စတာလင်းကို ပေါင် ၃၅သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ချဲလ်ဆီး ယုံကြည်ထား

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ

မန်စီးတီးကြယ်ပွင့် စတာလင်းကို
ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက
အသက် ၂၇ နှစ်အရွယ်ရှိ စတာလင်းကို
ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်ခဲ့တာဖြစ်ပြီး

အသင်းအနေနဲ့ ၂၀၁၇ နောက်ပိုင်း
ပထမဆုံးလိဂ်အမှတ်ပေးချန်ပီယံဖြစ်ရေးအတွက်
ယခုနွေရာသီမှာ အင်အားဖြည့်တင်းလိုနေပါတယ်။
ချဲလ်ဆီးဟာ ဘာစီလိုနာမှာ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား

ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့်
ယခုတော့ အင်္ဂလန်လက်ရွေးစင် စတာလင်းကို
ခေါ်ယူဖို့ ပိုမိုအားစိုက်ကြိုးစားလာပါတယ်။
အပြောင်းအရွှေ့သတင်းထောက် ဒီမာရီဇီယိုရဲ့
သတင်းပေးပို့ချက်အရ ချဲလ်ဆီးဟာ

ယခုနွေရာသီအတွင်း စတာလင်းကို
ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
စတာလင်းဟာ ၂၀၁၂ မှာ လီဗာပူးနဲ့အတူ
ထင်ပေါ်လာပြီးနောက် ၂၀၁၅ နွေရာသီမှာ
ဈေးအကြီးဆုံးအင်္ဂလိပ်ကစားသမားအဖြစ်(ထိုစဉ်က)

မန်စီးတီးကို ရောက်လာခဲ့တာဖြစ်ပြီး
စီးတီးအတွက် ပြိုင်ပွဲစုံ ၃၃၉ပွဲမှာ
သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း
၂၂၆ ဂိုး ပြုလုပ်ပေးထားပါတယ်။
အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ

ချဲလ်ဆီးဟာ တိုက်စစ်မှူး လူကာကူ
အသင်းဟောင်း အင်တာမီလန်ထံ
ပြန်လည်ပြောင်းရွှေ့သွားပြီးမှသာ
ကစားသမားသစ် ခေါ်ယူဖို့
အဆင်ပြေလိမ့်မယ်လို့ သိရပါတယ်။

စတာလင်းရဲ့အနာဂတ်ကလည်း
မသေမချာဖြစ်နေပြီး ကစားသမားဖြစ်သူက
ယခုနွေရာသီအတွင်း ချဲလ်ဆီးကို
ပြောင်းရွှေ့ကစားလိုနေပါတယ်။

Zawgyi

စတာလင္းကို ေပါင္ ၃၅သန္းနဲ႔ ေခၚယူႏုိင္မယ္လုိ႔ ခ်ဲလ္ဆီး ယုံၾကည္ထား
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ
မန္စီးတီးၾကယ္ပြင့္ စတာလင္းကို

ေခၚယူႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။
ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကတည္းက
အသက္ ၂၇ ႏွစ္အရြယ္ရွိ စတာလင္းကို
ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တာျဖစ္ၿပီး
အသင္းအေနနဲ႔ ၂၀၁၇ ေနာက္ပိုင္း

ပထမဆုံးလိဂ္အမွတ္ေပးခ်န္ပီယံျဖစ္ေရးအတြက္
ယခုေႏြရာသီမွာ အင္အားျဖည့္တင္းလုိေနပါတယ္။
ခ်ဲလ္ဆီးဟာ ဘာစီလုိနာမွာ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးေတာ့မယ့္ ေတာင္ပံကစားသမား
ဒမ္ဘီလီကို ေခၚယူဖို႔ ႀကိဳးစားေနေပမယ့္

ယခုေတာ့ အဂၤလန္လက္ေရြးစင္ စတာလင္းကို
ေခၚယူဖို႔ ပိုမိုအားစုိက္ႀကိဳးစားလာပါတယ္။
အေျပာင္းအေရႊ႕သတင္းေထာက္ ဒီမာရီဇီယိုရဲ႕
သတင္းေပးပို႔ခ်က္အရ ခ်ဲလ္ဆီးဟာ
ယခုေႏြရာသီအတြင္း စတာလင္းကို

ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။
စတာလင္းဟာ ၂၀၁၂ မွာ လီဗာပူးနဲ႔အတူ
ထင္ေပၚလာၿပီးေနာက္ ၂၀၁၅ ေႏြရာသီမွာ
ေစ်းအႀကီးဆုံးအဂၤလိပ္ကစားသမားအျဖစ္(ထိုစဥ္က)
မန္စီးတီးကို ေရာက္လာခဲ့တာျဖစ္ၿပီး

စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၃၃၉ပြဲမွာ
သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ စုစုေပါင္း
၂၂၆ ဂိုး ျပဳလုပ္ေပးထားပါတယ္။
အေစာပိုင္းက ထြက္ေပၚခဲ့တဲ့သတင္းေတြအရ
ခ်ဲလ္ဆီးဟာ တုိက္စစ္မွဴး လူကာကူ

အသင္းေဟာင္း အင္တာမီလန္ထံ
ျပန္လည္ေျပာင္းေရႊ႕သြားၿပီးမွသာ
ကစားသမားသစ္ ေခၚယူဖုိ႔
အဆင္ေျပလိမ့္မယ္လုိ႔ သိရပါတယ္။
စတာလင္းရဲ႕အနာဂတ္ကလည္း

မေသမခ်ာျဖစ္ေနၿပီး ကစားသမားျဖစ္သူက
ယခုေႏြရာသီအတြင္း ခ်ဲလ္ဆီးကို
ေျပာင္းေရႊ႕ကစားလုိေနပါတယ္။