စနစ်မရှိတဲ့ နာပိုလီရဲ့နေရာလွတ် system ကအရှုံးကိုစာစီကုံးပြရမလို ဖြစ်နေတယ်

နာပိုလီဆိုရင် နေပယ်သားတွေကို ဂန္တဝင်ကြီးမာရာဒိုနာလောက်နဲ့သာ တွဲဖက်မြင်လေ့ရှိပြီး ဥရောပမှာထိပ်သီးစာရင်းဝင်ထဲထည့်မတွက်ကြပါဘူး။

ဒီရာသီအစမှာတော့ စပယ်လက်တီရဲ့အသင်းက အီတလီနဲ့ ဥရောပရဲ့ရောင်စုံညနေခင်းတွေကို သိမ်းပိုက်ဖို့ ချောင်တစ်ချောင်ကနေ စောင့်ကြည့်နေခဲ့တာကိုလူတိုင်းသတိမထားမိခဲ့တာအမှန်ပါပဲ။

ဒီရာသီမှာရှုံးပွဲလုံး၀မရှိခြင်းရဲ့ နောက်ကွယ်အကြောင်းတရားကို သိချင်သူတွေရှိသလို ကူလီဘာလေ၊ အင်ဆစ်ဂ်နီ တို့လိုကြယ်ပွင့်တွေကို ဆုံးရှုံးခဲ့ရတဲ့အချိန်မှာတောင် နာပိုလီကျမသွားဘဲ အမြင့်ပျံလာနိုင်တာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

လီဗာပူး၊ အေဂျက်တို့ပါဝင်တဲ့ အုပ်စုမှာရာနှုန်းပြည့်နိုင်ပွဲရထားပြီး ချန်ပီယံလိဂ်သွင်းဂိုး ၁၇ဂိုး(လက်ရှိအချိန်ပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံး)အထိရယူထားနိုင်တာက သာမန်မဟုတ်လောက်ဘူး။

ဒီရာသီပြိုင်ပွဲစုံမှာ နေပယ်သားတွေဂိုးပေါက်ပျောက်တဲ့ပွဲစဉ် တစ်ပွဲသာရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ အေဂျက်လိုအသင်းကို အမ်စတာဒမ်မှာ ၁-၆ ဂိုးနဲ့ လှော်ပြလိုက်တာက မာရာဒိုနာကြီးသာသက်ရှိထင်ရှားရှိနေရင် ဘယ်လောက်တောင်ဂုဏ်ယူလိုက်မလဲပေါ့။

တစ်ဖက်ကနယ်သာလန်ဂုရုကြီးဂျိုဟန်ခရိုက်ဖ်ကတော့ အမ်စတာဒမ်အဖြစ်အပျက်အတွက် စိတ်အနှောက်ယှက်ဖြစ်မှာသေချာပါတယ်။

နည်းပြစပယ်လက်တီဟာ သူ့အသင်းမှာ ကိုရီးယားသားကင်မင်ဂျေး၊ ဂျော်ဂျီယာ လူငယ်လေး ကာရက်စကီလီယာ၊ ဆက်ဆူအိုလိုရဲ့ ရက်စ်ပါဒိုရီ တို့လောက်ကိုသာ အမာခံအားဖြည့်ခဲ့တာပါ။

“ဒီလိုညနေခင်းတွေမှာ မင်းကိုလေထုကလွှမ်းခြုံထားတယ်။ ကျွန်တော့်ခေါင်းပတ်ချာလည်မှာ ကြယ်တွေမြင်နေရပြီး တစ်ချက်တစ်ချက် ခေါင်းမူးစေပါတယ်။

ဒီအရည်အချင်းက ကောင်းလေးတွေအတွက်သာဖြစ်ပြီး ဒီလိုအစုအဖွဲ့နဲ့အလုပ်လုပ်ရတာ ကံကောင်းပါတယ်။ တစ်မြို့လုံးက သူတို့အတွက် ဂုဏ်ယူနေတယ်။ ဒီမြို့ကမှန်ကန်တဲ့လှုံ့ဆော်မှုနဲ့ တွန်းအားတွေပေးတယ်။

ဘောလုံး မှာစနစ်တွေမရှိတော့ဘူး။ ဒါတွေအားလုံးဟာ ပြိုင်ဘက်ကပေးတဲ့နေရာလွတ်တွေပါပဲ။ အမြန်ရှာပြီး လုပ်ကြံဖို့အတွက် အချိန်ကိုသိထားရမယ်။ လှုပ်ရှားမှုကို စတင်ဖို့သ တ္တိရှိရမယ်” လို့ စပယ်လက်တီကြီးက အေဂျက်နဲ့ဒုတိယအကျော့ပွဲအပြီးမှာ ဆိုထားပါတယ်။

