စတမ်းဖို့ဒ်ဘရစ်ချ်ကို မျက်ရည်စတွေနဲ့ ကျောခိုင်းခဲ့ရတဲ့ ဗာရာနီ

မန်ယူကို ရောက်လာပြီးကတည်းက ဒဏ်ရာဝဲဂယက်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့ရတဲ့ နောက်ခံလူ ဗာရာနီဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မှာဖြစ် တယ်လို့ သတင်းထွက်လာပါတယ်။

လက်ရှိမှာတော့ ဗာရာနီရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး စောင့်ကြည့်နေပါတယ်။

ချဲလ်ဆီးနဲ့ တစ်ဂိုး စီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒီပြင်သစ်သားဟာ အိမ်ရှင်အသင်းတိုက်စစ်မှူး အူဘာမီယန်းကို တားဆီးဖို့ ကြိုးစားရင်းနဲ့ အရှိန်များပြီး ဆောင့်နင်းမိသလို ဖြစ် သွားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေခဲ့သလို ဖြစ်ခဲ့တာပါ။

ဗာရာနီ လဲကျသွားတဲ့ပုံစံကို ကြည့်ရတာတော့ အတော်လေးကို ဒဏ်ရာ ပြင်းထန်မယ့် ပုံစံမျိုး ရှိခဲ့ပြီး မျက်ရည်မဆယ်နိုင်အောင် ဖြစ်ခဲ့ရလို့ မျက်နှာကို သူ့ရဲ့ ဂျာစီနဲ့ တစ်ချိန်လုံး ဖုံးအုပ်ထားခဲ့ပါတယ်။ ဒီအတွက် အန်တိုနီအပါအဝင် အသင်း ဖော်တွေက သူ့ကို အားပေးခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဗာရာနီဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှာ အဓိက အခန်းကဏ္ဍက နေ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး နည်းပြ ဒက်စ်ချမ့်ရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက် ကစားခဲ့တဲ့ ပွဲတိုင်းမှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ပွဲချိန်ပြည့် ကစားခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာပါ။

နောက်ပြီး ဥရုဂွေးနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပြင် သစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားပါ။

ဒဏ်ရာရသွား ခဲ့တဲ့အတွက် လင်ဒီလော့ဖ်နဲ့ လူစားလဲခံခဲ့ရတဲ့ နောက်ခံလူ ဗာရာနီရဲ့ အခြေ အနေ အသေးစိတ်ကို လက်ရှိမှာတော့ မန်ယူပရိသတ်တွေအပြင် ပြင်သစ် နိုင်ငံသားတွေကပါ အရမ်းကို စိတ်ဝင်စားနေပြီဖြစ်ပါတယ်။

တကယ်လို့များ ဒီဒဏ်ရာကြောင့်သာ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ လွဲချော်မှုရှိခဲ့မယ်ဆိုရင်တော့ လက်ရှိချန်ပီယံအတွက် ခံစစ်ယိုပေါက်တစ်ခု တိုးလာတော့မှာပဲ ဖြစ်ပါတယ်။

(Zawgyi)

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို မ်က္ရည္စေတြနဲ႔ ေက်ာခိုင္းခဲ့ရတဲ့ ဗာရာနီ

မန္ယူကို ေရာက္လာၿပီးကတည္းက ဒဏ္ရာဝဲဂယက္ထဲမွာပဲ တဝဲလည္လည္ ျဖစ္ေနခဲ့ရတဲ့ ေနာက္ခံလူ ဗာရာနီဟာ စပါးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာလည္း ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိခဲ့လို႔ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ေတာ့မွာျဖစ္ တယ္လို႔ သတင္းထြက္လာပါတယ္။

လက္ရွိမွာေတာ့ ဗာရာနီရဲ႕ ဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲျဖစ္ၿပီး ေစာင့္ၾကည့္ေနပါတယ္။

ခ်ဲလ္ဆီးနဲ႔ တစ္ဂိုး စီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဒီျပင္သစ္သားဟာ အိမ္ရွင္အသင္းတိုက္စစ္မႉး အူ ဘာမီယန္းကို တားဆီးဖို႔ ႀကိဳးစားရင္းနဲ႔ အရွိန္မ်ားၿပီး ေဆာင့္နင္းမိသလို ျဖစ္ သြားတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဒဏ္ရာရေစခဲ့သလို ျဖစ္ခဲ့တာပါ။

ဗာရာနီ လဲက်သြားတဲ့ပုံစံကို ၾကည့္ရတာေတာ့ အေတာ္ေလးကို ဒဏ္ရာ ျပင္းထန္မယ့္ ပုံစံမ်ိဳး ရွိခဲ့ၿပီး မ်က္ရည္မဆယ္ႏိုင္ေအာင္ ျဖစ္ခဲ့ရလို႔ မ်က္ႏွာကို သူ႔ရဲ႕ ဂ်ာစီနဲ႔ တစ္ခ်ိန္လုံး ဖုံးအုပ္ထားခဲ့ပါတယ္။ ဒီအတြက္ အန္တိုနီအပါအဝင္ အသင္း ေဖာ္ေတြက သူ႔ကို အားေပးခဲ့ၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဗာရာနီဟာ ၂၀၁၈ ခုႏွစ္ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းမွာ အဓိက အခန္းက႑က ေန ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး နည္းျပ ဒက္စ္ခ်မ့္ရဲ႕ အခ်စ္ေတာ္ ကစားသမားလည္း ျဖစ္ပါတယ္။

ၿပိဳင္ပြဲတစ္ေလွ်ာက္ ကစားခဲ့တဲ့ ပြဲတိုင္းမွာ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ျပည့္ ကစားခြင့္ရခဲ့တဲ့ ကစားသမားျဖစ္ခဲ့ တာပါ။

ေနာက္ၿပီး ဥ႐ုေဂြးနဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း ျပင္ သစ္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားပါ။

ဒဏ္ရာရသြား ခဲ့တဲ့အတြက္ လင္ဒီေလာ့ဖ္နဲ႔ လူစားလဲခံခဲ့ရတဲ့ ေနာက္ခံလူ ဗာရာနီရဲ႕ အေျခ အေန အေသးစိတ္ကို လက္ရွိမွာေတာ့ မန္ယူပရိသတ္ေတြအျပင္ ျပင္သစ္ ႏိုင္ငံသားေတြကပါ အရမ္းကို စိတ္ဝင္စားေနၿပီျဖစ္ပါတယ္။ တကယ္လို႔မ်ား ဒီဒဏ္ရာေၾကာင့္သာ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ လြဲေခ်ာ္မႈရွိခဲ့မယ္ဆိုရင္ေတာ့ လက္ရွိခ်န္ပီယံအတြက္ ခံစစ္ယိုေပါက္တစ္ခု တိုးလာေတာ့မွာပဲ ျဖစ္ပါတယ္။