စည်းကမ်းဖောက်ခဲ့လို့  အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ပေးလိုက်ရတဲ့ အူဘာမီယန်

အာဆင်နယ်အသင်းဟာ ကလပ်ရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ခဲ့တဲ့

တိုက်စစ်မှူး အူဘာမီယန် ကိုအသင်းခေါင်းဆောင်ရာထူးက နေဖယ်ရှားလိုက်ပြီး

ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲအတွက်ပါချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။

အူဘာမီယန်ဟာ နေမကောင်း ဖြစ်နေတဲ့သူ့မိခင်ကို ကူညီပေးဖို့ဆိုပြီး

ကလပ်ရဲ့ခွင့်ပြုချက်နဲ့ အရင်တစ်ပတ်ကပြင်သစ်ကိုပြန်သွားခဲ့ပေမယ့်

ပြန်ရောက်လာတာနောက်ကျခဲ့ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ကို ၃-၀ နဲ့

အနိုင်ရခဲ့တဲ့ပွဲမှာသူ့ကိုနည်းပြအာတီတာ ကချန်လှပ်ခဲ့တဲ့အပြင်

အသင်းခေါင်းဆောင်ရာထူး ကနေပါ အင်္ဂါနေ့ကဖယ်ရှားလိုက်ပါတယ်။

အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ပြန်ရာမှာ” ပြီးခဲ့တဲ့တစ်ပတ်က

စည်းကမ်း ဖောက်ခဲ့တဲ့ အူဘာမီယန်ဟာ အသင်းခေါင်းဆောင်အဖြစ်

ဆက်ရှိနေတော့မှာမဟုတ်သလို ဝက်စ်ဟမ်းနဲ့ပွဲအတွက်လည်း

ထည့် သွင်းစဥ်းစားခံရမှာမဟုတ်ပါဘူး။ အသင်းရဲ့ကစားသမားတွေအားလုံး

အထူးသဖြင့် အသင်းခေါင်းဆောင်ဖြစ်သူဟာ အသင်းက ချမှတ်ထားတဲ့

စည်းကမ်းနဲ့ သဘောတူညီထားတဲ့စံနှုန်းတွေကို

လိုက်နာမယ်လို့မျှော်လင့်ပါတယ်” ဆိုပြီးဖော်ပြခဲ့ပါတယ်။

အခု လိုဖယ်ရှားခံလိုက်ရပြီးနောက် သူ့အေးဂျင့်ကတုံ့ပြန်တဲ့အနေနဲ့

အူဘာမီယန်ဆုဖလားရယူခဲ့တဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။

အူဘာမီယန်ဟာ အဝတ်လဲခန်းထဲမှာဩဇာရှိတဲ့သူဖြစ်လို့

သူ့ကိုအသင်းခေါင်းဆောင်အဖြစ်ကနေဖယ်ရှားလိုက်ခြင်းဟာ

မတည် ငြိမ်မှုတွေကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

သူဟာ ကလပ်ရဲ့ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမိခင်ဖြစ်သူဆီသွားခဲ့ပေမယ့်

ကလပ်နဲ့သဘောတူညီချက်အတိုင်း အဲဒီနေ့ညနေမှာပြန်မရောက်လာဘဲ

ကြာသပတေးနေ့ မနက်ပိုင်းမှပြန်လာခဲ့တာပါ။

ဒါ့အ ပြင် ကိုဗစ်စည်းကမ်းချက်တွေကြောင့် ဆေးစစ်ရသေးတဲ့အတွက်

ဆောက်သမ်တန်နဲ့ပွဲအတွက်လေ့ကျင့်ခန်းအစီအစဥ်တွေမှာ လည်းမပါနိုင်ခဲ့ပါဘူး။

သူဟာနောက်ဆုံးဖြစ်ရပ်နဲ့ပါဆိုရင် စည်းကမ်းဖောက်တာ ၃ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းလည်း

သိရပါတယ်။ မတ်လတုန်းက စပါးနဲ့လန်ဒန်ဒါဘီပွဲမှာ အသင်းကို

အရောက်နောက်ကျမှုကြောင့် အရန်အဖြစ်သာနေခဲ့ရသလို

ဖေဖေါ်ဝါရီတုန်း ကလည်း ကိုဗစ်စည်းမျဥ်းတွေကိုချိုးဖောက်လို့

သတိပေးခံခဲ့ရပါသေးတယ်။ အူဘာမီယန်ဟာအာဆင်နယ်မှာ

တစ်ပတ်လစာ ပေါင် ၃၅၀၀၀၀ အထိရနေလို့လစာအများဆုံးရသူဖြစ်နေပြီး

၂၀၂၃ အထိစာချုပ်သက်တမ်းရှိထားပါတယ်။

zawgyi

စည္းကမ္းေဖာက္ခဲ့လို႔  အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ေပးလိုက္ရတဲ့ အူဘာမီယန္

အာဆင္နယ္အသင္းဟာ ကလပ္ရဲ႕စည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္ခဲ့တဲ့