အင်တာမီလန်အသင်းကို နောက်ဆုံးကိုင်တွယ်ပြီး ၂၀၁၉ မှာ ဘောလုံးလောကနဲ့ခေတ္တအဆက်ဖြတ်ထားတဲ့ နည်းပြစပယ်လက်တီဟာ ၂၀၂၁ မှာ နာပိုလီနဲ့ပြန်ပေါ်လာပြီး နေပယ်လ်သားတွေကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် သေချာစေခဲ့ပြီဖြစ်သလို စီးရီးအေမှာလည်းရှုံးပွဲမရှိနဲ့ စကူဒက်တိုဖလားကို မျက်စောင်းထိုးပြနေပါပြီ။

နေပယ်လ်သားတွေကလည်း အသင်းရဲ့ ၁၂မြောက်ကစားသမားပုံစံနဲ့ အသင်းနိုင်ပွဲတွေကို အားပါးတရခံစားနေကြပါပြီ။

နိုင်ပွဲတွေနဲ့အတူ “ကာရာဒိုနာ” လို့ ချစ်စနိုးအခေါ်ခံနေရတဲ့ ဂျော်ဂျီယာရဲ့ မာရာဒိုနာလက်သစ်လေး ကာရက်စကီလီယာကို မွေးဖွားပေးနိုင်ခဲ့တာက နာပိုလီအတွက်နောက်ထပ်ဆုလာဘ်တစ်ခုပါပဲ။ စပယ်လက်တီရဲ့ကောင်လေးတွေအားလုံးကဘာမထီပုံစံနဲ့ အရမ်းကိုရဲရင့်ပြနေလို့ သူတို့အတွက်အရှုံးဆိုတဲ့အရာကို စာစီကုံးပြရမလိုဖြစ်နေပါပြီ။

(Zawgyi)

စနစ္မရွိတဲ့ နာပိုလီရဲ႕ေနရာလြတ္ system ကအရႈံးကိုစာစီကုံးျပရမလို ျဖစ္ေနတယ္

နာပိုလီဆိုရင္ ေနပယ္သားေတြကို ဂႏၲဝင္ႀကီးမာရာဒိုနာေလာက္နဲ႔သာ တြဲဖက္ျမင္ေလ့ရွိၿပီး ဥေရာပမွာထိပ္သီးစာရင္းဝင္ထဲထည့္မတြက္ၾကပါဘူး။

ဒီရာသီအစမွာေတာ့ စပယ္လက္တီရဲ႕အသင္းက အီတလီနဲ႔ ဥေရာပရဲ႕ေရာင္စုံညေနခင္းေတြကို သိမ္းပိုက္ဖို႔ ေခ်ာင္တစ္ေခ်ာင္ကေန ေစာင့္ၾကည့္ေနခဲ့တာကိုလူတိုင္းသတိမထားမိခဲ့တာအမွန္ပါပဲ။

ဒီရာသီမွာရႈံးပြဲလုံး၀မရွိျခင္းရဲ႕ ေနာက္ကြယ္အေၾကာင္းတရားကို သိခ်င္သူေတြရွိသလို ကူလီဘာေလ၊ အင္ဆစ္ဂ္နီ တို႔လိုၾကယ္ပြင့္ေတြကို ဆုံးရႈံးခဲ့ရတဲ့အခ်ိန္မွာေတာင္ နာပိုလီက်မသြားဘဲ အျမင့္ပ်ံလာႏိုင္တာက စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

လီဗာပူး၊ ေအဂ်က္တို႔ပါဝင္တဲ့ အုပ္စုမွာရာႏႈန္းျပည့္ႏိုင္ပြဲရထားၿပီး ခ်န္ပီယံလိဂ္သြင္းဂိုး ၁၇ဂိုး(လက္ရွိအခ်ိန္ၿပိဳင္ပြဲရဲ႕သြင္းဂိုးအမ်ားဆုံး)အထိရယူထားႏိုင္တာက သာမန္မ ဟုတ္ေလာက္ဘူး။

ဒီရာသီၿပိဳင္ပြဲစုံမွာ ေနပယ္သားေတြဂိုးေပါက္ေပ်ာက္တဲ့ပြဲစဥ္ တစ္ပြဲသာရွိခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ ေအဂ်က္လိုအသင္းကို အမ္စတာဒမ္မွာ ၁-၆ ဂိုးနဲ႔ ေလွာ္ျပလိုက္တာက မာရာဒိုနာႀကီးသာသက္ရွိထင္ရွားရွိေနရင္ ဘယ္ေလာက္ေတာင္ဂုဏ္ယူလိုက္မလဲေပါ့။

