စတန်းဖို့ဘရစ်ချ်မှာ Night Out ထွက်ခဲ့တဲ့ ဝဲလ်ဘက်ခ်

ချဲလ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်ကို အလွန်ဆို မပါတဲ့ ၃-၄-၂-၁ ပုံစံနဲ့

ပွဲထွက်လာခဲ့ပြီး ဘယ်တောင်ပံမှာ ဟဒ်ဆန်-အိုဒွိုင်းနဲ့ ပူလီရှစ်ချ်တို့

ကစားခဲ့ကြသလို ခံစစ်မှာလည်း ခရစ္စတင်ဆန် ပြန်ကစားခဲ့ပြီး

ကွင်းလယ်မှာတော့ ကွန်တေကို အနားပေးခဲ့ချိန်မှာ ဂျော်ဂျင်ညိုနဲ့

ကိုဗာချစ်တို့ ပွဲထွက်လာခဲ့ကြပြီး ညာခြမ်းမှာ ရီးစ်ဂျိမ်းစ်နဲ့ မေဆန်မောင့်၊

အထောင်မှာ လူကာကူတို့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကတော့ ၄-၅-၁ ထက် ၅-၄-၁ ဆန်ဆန် ကစားကွက်ကို သုံးစွဲသွားခဲ့ပြီး

ဘယ်တောင်ပံခံစစ်နှစ်ထပ်နဲ့ ကူကူရယ်လာ၊ ဆော်လီမာ့ချ်တို့ ကစားခဲ့ကြသလို

ဘီဆူးမား၊ မိုဒါ၊ မက္ကလစ္စတာတို့ရဲ့ ကွင်းလယ်စုဖွဲ့မှုနဲ့ ချဲလ်ဆီးကို

အကျပ်ကစားဖို့ နည်းပြ ဂရေဟမ် ပေါ့တာက လုပ်သွားခဲ့ပြီး

ပြီးခဲ့တဲ့ ပွဲက ခြေစွမ်းပြတဲ့ ထရော့ဆတ်နဲ့ အမ်ဝီပူတို့တော့ မပါဝင်ခဲ့ဘဲ

အထောင်တိုက်စစ်မှာတော့ မော်ပေက ဆက်လက်ပွဲထွက်လာခဲ့တာပါ။

ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

လူကာကူရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ

ဝဲလ်ဘက်ခ်ရဲ့ ခေါင်းတိုက်ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ချဲလ်ဆီးတို့ ချန်ပီယံပြေးပွဲမှာ ထပ်မံနစ်နာခဲ့ရသလို

ရမှတ် ၄၂ မှတ်နဲ့ ဦးဆောင်သူ မန်ချက်စတာစီးတီးတို့နဲ့ ၈ မှတ်အထိ

ကွာဟသွားခဲ့ပြီး တတိယနေရာက လီဗာပူးတို့ထက် တစ်ပွဲပိုကစားခဲ့ချိန်မှာ

တစ်မှတ်သာ အသာစီးရယူနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ရအပြီးမှာ

ဘရိုက်တန်တို့ကတော့ ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ သရေပွဲအများဆုံး

၉ ပွဲနဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါ တယ်။

ဘရိုက်တန်အတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ဝဲလ်ဘက်ခ်ဟာ

တံကောက်ကြောဒဏ်ရာကြောင့် ၂ လကျော်အနားယူခဲ့ရသူဖြစ်ပြီး

အသင်းအတွက် ပြန်ကစားပေးနိုင်တာ ဒီပွဲပါအပါနဲ့မှ ၂ ပွဲသာ ရှိသေးတာဖြစ်ပါတယ်။

တစ်ရာသီလုံးမှာမှ သွင်းဂိုး ၁ ဂိုးတည်းသာရရှိထားတဲ့ ကစားသမားဖြစ်ပြီး

ချဲလ်ဆီးနဲ့ပွဲမှာလည်း ၁၀ မိနစ်တည်းသာ ဝင်ကစားခွင့်ရခဲ့ကာ

အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဝဲလ်ဘက်ခ်က သူ့ရဲ့တွစ်တာကတစ်ဆင့်

“စတန်းဖို့ဘရစ်ချ်တံတားမှာ Night Out ထွက်ခဲ့တယ်” လို့ ရေးသားကာ

သူ့ရဲ့သွင်းဂိုးရရှိခဲ့တဲ့အပေါ် အောင်ပွဲခံသွားခဲ့ပါတယ်။

zawgyi

စတန္းဖို႔ဘရစ္ခ်္မွာ Night Out ထြက္ခဲ့တဲ့ ဝဲလ္ဘက္ခ္

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အိမ္ကြင္းပြဲစဥ္ကို အလြန္ဆို မပါတဲ့ ၃-၄-၂-၁ ပုံစံနဲ႔