တိုက္စစ္မႉး အူဘာမီယန္ ကိုအသင္းေခါင္းေဆာင္ရာထူးက ေနဖယ္ရွားလိုက္ၿပီး

ဝက္စ္ဟမ္းနဲ႔ကစားရမယ့္ပြဲအတြက္ပါခ်န္လွပ္ထားခဲ့တယ္လို႔ သိရပါတယ္။

အူဘာမီယန္ဟာ ေနမေကာင္း ျဖစ္ေနတဲ့သူ႔မိခင္ကို ကူညီေပးဖို႔ဆိုၿပီး

ကလပ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ အရင္တစ္ပတ္ကျပင္သစ္ကိုျပန္သြားခဲ့ေပမယ့္

ျပန္ေရာက္လာတာေနာက္က်ခဲ့ပါတယ္။ ဒါေၾကာင့္ ေဆာက္သမ္တန္ကို ၃-၀ နဲ႔

အႏိုင္ရခဲ့တဲ့ပြဲမွာသူ႔ကိုနည္းျပအာတီတာ ကခ်န္လွပ္ခဲ့တဲ့အျပင္

အသင္းေခါင္းေဆာင္ရာထူး ကေနပါ အဂၤါေန႔ကဖယ္ရွားလိုက္ပါတယ္။

အာဆင္နယ္အသင္းက ေၾကညာခ်က္ထုတ္ျပန္ရာမွာ” ၿပီးခဲ့တဲ့တစ္ပတ္က

စည္းကမ္း ေဖာက္ခဲ့တဲ့ အူဘာမီယန္ဟာ အသင္းေခါင္းေဆာင္အျဖစ္

ဆက္ရွိေနေတာ့မွာမဟုတ္သလို ဝက္စ္ဟမ္းနဲ႔ပြဲအတြက္လည္း

ထည့္ သြင္းစဥ္းစားခံရမွာမဟုတ္ပါဘူး။ အသင္းရဲ႕ကစားသမားေတြအားလုံး

အထူးသျဖင့္ အသင္းေခါင္းေဆာင္ျဖစ္သူဟာ အသင္းက ခ်မွတ္ထားတဲ့

စည္းကမ္းနဲ႔ သေဘာတူညီထားတဲ့စံႏႈန္းေတြကို

လိုက္နာမယ္လို႔ေမွ်ာ္လင့္ပါတယ္” ဆိုၿပီးေဖာ္ျပခဲ့ပါတယ္။

အခု လိုဖယ္ရွားခံလိုက္ရၿပီးေနာက္ သူ႔ေအးဂ်င့္ကတုံ႔ျပန္တဲ့အေနနဲ႔

အူဘာမီယန္ဆုဖလားရယူခဲ့တဲ့ပုံေတြကို ဆိုရွယ္မီဒီယာေပၚမွာ တင္ခဲ့ပါတယ္။

အူဘာမီယန္ဟာ အဝတ္လဲခန္းထဲမွာဩဇာရွိတဲ့သူျဖစ္လို႔

သူ႔ကိုအသင္းေခါင္းေဆာင္အျဖစ္ကေနဖယ္ရွားလိုက္ျခင္းဟာ

မတည္ ၿငိမ္မႈေတြကိုျဖစ္ေစႏိုင္တယ္လို႔ဆိုပါတယ္။

သူဟာ ကလပ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကမိခင္ျဖစ္သူဆီသြားခဲ့ေပမယ့္

ကလပ္နဲ႔သေဘာတူညီခ်က္အတိုင္း အဲဒီေန႔ညေနမွာျပန္မေရာက္လာဘဲ

ၾကာသပေတးေန႔ မနက္ပိုင္းမွျပန္လာခဲ့တာပါ။ ဒါ့အ ျပင္

ကိုဗစ္စည္းကမ္းခ်က္ေတြေၾကာင့္ ေဆးစစ္ရေသးတဲ့အတြက္

ေဆာက္သမ္တန္နဲ႔ပြဲအတြက္ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ လည္းမပါႏိုင္ခဲ့ပါဘူး။

သူဟာေနာက္ဆုံးျဖစ္ရပ္နဲ႔ပါဆိုရင္ စည္းကမ္းေဖာက္တာ ၃ ႀကိမ္ရွိခဲ့ၿပီျဖစ္ေၾကာင္းလည္း

သိရပါတယ္။ မတ္လတုန္းက စပါးနဲ႔လန္ဒန္ဒါဘီပြဲမွာ အသင္းကို

အေရာက္ေနာက္က်မႈေၾကာင့္ အရန္အျဖစ္သာေနခဲ့ရသလို

ေဖေဖၚဝါရီတုန္း ကလည္း ကိုဗစ္စည္းမ်ဥ္းေတြကိုခ်ိဳးေဖာက္လို႔

သတိေပးခံခဲ့ရပါေသးတယ္။ အူဘာမီယန္ဟာအာဆင္နယ္မွာ

တစ္ပတ္လစာ ေပါင္ ၃၅၀၀၀၀ အထိရေနလို႔လစာအမ်ားဆုံးရသူျဖစ္ေနၿပီး

၂၀၂၃ အထိစာခ်ဳပ္သက္တမ္းရွိထားပါတယ္။