ့တာပါ။

ယူႏိုက္တက္အတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို (၅၅)မိနစ္မွာ ညာျခမ္းကေန

ဒါေလာ့တ္ ပါးပါးနပ္နပ္ ခ်ိဳးေပးလိုက္တာကို ဘ႐ူႏိုဖာနန္ဒက္စ္က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ေမလတုန္းက ဘရန႔္ဖို႔ဒ္ကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ပြဲမွာ

ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း (၇)ပြဲဆက္ ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ယူႏိုက္တက္တို႔ ခံစစ္ကို ပိုအားစိုက္ခဲ့တာေၾကာင့္ ဂိုးရၿပီးေနာက္ပိုင္း အခြင့္အေရးသိပ္မရေတာ့ဘဲ

အဲရစ္တန္ဟက္ရဲ႕ လူစားလဲမႈေတြက နည္းနည္းေတာ့ ေဝဖန္ခ်င္စရာပါပဲ။

မိနစ္(၆၀)ေလာက္ကတည္းက,ကစားအားက်လာတဲ့ အဲရစ္ဆင္ေနရာမွာ ကတ္စ္မဲ႐ိုးကို ေစာေစာစီးစီး လူစားလဲသင့္တယ္လို႔ ထင္မိၿပီး

ညာျခမ္းမွာ ခံစစ္ကို မကူေပးႏိုင္တဲ့ အီလန္ဂါကိုလည္း ေစာေစာကတည္းက ထုတ္သင့္တာပါ။

ဘာပဲျဖစ္ျဖစ္ ယူႏိုက္တက္တို႔ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယေျမာက္ႏိုင္ပြဲရခဲ့တာက ေက်နပ္စရာျဖစ္ၿပီး

အေဝးကြင္း(၇)ပြဲဆက္ ရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ မွတ္တမ္းဆိုးကို အဆုံးသတ္ႏိုင္ခဲ့သလို

ေဖေဖာ္ဝါရီလတုန္းက လိဒ္စ္ကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္အေဝးကြင္းႏိုင္ပြဲ ရယူခဲ့တာျဖစ္ပါတယ္။