ပြဲထြက္လာခဲ့ၿပီး ဘယ္ေတာင္ပံမွာ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ပူလီရွစ္ခ်္တို႔

ကစားခဲ့ၾကသလို ခံစစ္မွာလည္း ခရစၥတင္ဆန္ ျပန္ကစားခဲ့ၿပီး

ကြင္းလယ္မွာေတာ့ ကြန္ေတကို အနားေပးခဲ့ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔

ကိုဗာခ်စ္တို႔ ပြဲထြက္လာခဲ့ၾကၿပီး ညာျခမ္းမွာ ရီးစ္ဂ်ိမ္းစ္နဲ႔ ေမဆန္ေမာင့္၊

အေထာင္မွာ လူကာကူတို႔ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ကေတာ့ ၄-၅-၁ ထက္ ၅-၄-၁ ဆန္ဆန္ ကစားကြက္ကို သုံးစြဲသြားခဲ့ၿပီး

ဘယ္ေတာင္ပံခံစစ္ႏွစ္ထပ္နဲ႔ ကူကူရယ္လာ၊ ေဆာ္လီမာ့ခ်္တို႔ ကစားခဲ့ၾကသလို

ဘီဆူးမား၊ မိုဒါ၊ မကၠလစၥတာတို႔ရဲ႕ ကြင္းလယ္စုဖြဲ႕မႈနဲ႔ ခ်ဲလ္ဆီးကို

အက်ပ္ကစားဖို႔ နည္းျပ ဂေရဟမ္ ေပါ့တာက လုပ္သြားခဲ့ၿပီး

ၿပီးခဲ့တဲ့ ပြဲက ေျခစြမ္းျပတဲ့ ထေရာ့ဆတ္နဲ႔ အမ္ဝီပူတို႔ေတာ့ မပါဝင္ခဲ့ဘဲ

အေထာင္တိုက္စစ္မွာေတာ့ ေမာ္ေပက ဆက္လက္ပြဲထြက္လာခဲ့တာပါ။

ခ်ဲလ္ဆီးနဲ႔ ဘ႐ိုက္တန္တို႔ရဲ႕ ပြဲစဥ္ကေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

လူကာကူရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးဟာ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာ

ဝဲလ္ဘက္ခ္ရဲ႕ ေခါင္းတိုက္ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံေျပးပြဲမွာ ထပ္မံနစ္နာခဲ့ရသလို

ရမွတ္ ၄၂ မွတ္နဲ႔ ဦးေဆာင္သူ မန္ခ်က္စတာစီးတီးတို႔နဲ႔ ၈ မွတ္အထိ

ကြာဟသြားခဲ့ၿပီး တတိယေနရာက လီဗာပူးတို႔ထက္ တစ္ပြဲပိုကစားခဲ့ခ်ိန္မွာ

တစ္မွတ္သာ အသာစီးရယူႏိုင္ခဲ့လို႔ စိတ္ပ်က္ခဲ့ရအၿပီးမွာ

ဘ႐ိုက္တန္တို႔ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ သေရပြဲအမ်ားဆုံး

၉ ပြဲနဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါ တယ္။

ဘ႐ိုက္တန္အတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့တဲ့ ဝဲလ္ဘက္ခ္ဟာ

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၂ လေက်ာ္အနားယူခဲ့ရသူျဖစ္ၿပီး

အသင္းအတြက္ ျပန္ကစားေပးႏိုင္တာ ဒီပြဲပါအပါနဲ႔မွ ၂ ပြဲသာ ရွိေသးတာျဖစ္ပါတယ္။

တစ္ရာသီလုံးမွာမွ သြင္းဂိုး ၁ ဂိုးတည္းသာရရွိထားတဲ့ ကစားသမားျဖစ္ၿပီး

ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း ၁၀ မိနစ္တည္းသာ ဝင္ကစားခြင့္ရခဲ့ကာ

အဖိုးတန္ေခ်ပဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ဝဲလ္ဘက္ခ္က သူ႔ရဲ႕တြစ္တာကတစ္ဆင့္

“စတန္းဖို႔ဘရစ္ခ်္တံတားမွာ Night Out ထြက္ခဲ့တယ္” လို႔ ေရးသားကာ

သူ႔ရဲ႕သြင္းဂိုးရရွိခဲ့တဲ့အေပၚ ေအာင္ပြဲခံသြားခဲ့ပါတယ္။