ဒီနေ့၊ စနေညမှာ လာလီဂါ ၄ ပွဲဆက် ကစားကြမှာပါ။ အက်စ်ပန်ညို၊
ဂရန်နာဒါ၊ ဗီလာရီးရဲလ်ဂိုးအပေါ်၊ ဂီတာဖေးတို့ကို စိတ်ကြိက်တွေ့ပါတယ်။
လီဗန်တေး Vs အက်စ်ပန်ညို
လီဗန်တေးဟာ ရုန်းလေမြှပ်လေဖြစ်နေပြီး လာလီဂါဇယား
အောက်ဆုံးကနေ တက် မလာနိုင်သေးပါဘူး။
ဒီရာသီ လီဗန်တေးရတဲ့ လာလီဂါ ၁၅ ဂိုးအနက် ၇ ဂိုးသွင်းပေးထားတဲ့
အဓိကတိုက်စစ်မှုး မိုရာလက်စ်ကလည်း ဒူးဒဏ်ရာရသွားလို့ ဒီပွဲမှာ မပါနိုင်တော့ဘူး။
ခံစစ်မှုး မီရာမွန်လည်း ပွဲပယ်ခံထားရပါတယ်။ အက်စ်ပန်ညိုကလည်း
အဝေးကွင်းလုံးဝမစံံွဘူး။ လာလီဂါအဝေးကွင်းနောက်ဆုံး ၂၂ ပွဲမှာ ၁ ပွဲပဲ နိုင်ခဲ့တယ်။
လာလီဂါအဝေးကွင်း ၃ ပွဲဆက်လည်း ၁ ပွဲအနည်းဆုံး ၂ ဂိုးပေးခဲ့ရတယ်။
ဒါပေမယ့်လီဗန်တေးထက်စာရင်တော့ အက်စ်ပန်ညိုက ပိုတောင့်ပါတယ်။
အက်စ်ပန်ညိုကို ကြိုက်ပါတယ်။
အက်စ်ပန်ညို
ဂရန်နာဒါ Vs အယ်လ်ချီ
ဂရန်နာဒါက လာလီဂါနောက်ဆုံး ၇ ပွဲအနက် ၆ ပွဲရှံးထားပါတယ်။
လာလီဂါနောက်ဆုံး ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့လည်း နိုင်ပွဲလိုနေပါပြီ။
အယ်လ်ချီနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်တိုက်
ဂရန်နာဒါ အနိုင်ရခဲ့ပါတယ်။ အယ်လ်ချီမှာ အာဂျင်တီးနားကွင်းလယ်ဖန်တီးရှင်
ပတ်စတိုရီ ပွဲပယ်ခံထားရပါတယ်။ အယ်လ်ချီဟာ လာလီဂါအဝေးကွင်း
နောက်ဆုံး ၁၂ ပွဲမှာ ၁ ပွဲပဲ နိုင်ခဲ့ပါတယ်။ လာလီဂါအဝေးကွင်း
နောက်ဆုံး ၆ ပွဲအနက် ၅ ပွဲမှာလည်း တစ်ပွဲအနည်းဆုံး ၂ ဂိုးပေးခဲ့ရတယ်။
ခြေအရ မကြိုက်ရင်တောင် အနိုင်ပြန်ရချိန်တန်နေတဲ့ ဂရန်နာဒါကို ရွေးသင့်ပါတယ်။
ဂရန်နာဒါ
ဗီလာရီးရဲလ် Vs ဆဲလ်တာဗီဂို
ဗီလာရီးရဲလ်ရဲ့ အိမ်ကွင်းစိတ်ချရပါတယ်။ လာလီဂါအိမ်ကွင်း
နောက်ဆုံး ၇ ပွဲဆက်တိုက်လည်း အနိုင်ရထားတယ်။
အဲ့ဒိ ၇ ပွဲအနက် ၆ ပွဲမှာလည်း တစ်ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တယ်။
ဆဲလ်တာဗီဂိုကလည်း ဗီလာရီးရဲလ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ကစားထားတယ်္။
အဲ့ဒိ ၃ ပွဲစလုံးတစ်ပွဲအနည်းဆုံး ၃ ဂိုးသွင်းနိုင်ခဲ့သလို
ဒီပွဲမှာလည်း ဆဲလ်တာဗီဂို ဂိုးတော့ ရနိုင်ပါတယ်။
ဆဲလ်တာဗီဂို ဗဟိုခံစစ်မှုး မယ်လိုလည်း ပွဲပယ်ခံထားရတယ်။
၂ သင်းလုံး ဂိုးရနိုင်လို့ ဂိုးအပေါ်ရွေးသင့်ပါတယ်။
ဂိုးအပေါ်
ဂီတာဖေး Vs ဗလန်စီယာ
ဂီတာဖေးက လာလီဂါအိမ်ကွင်းနောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့ဘူး။
ဂီတာဖေးရဲ့ လာလီဂါ အိမ်ကွင်းနောက်ဆုံး ၃ ပွဲဆက်တိုက်
တစ်ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တယ်။ ဗလန်စီယာနဲ့ ကစားခဲ့တဲ့ပြိုင်ပွဲစုံ
အိမ်ကွင်း ၃ ပွဲစလုံး ဂိုးမပေးရဘဲ ဂီတာဖေး အနိုင်ရခဲ့တယ်။
ဗလန်စီယာမှာ ဒဏ်ရာရကစားသမားတွေနဲ့ပွဲပယ်ခံရသူတွေ များနေပါတယ်။
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတက်သွားပေမယ့် ဗလန်စီယာရဲ့
ကစားပုံက သိပ်ကြိုက်ချင်စရာ မရိှပါဘူး။ အိမ်ကွင်းမာတဲ့ ဂီတာဖေးပဲ ရွေးရမယ်။
ဂီတာဖေး
zawgyi
စနေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါ ပစ်မှတ်များ ကိုရွှေမောင်း
အက်စ်ပန်ညို
ဂရန်နာဒါ Vs အယ်လ်ချီ
ဂရန်နာဒါ
ဂိုးအပေါ်
ဂီတာဖေး Vs ဗလန်စီယာ
ဂီတာဖေး