
နယူးကာဆယ်ရဲ့ပိုင်ရှင်သစ်များဟာယခုအပတ်တွင်နည်းပြစတိဗ်ဘရုစ်အား
နစ်နာကြေးပေါင်၈သန်းပေးကာရာထူးမှဖယ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရပါတယ်။ The Daily Mail သတင်းစာရဲ့ဖော်ပြချက်အရပိုင်ရှင်သစ်များဟာ
နယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်ဝယ်ယူနိုင်ခဲ့ပြီးနောက်ယခုအပတ်အကုန်တွင်
ကစားရမယ့်စပါးစ်နှင့်ပွဲစဉ်မတိုင်မီ စတိဗ်ဘရုစ်ကိုရာထူးမှထုတ်ပယ်လိုနေတာဖြစ်ပါတယ်။
စတိဗ်ဘရုစ်ဟာစပါးစ်နှင့်ပွဲမတိုင်မီ အထုတ်ခံရမယ်ဆိုပါကသူ့နည်းပြဘဝအတွက်
အံ့ဩစရာကောင်းတဲ့မှတ်တိုင်တစ်ခုစိုက်ထူနိုင်အောင် စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။
စတိဗ်ဘရုစ်ဟာလာမယ့်စပါးစ်နှင့်ပွဲစဉ်မှာနည်းပြဘဝ ပွဲ၁၀၀၀ပြည့်မှာလည်းဖြစ်ပါတယ်။
ဒါပေမယ့်နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်ကိုနစ်နာကြေးပေါင်၈သန်းပေးကာ
ထုတ်ပယ်ပြီးအမြဲတမ်းနည်းပြမတွေ့မီအချိန်အထိလက်ထောက်နည်းပြအဖြစ်
ထမ်းဆောင်နေတဲ့ဂန္ထဝင်ကစားသမားဂရေမီဂျုံးစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ပါမယ်။
နယူးကာဆယ်ဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးရန်အတွက် ဇီဒန်း၊အန်တိုနီယိုကွန်တီ၊
ဂရေဟမ်ပေါ်တာ၊ဒေါ့မွန်နည်းပြဟောင်းလူစီယန်ဖာဗရီ၊ရိန်းဂျားနည်းပြစတီဗင်ဂျရတ်၊
လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကိုပစ်မှတ်ထားနေပါတယ်။
zawgyi
စတိဗ္ဘ႐ုစ္အား နစ္နာေၾကးေပါင္ ၈ သန္းေပးကာ ရာထူးမွဖယ္ရွားမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရ
နယူးကာဆယ္ရဲ႕ပိုင္ရွင္သစ္မ်ားဟာယခုအပတ္တြင္နည္းျပစတိဗ္ဘ႐ုစ္အား
နစ္နာေၾကးေပါင္၈သန္းေပးကာရာထူးမွဖယ္ရွားမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္း
သိရပါတယ္။ The Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရပိုင္ရွင္သစ္မ်ားဟာ
နယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္ဝယ္ယူႏိုင္ခဲ့ၿပီးေနာက္ယခုအပတ္အကုန္တြင္
ကစားရမယ့္စပါးစ္ႏွင့္ပြဲစဥ္မတိုင္မီ စတိဗ္ဘ႐ုစ္ကိုရာထူးမွထုတ္ပယ္လိုေနတာျဖစ္ပါတယ္။
စတိဗ္ဘ႐ုစ္ဟာစပါးစ္ႏွင့္ပြဲမတိုင္မီ အထုတ္ခံရမယ္ဆိုပါကသူ႔နည္းျပဘဝအတြက္
အံ့ဩစရာေကာင္းတဲ့မွတ္တိုင္တစ္ခုစိုက္ထူႏိုင္ေအာင္ ေစာင့္ဆိုင္းရေတာ့မွာျဖစ္ပါတယ္။
စတိဗ္ဘ႐ုစ္ဟာလာမယ့္စပါးစ္ႏွင့္ပြဲစဥ္မွာနည္းျပဘဝ ပြဲ၁၀၀၀ျပည့္မွာလည္းျဖစ္ပါတယ္။
ဒါေပမယ့္နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ကိုနစ္နာေၾကးေပါင္၈သန္းေပးကာ
ထုတ္ပယ္ၿပီးအၿမဲတမ္းနည္းျပမေတြ႕မီအခ်ိန္အထိလက္ေထာက္နည္းျပအျဖစ္
ထမ္းေဆာင္ေနတဲ့ဂႏၴဝင္ကစားသမားဂေရမီဂ်ဳံးစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ပါမယ္။
နယူးကာဆယ္ဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးရန္အတြက္ ဇီဒန္း၊အန္တိုနီယိုကြန္တီ၊
ဂေရဟမ္ေပၚတာ၊ေဒါ့မြန္နည္းျပေဟာင္းလူစီယန္ဖာဗရီ၊ရိန္းဂ်ားနည္းျပစတီဗင္ဂ်ရတ္၊
လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔ကိုပစ္မွတ္ထားေနပါတယ္။