စနေည ဘွန်ဒက်စ်လီဂါကို အနီးစပ်ဆုံးချဉ်းကပ်ခြင်း(Super Zay)
ဘီလီဖီးလ် vs ကိုလုံး
ဘီလီဖီးလ်ဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်ကို ဆာနီရဲ့တစ်လုံးတည်းသောဂိုးနဲ့
ရှုံးခဲ့ပေမယ့် ဒီရာသီ ၁၃ ပွဲမှာ ၉ ပွဲသာ သွင်းထားလို့ ဘွန်ဒက်စ်လီဂါရဲ့သွင်းဂိုး
အနည်းဆုံးအသင်းဖြစ်နေတာပါ။ တစ်ဖက်မှာ ကိုလုံးကလည်း အဝေးကွင်းနိုင်ပွဲ
မရှိသေးသလို အဝေးကွင်းဂိုးသွင်းအားလည်း မရှိပါဘူး။ အောက်စုံဝင်ဖို့များတဲ့ပွဲပါ။
အော့စ်ဘတ် vs ဘိုချမ်
အော့စ်ဘတ်က နောက်ဆုံးအိမ်ကွင်းပွဲမှာ ဘိုင်ယန်ကို အံ့အားသင့်ဖွယ်နိုင်ထားသလို
နောက်ဆုံးအိမ်ကွင်း ၄ ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင်ထားတာပါ။ တစ်ဖက်မှာ
ဘိုချမ်ကလည်း ဆက်တိုက်ကြေးအောင်နေပြီး နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲနိုင်ထားတာပါ။
ဘွန်ဒက်စ်လီဂါမှာ တန်းတက်အသင်းတွေနဲ့ အိမ်ကွင်းကန်ရတိုင်း မနိုင်ခဲ့သလို
ဈေးလည်းပျော့တာကြောင့် ဧည့်သည်နဲ့စွန့်စားသင့်တယ်။
မိန့်ဇ် vs ဝုဖ်ဘတ်
မိန့်ဇ်ကို ဒီရာသီမှာ သတိထားမိတာက သူတို့ရဲ့အိမ်ကွင်းခြေစွမ်းဖြစ်ပြီး အိမ်ကွင်း
၇ ပွဲမှာ ၅ ဂိုးသာပေးခဲ့ရကာ ယူနီယံဘာလင်နဲ့တစ်ပွဲထဲ ရှုံးထားတာပါ။ ဝုဖ်ဘတ်က
လည်း ပြီးခဲ့တဲ့အပတ်က ဒေ့ါမန်နဲ့တွေ့မှ နည်းပြသစ်ကော့ဖဲလ်လက်ထက်
ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲစကြုံတာပါ။ မိန့်ဇ်က အိမ်ကွင်းခံစစ်မာသလို ဝုဖ်ဘတ်က
လည်း ကစားပုံကျစ်ပြီး ဂိုးပေါင်းဈေးလည်းနိမ့်လို့ ဂိုးအောက်ပဲ စဉ်းစားသင့်တယ်။
ဟော်ဖန်ဟိမ်း vs ဖရန့်ဖတ်
ဟော်ဖန်ဟိမ်းက အိမ်ကွင်း ၄ ပွဲဆက်နိုင်ထားပြီး အဲဒီပွဲတွေမှာ အနိမ့်ဆုံး
၂ ဂိုးနှုန်းလည်း သွင်းနိုင်ခဲ့တယ်။ ဖရန့်ဖတ်ကလည်း ပုံစံကောင်းရနေချိန်ဖြစ်ပြီး
ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး ၃ ပွဲဆက်နိုင်ထားတာပါ။ ဟော်ဖန်ဟိမ်းက
အိမ်ကွင်းဂိုးသွင်းအားကောင်းပြီး ဖရန့်ဖတ်ကလည်း လတ်တလော ၂ ဂိုးနှုန်
းရနေတာပါ။ အစဉ်အလာအရလည်း သူတို့နှစ်သင်းတွေ့ရင် ဂိုးမြူးတာများပြီး
ဂိုးပေါင်းဈေးလည်းမနိမ့်လို့ ဂိုးပေါ်ဝင်မှာပါ။
လေဗာကူဆင် vs ဂရူသာဖတ်
အဆင့် ၃ နေရာက လေဗာကူဆင်ဟာ ပြီးခဲ့တဲ့အပတ်က လစ်ပ်ဇစ်ကို အဝေးကွင်း
ဂိုးပြတ်နိုင်ခဲ့သလို ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ထားတာပါ။ ဇယားအောက်ခြေက
ဂရူသာဖတ်ကတော့ အခုထိ ၁ မှတ်သာရထားလို့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ
တာထွက်အဆိုးဆုံးဖြစ်ပြီး ၁၁ ပွဲဆက်အရှုံးနဲ့အတူ ၃၉ ဂိုးတောင် ပေးထားရတယ်။
လူပြန်စုံနေတဲ့လေဗာကူဆင်တိုက်စစ် ဂိုးမိုးရွာနိုင်မယ့်ပွဲပါ။
ဒေါ့မန် vs ဘိုင်ယန်မြူးနစ်
၁ မှတ်သာကွာကြတဲ့ ထိပ်ဆုံးနှစ်သင်းရဲ့ပွဲကြီးပွဲကောင်းဖြစ်ပါတယ်။ ဂျာမန်ဒါဘီလို့
ပြောရင်လည်း မမှားပါဘူး။ ဒီရာသီဘွန်ဒက်စ်မှာ အိမ်ကွင်း ၇ ပွဲစလုံးနိုင်ထားတဲ့
ဒေါ့မန်အတွက် အကြီးမားဆုံးစမ်းသပ်မှုလည်း ဖြစ်နေတာပါ။ တစ်ဖက်မှာ ဘိုင်ယန်
ကလည်း ဘွန်ဒက်စ်မှာ ပွဲ ၆၀ ဆက်ဂိုးသွင်းထားပြီး ဒီနှစ်ထဲမှာကို စံချိန်တင်အနေနဲ့
အမှတ်ပေး ၁၀၂ ဂိုးသွင်းထားတာပါ။ ဒေါ့မန်ကလည်း ဟာလန်းပြန်ပါနေလို့ ဂိုးပြန်မြူး
နေတယ်။ ဂိုးပေါင်းဈေးပြင်းသလို အစဉ်အလာအရလည်း ဂိုးများကြလို့ ဂိုးပေါ်မယ့်ပွဲပါ။
Zawgyi
ဘီလီဖီးလ် vs ကိုလုံး
အော့စ်ဘတ် vs ဘိုချမ်
မိန့်ဇ် vs ဝုဖ်ဘတ်
လည်း ပြီးခဲ့တဲ့အပတ်က ဒေါ့မန်နဲ့တွေ့မှ နည်းပြသစ်ကော့ဖဲလ်လက်ထက်
လေဗာကူဆင် vs ဂရူသာဖတ်