စတမ်းဖို့ဒ်ဘရစ်ချ်ဟာ အာတီတာအတွက် အောင်မြေဖြစ်နေပြီလား…? စတမ်းဖို့ဒ်ဘရစ်ချ်ခံတပ်ကို ဖြိုချခဲ့ပြီး ပရီးမီးယားလိဂ်ဇယားထိပ်ကို ပြန်ဦးဆောင်လာတဲ့ဂန်းနား

ချဲလ်ဆီးဟာ လန်ဒန်ပြိုင်ဘက်အာဆင်နယ်နဲ့တွေ့မှပဲ ဒီရာသီပထမဆုံးအိမ်ကွင်းအရှုံးဆိုတာကို ကြုံတွေ့လိုက်ရပါတယ်။

အာတီတာရဲ့အသင်းအနေနဲ့ မှတ်မှတ်ရရအဖြစ် ချဲလ်ဆီးအိမ်ကွင်း

စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ဆုံး ၃ ကြိမ်ဆက်အနိုင်ရခဲ့တာပါ။

ဆာကာတင်ပေးတဲ့ ထောင့်ကန်ဘောကတစ်ဆင့် ဂါဘရီရယ်ပိတ်သွင်းခဲ့တဲ့

တစ်လုံးတည်းသောဂိုးဟာ ဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။

အဲဒီတစ်လုံးတည်းသောအနိုင်ဂိုးနဲ့ပဲ အာဆင်နယ်ဟာ မန်စီးတီး ၂၄ နာရီကြာရယူထားတဲ့

အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

ကစားသွားခဲ့တဲ့ခြေစွမ်းအရလည်း အာဆင်နယ်ဟာ ချဲလ်ဆီးကွင်းမှာ ထိုက်ထိုက်တန်တန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒုတိယပိုင်းမှာ သူတို့က ချဲလ်ဆီးထက် ပိုကောင်းတဲ့အသင်းဆိုတာ ပိုသေချာခဲ့တာပါ။

အာဆင်နယ်က ပွဲချိန်အများစုမှာ စိုးမိုးကစားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးကတော့ ကစားကွက်တည်မရ ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ သိပ်မကွာဘူးဆိုရင်တောင် ဒုတိယပိုင်းမှာ အာဆင်နယ်က ပိုဖိအားပေးနိုင်ခဲ့ပြီး

၆၃ မိနစ်အရောက်မှာ တစ်လုံးတည်းသောအနိုင်ဂိုးရသွားခဲ့တာပါ။

ဆာကာတင်ပေးလိုက်တဲ့ ထောင့်ကန်ဘောက ရှုပ်ရှပ်ခတ်နေတဲ့ကစားသမားတွေကြားထဲကနေ

ဂိုးဆီကို ရောက်သွားပြီး ဂိုးစည်းပေါ်မှာပဲ သေချာသွားအောင် နောက်ခံလူဂါဘရီရယ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ချဲလ်ဆီးက ပြန်လည်ချေပနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ

အာဆင်နယ်ရဲ့ကောင်တာတွေကတောင် ပိုကြောက်စရာကောင်းခဲ့တာပါ။

နောက်ဆုံးမှာတော့ အာတီတာရဲ့အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အဖိုးတန် ၃ မှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။

မန်စီးတီးကို ၂ မှတ်သာထားတဲ့ ဂန်းနားတပ်ဖွဲ့ဟာ လာမယ့်စနေ ဝုဗ်နဲ့ပွဲမှာ နိုင်မယ်ဆို

ကမ္ဘာ့ဖလားကြားဖြတ်မတိုင်ခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအဖြစ် သေချာမှာပါ။

zawgyi

စတမ္းဖို႔ဒ္ဘရစ္ခ်္ဟာ အာတီတာအတြက္ ေအာင္ေျမျဖစ္ေနၿပီလား…?

