စည်းကမ်းမလိုက်နာရင် ဒဏ်ငွေချမှတ်တဲ့နည်းစနစ်ကို ကျင့်သုံးလာတဲ့ လမ်းပတ်

မကြာသေးခင်ကမှ အဲဗာတန်အသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူ လမ်းပတ်ဟာ

အခုဆိုရင် ကစားသမားတွေလိုက်နာရမယ့် စည်းကမ်းတွေကိုထုတ်ပြန်လိုက်ပြီး

အဲဒီစည်းကမ်းတွေကို ပျက်ကွက်မယ်ဆိုရင် ဒဏ်ငွေပြစ်ဒဏ်ချမှတ်သွားမှာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ဘင်နီတက်ဇ်ကို

ရာထူးကထုတ်ပယ်ပြီးတော့ လမ်းပတ်ကို (၂)နှစ်ခွဲစာချုပ်နဲ့

နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပြီး လမ်းပတ်က,ကစားသမားတွေကို

စည်းကမ်းတကျဖြစ်အောင် စည်းမျဉ်းတွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်ကလည်း

အခုလိုစည်းကမ်းတွေသတ်မှတ်ခဲ့ပြီး စည်းကမ်းမလိုက်နာရင်

ဒဏ်ငွေချမှတ်တဲ့နည်းစနစ်ကို ကျင့်သုံးခဲ့ဖူးပါတယ်။

လမ်းပတ်ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေထဲမှာ အသင်းရဲ့အစည်းအဝေး

ဒါမှမဟုတ် လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျပြီးမှရောက်လာမယ်ဆိုရင်

ဒဏ်ငွေပေါင်(၁,၀၀၀)၊ အဝတ်အစားနဲ့ပတ်သက်တဲ့စည်းကမ်းတွေချိုးဖောက်ခဲ့ရင်

ဒဏ်ငွေပေါင်(၁,၀၀၀)၊ အစည်းအဝေးလုပ်နေတုန်း ဖုန်းသုံးနေရင်

ဒဏ်ငွေပေါင်(၂,၀၀၀)၊ အဝေးကွင်းပွဲအပြီးမှာ အသင်းနဲ့အတူတကွမပြန်ရင်

ဒဏ်ငွေပေါင်(၅,၀၀၀)သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒ့ါအပြင် လမ်းပတ်ဟာ အဲဗာတန်နည်းပြဘဝပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပဲ

ကွင်းထဲကို ဖိနပ်ကြိုးမစည်းဘဲရောက်လာတဲ့ကစားသမားတစ်ဦးကို

ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

အဲဗာတန်အသင်းတာဝန်ရှိသူတစ်ဦးကတော့ “ကစားသမားတွေဟာ

ပွဲအပြီးမှာ အားလုံးအတူတူပြန်ရမယ်ဆိုတဲ့အချက်ကို သဘောမကျဖြစ်နေပါတယ်။

တစ်ခါတလေကျရင် သူတို့က သီးသန့်နေချင်တာရှိပြီ

း အထူးသဖြင့် အသင်းရှုံးပွဲကြုံတဲ့အချိန်မျိုးမှာပါ။

ဒါပေမဲ့ လမ်းပတ်က,ကစားသမားတွေဟာ စည်းကမ်းပိုင်ဆိုင်ရာ

အားနည်းချက်တွေရှိနေတာကြောင့် ဒဏ်ငွေပြစ်ဒဏ်စနစ်ကျင့်သုံးတာက

အားလုံးကို စုစည်းမှုရှိစေမယ်လို့ပြောကြားခဲ့ပါတယ်။

အဲဗာတန်အသင်း အဆင့်(၁၆)နေရာက တက်ဖို့အတွက်

ကစားသမားတွေစုစည်းမှုရှိဖို့လိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