တစ္ဖက္ကနယ္သာလန္ဂု႐ုႀကီးဂ်ိဳဟန္ခ႐ိုက္ဖ္ကေတာ့ အမ္စတာဒမ္အျဖစ္အပ်က္အတြက္ စိတ္အေႏွာက္ယွက္ျဖစ္မွာေသခ်ာပါတယ္။ နည္းျပစပယ္လက္တီဟာ သူ႔အသင္းမွာ ကိုရီးယားသားကင္မင္ေဂ်း၊ ေဂ်ာ္ဂ်ီယာ လူငယ္ေလး ကာရက္စကီလီယာ၊ ဆက္ဆူအိုလိုရဲ႕ ရက္စ္ပါဒိုရီ တို႔ေလာက္ကိုသာ အမာခံအားျဖည့္ခဲ့တာပါ။

“ဒီလိုညေနခင္းေတြမွာ မင္းကိုေလထုကလႊမ္းၿခဳံထားတယ္။ ကြၽန္ေတာ့္ေခါင္းပတ္ခ်ာလည္မွာ ၾကယ္ေတြျမင္ေနရၿပီး တစ္ခ်က္တစ္ခ်က္ ေခါင္းမူးေစပါတယ္။ ဒီအရည္အခ်င္းက ေကာင္းေလးေတြအတြက္သာျဖစ္ၿပီး ဒီလိုအစုအဖြဲ႕နဲ႔အလုပ္လုပ္ရတာ ကံေကာင္းပါတယ္။ တစ္ၿမိဳ႕လုံးက သူတို႔အတြက္ ဂုဏ္ယူေနတယ္။

ဒီၿမိဳ႕ကမွန္ကန္တဲ့လႈံ႕ေဆာ္မႈနဲ႔ တြန္းအားေတြေပးတယ္။ ေဘာလုံး မွာစနစ္ေတြမရွိေတာ့ဘူး။ ဒါေတြအားလုံးဟာ ၿပိဳင္ဘက္ကေပးတဲ့ေနရာလြတ္ေတြပါ ပဲ။

အျမန္ရွာၿပီး လုပ္ႀကံဖို႔အတြက္ အခ်ိန္ကိုသိထားရမယ္။ လႈပ္ရွားမႈကို စတင္ဖို႔သ တၱိရွိရမယ္” လို႔ စပယ္လက္တီႀကီးက ေအဂ်က္နဲ႔ဒုတိယအေက်ာ့ပြဲအၿပီးမွာ ဆိုထားပါတယ္။

အင္တာမီလန္အသင္းကို ေနာက္ဆုံးကိုင္တြယ္ၿပီး ၂၀၁၉ မွာ ေဘာလုံးေလာကနဲ႔ေခတၱအဆက္ျဖတ္ထားတဲ့ နည္းျပစပယ္လက္တီဟာ ၂၀၂၁ မွာ နာပိုလီနဲ႔ျပန္ေပၚလာၿပီး ေနပယ္လ္သားေတြကို ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ေသခ်ာေစခဲ့ၿပီျဖစ္သလို စီးရီးေအမွာလည္းရႈံးပြဲမရွိနဲ႔ စကူဒက္တိုဖလားကို မ်က္ေစာင္းထိုးျပေနပါၿပီ။

ေနပယ္လ္သားေတြကလည္း အသင္းရဲ႕ ၁၂ေျမာက္ကစားသမားပုံစံနဲ႔ အသင္းႏိုင္ပြဲေတြကို အားပါးတရခံစားေနၾကပါၿပီ။

ႏိုင္ပြဲေတြနဲ႔အတူ “ကာရာဒိုနာ” လို႔ ခ်စ္စႏိုးအေခၚခံေနရတဲ့ ေဂ်ာ္ဂ်ီယာရဲ႕ မာရာဒိုနာလက္သစ္ေလး ကာရက္စကီလီယာကို ေမြးဖြားေပးႏိုင္ခဲ့တာက နာပိုလီအတြက္ေနာက္ထပ္ဆုလာဘ္တစ္ခုပါပဲ။ စပယ္လက္တီရဲ႕ေကာင္ေလးေတြအားလုံးကဘာမထီပုံစံနဲ႔ အရမ္းကိုရဲရင့္ျပေနလို႔ သူတို႔အတြက္အရႈံးဆိုတဲ့အရာကို စာစီကုံးျပရမလိုျဖစ္ေနပါၿပီ။