စတမ္းဖို႔ဒ္ဘရစ္ခ်္ခံတပ္ကို ၿဖိဳခ်ခဲ့ၿပီး ပရီးမီးယားလိဂ္ဇယားထိပ္ကို ျပန္ဦးေဆာင္လာတဲ့ဂန္းနား

ခ်ဲလ္ဆီးဟာ လန္ဒန္ၿပိဳင္ဘက္အာဆင္နယ္နဲ႔ေတြ႕မွပဲ ဒီရာသီပထမဆုံးအိမ္ကြင္းအရႈံးဆိုတာကို ႀကဳံေတြ႕လိုက္ရပါတယ္။

အာတီတာရဲ႕အသင္းအေနနဲ႔ မွတ္မွတ္ရရအျဖစ္ ခ်ဲလ္ဆီးအိမ္ကြင္း

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေနာက္ဆုံး ၃ ႀကိမ္ဆက္အႏိုင္ရခဲ့တာပါ။

ဆာကာတင္ေပးတဲ့ ေထာင့္ကန္ေဘာကတစ္ဆင့္ ဂါဘရီရယ္ပိတ္သြင္းခဲ့တဲ့

တစ္လုံးတည္းေသာဂိုးဟာ ဒီပြဲရဲ႕အဆုံးအျဖတ္ျဖစ္ခဲ့ပါတယ္။

အဲဒီတစ္လုံးတည္းေသာအႏိုင္ဂိုးနဲ႔ပဲ အာဆင္နယ္ဟာ မန္စီးတီး ၂၄ နာရီၾကာရယူထားတဲ့

အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့တာပါ။

ကစားသြားခဲ့တဲ့ေျခစြမ္းအရလည္း အာဆင္နယ္ဟာ ခ်ဲလ္ဆီးကြင္းမွာ ထိုက္ထိုက္တန္တန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အထူးသျဖင့္ ဒုတိယပိုင္းမွာ သူတို႔က ခ်ဲလ္ဆီးထက္ ပိုေကာင္းတဲ့အသင္းဆိုတာ ပိုေသခ်ာခဲ့တာပါ။

အာဆင္နယ္က ပြဲခ်ိန္အမ်ားစုမွာ စိုးမိုးကစားႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးကေတာ့ ကစားကြက္တည္မရ ျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ သိပ္မကြာဘူးဆိုရင္ေတာင္ ဒုတိယပိုင္းမွာ အာဆင္နယ္က ပိုဖိအားေပးႏိုင္ခဲ့ၿပီး

၆၃ မိနစ္အေရာက္မွာ တစ္လုံးတည္းေသာအႏိုင္ဂိုးရသြားခဲ့တာပါ။

ဆာကာတင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာက ရႈပ္ရွပ္ခတ္ေနတဲ့ကစားသမားေတြၾကားထဲကေန

ဂိုးဆီကို ေရာက္သြားၿပီး ဂိုးစည္းေပၚမွာပဲ ေသခ်ာသြားေအာင္ ေနာက္ခံလူဂါဘရီရယ္က ပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာ ခ်ဲလ္ဆီးက ျပန္လည္ေခ်ပႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အရာမထင္ခဲ့ဘဲ

အာဆင္နယ္ရဲ႕ေကာင္တာေတြကေတာင္ ပိုေၾကာက္စရာေကာင္းခဲ့တာပါ။

ေနာက္ဆုံးမွာေတာ့ အာတီတာရဲ႕အသင္းဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အဖိုးတန္ ၃ မွတ္ျပည့္ယူႏိုင္ခဲ့ပါတယ္။

မန္စီးတီးကို ၂ မွတ္သာထားတဲ့ ဂန္းနားတပ္ဖြဲ႕ဟာ လာမယ့္စေန ဝုဗ္နဲ႔ပြဲမွာ ႏိုင္မယ္ဆို

ကမာၻ႔ဖလားၾကားျဖတ္မတိုင္ခင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူအျဖစ္ ေသခ်ာမွာပါ။