စည္းကမ္းမလိုက္နာရင္ ဒဏ္ေငြခ်မွတ္တဲ့နည္းစနစ္ကို က်င့္သုံးလာတဲ့ လမ္းပတ္

မၾကာေသးခင္ကမွ အဲဗာတန္အသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရသူ လမ္းပတ္ဟာ

အခုဆိုရင္ ကစားသမားေတြလိုက္နာရမယ့္ စည္းကမ္းေတြကိုထုတ္ျပန္လိုက္ၿပီး

အဲဒီစည္းကမ္းေတြကို ပ်က္ကြက္မယ္ဆိုရင္ ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္သြားမွာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ ဘင္နီတက္ဇ္ကို

ရာထူးကထုတ္ပယ္ၿပီးေတာ့ လမ္းပတ္ကို (၂)ႏွစ္ခြဲစာခ်ဳပ္နဲ႔

နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့တာျဖစ္ၿပီး လမ္းပတ္က,ကစားသမားေတြကို

စည္းကမ္းတက်ျဖစ္ေအာင္ စည္းမ်ဥ္းေတြထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ခ်ိန္ကလည္း

အခုလိုစည္းကမ္းေတြသတ္မွတ္ခဲ့ၿပီး စည္းကမ္းမလိုက္နာရင္

ဒဏ္ေငြခ်မွတ္တဲ့နည္းစနစ္ကို က်င့္သုံးခဲ့ဖူးပါတယ္။

လမ္းပတ္ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြထဲမွာ အသင္းရဲ႕အစည္းအေဝး

ဒါမွမဟုတ္ ေလ့က်င့္ခန္းအစီအစဥ္ကို ေနာက္က်ၿပီးမွေရာက္လာမယ္ဆိုရင္

ဒဏ္ေငြေပါင္(၁,၀၀၀)၊ အဝတ္အစားနဲ႔ပတ္သက္တဲ့စည္းကမ္းေတြခ်ိဳးေဖာက္ခဲ့ရင္

ဒဏ္ေငြေပါင္(၁,၀၀၀)၊ အစည္းအေဝးလုပ္ေနတုန္း ဖုန္းသုံးေနရင္

ဒဏ္ေငြေပါင္(၂,၀၀၀)၊ အေဝးကြင္းပြဲအၿပီးမွာ အသင္းနဲ႔အတူတကြမျပန္ရင္

ဒဏ္ေငြေပါင္(၅,၀၀၀)သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒ့ါအျပင္ လမ္းပတ္ဟာ အဲဗာတန္နည္းျပဘဝပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာပဲ

ကြင္းထဲကို ဖိနပ္ႀကိဳးမစည္းဘဲေရာက္လာတဲ့ကစားသမားတစ္ဦးကို

ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္ခဲ့ပါေသးတယ္။

အဲဗာတန္အသင္းတာဝန္ရွိသူတစ္ဦးကေတာ့ “ကစားသမားေတြဟာ

ပြဲအၿပီးမွာ အားလုံးအတူတူျပန္ရမယ္ဆိုတဲ့အခ်က္ကို သေဘာမက်ျဖစ္ေနပါတယ္။

တစ္ခါတေလက်ရင္ သူတို႔က သီးသန႔္ေနခ်င္တာရွိၿပီ

း အထူးသျဖင့္ အသင္းရႈံးပြဲႀကဳံတဲ့အခ်ိန္မ်ိဳးမွာပါ။

ဒါေပမဲ့ လမ္းပတ္က,ကစားသမားေတြဟာ စည္းကမ္းပိုင္ဆိုင္ရာ

အားနည္းခ်က္ေတြရွိေနတာေၾကာင့္ ဒဏ္ေငြျပစ္ဒဏ္စနစ္က်င့္သုံးတာက

အားလုံးကို စုစည္းမႈရွိေစမယ္လို႔ေျပာၾကားခဲ့ပါတယ္။

အဲဗာတန္အသင္း အဆင့္(၁၆)ေနရာက တက္ဖို႔အတြက္

ကစားသမားေတြစုစည္းမႈရွိဖို႔လိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။