စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲမှာ ကိုယ်တုံးလုံးနီးပါးချွတ်ပြီးပြေးလွှားခဲ့တဲ့ ကိုဗာဆစ်

မန်ယူနဲ့သရေကျတဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးကွင်းလယ်လူကိုဗာဆစ်ရဲ့ လုပ်ရပ်တစ်ခုက လူရယ်စရာဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာဂျော်ဂျင်ဟိုရဲ့ ၈၇မိနစ်ဂိုးနဲ့အနိုင်ရဖို့နီးစပ်ခဲ့ပေမဲ့ သရဲနီတွေဟာ ကက်စ်မီရိုရဲ့နောက်ကျဂိုးနဲ့ ပြဇာတ်ဆန်ဆန်ပြန်လာနိုင်ခဲ့တာက အပြာရောင်ပရိသတ်တွေကို ခံစားသွားစေခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအပြီးမှာတော့ ခရိုအေးရှားသားရဲ့ လုပ်ရပ်က ချဲလ်ဆီးနဲ့ပတ်သတ်သူတွေကို ပြုံးပျော်စေခဲ့တာတော့ အမှန်ပါ။

အတွင်းခံ ဘောင်းဘီတစ်ထည်တည်းနဲ့ ပြေးလွှားနေတဲ့ပုံရိပ်က အံ့အားသင့်စရာဖြစ်ခဲ့သလို ဒီပုံရိပ်ကို Sky Sport ရုပ်သံတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟက်ဆယ်ဘိန့်ခ်ကတွေ့ပြီးတဲ့နောက် “ဒီကောင့်ကြည့် ရတာ အဆင်ပြေလိုက်တာ” လို့ ဟာသလုပ်ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ ကိုဗာဆစ်ကိုသတိပြုမိခဲ့ပြီး “စတေကာမ ဟုတ်ဘူး၊ ကိုဗစ်ဆစ်ရဲ့လက်ရှိအခြေအနေ” ၊ “ဒီကောင်ဘာတွေလျှောက်လုပ်နေ တာလဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

မန်ယူနဲ့သရေကျပေမဲ့ ချဲလ်ဆီးက အဆင့် ၄နေရာကို လက်လွှတ်ခဲ့ရတာမျိုးမရှိခဲ့ပေမဲ့ ကိုဗာဆစ်ကတော့ ယူနိုက်တက် ရဲ့နောက်ကျသွင်းဂိုးကြောင့် လွတ်ကြောင်ဖြစ်သွားပုံရပါတယ်။

ချဲလ်ဆီးဟာကြားရက်မှာ ဆဲလ်ဘတ်ကွင်းကိုသွားရောက်ပြီး ချန်ပီယံလိဂ်ပွဲစဉ်ကစားရဖို့ရှိနေပါတယ်။

(Zawgyi)

စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းထဲမွာ ကိုယ္တုံးလုံးနီးပါးခြၽတ္ၿပီးေျပးလႊားခဲ့တဲ့ ကိုဗာဆစ္

မန္ယူနဲ႔သေရက်တဲ့ပြဲစဥ္အၿပီးမွာ ခ်ဲလ္ဆီးကြင္းလယ္လူကိုဗာဆစ္ရဲ႕ လုပ္ရပ္တစ္ခုက လူရယ္စရာျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာေဂ်ာ္ဂ်င္ဟိုရဲ႕ ၈၇မိနစ္ဂိုးနဲ႔အႏိုင္ရဖို႔နီးစပ္ခဲ့ေပမဲ့ သရဲနီေတြဟာ ကက္စ္မီ႐ိုရဲ႕ေနာက္က်ဂိုးနဲ႔ ျပဇာတ္ဆန္ဆန္ျပန္လာႏိုင္ခဲ့တာက အျပာေရာင္ပရိ သတ္ေတြကိုခံစားသြားေစခဲ့ပါတယ္။

ဒါေပမဲ့ ပြဲအၿပီးမွာေတာ့ ခ႐ိုေအးရွားသားရဲ႕ လုပ္ရပ္က ခ်ဲလ္ဆီးနဲ႔ပတ္သတ္သူေတြကို ၿပဳံးေပ်ာ္ေစခဲ့တာေတာ့အမွန္ပါ။

အတြင္းခံ ေဘာင္းဘီတစ္ထည္တည္းနဲ႔ ေျပးလႊားေနတဲ့ပုံရိပ္က အံ့အားသင့္စရာျဖစ္ခဲ့သလို ဒီပုံရိပ္ကို Sky Sport ႐ုပ္သံတင္ဆက္သူအျဖစ္ပါဝင္ခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟက္ဆယ္ဘိန႔္ခ္ကေတြ႕ၿပီးတဲ့ေနာက္ “ဒီေကာင့္ၾကည့္ ရတာ အဆင္ေျပလိုက္တာ” လို႔ ဟာသလုပ္ေျပာဆိုခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြဟာ ကိုဗာဆစ္ကိုသတိျပဳမိခဲ့ၿပီး “စေတကာမ ဟုတ္ဘူး၊ ကိုဗစ္ဆစ္ရဲ႕လက္ရွိအေျခအေန” ၊ “ဒီေကာင္ဘာေတြေလွ်ာက္လုပ္ေန တာလဲ” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။

မန္ယူနဲ႔သေရက်ေပမဲ့ ခ်ဲလ္ဆီးက အဆင့္ ၄ေနရာကို လက္လႊတ္ခဲ့ရတာမ်ိဳးမရွိခဲ့ေပမဲ့ ကိုဗာဆစ္ကေတာ့ ယူႏိုက္တက္ ရဲ႕ေနာက္က်သြင္းဂိုးေၾကာင့္ လြတ္ေၾကာင္ျဖစ္သြားပုံရပါတယ္။ ခ်ဲလ္ဆီးဟာ ၾကား ရက္မွာ ဆဲလ္ဘတ္ကြင္းကိုသြားေရာက္ၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္ကစားရဖို႔ရွိေနပါတယ္။