စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရဖို့ အသင်းကြီးတွေနဲ့ ခြေစမ်းမယ့် ဒိုင်နမိုကိဗ်

ယူကရိန်းအမှတ်ပေးချန်ပီယံ ဒိုင်နမိုကိဗ်ဟာ

ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ဘေးဒုက္ခခံစားနေရတဲ့သူတွေအတွက်
ရန်ပုံငွေ ရရှိစေရေးအတွက် ဧပြီလကနေ ဇွန်လအတွင်း
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအပါအဝင် ဥရောပထိပ်တန်းအသင်းတချို့နဲ့
ခြေစမ်းပွဲ ကစားမှာဖြစ်ကြောင်း သိရပါတယ်။
ဒိုင်နမိုကိဗ်ဟာ လာမယ့် ၃လအတွင်း နိုင်ငံပေါင်း ၁၂နိုင်ငံကို

ခရီးထွက်ကာ ခြေစမ်းပွဲတွေ ဆက်တိုက်ကစားမှာဖြစ်ပြီး
စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေအများအပြားရရှိဖို့ မျှော်လင့်ထားပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်
ယူကရိန်းပြည်တွင်းမှာ ဘောလုံးပွဲတွေ ရပ်နားထားရပါတယ်။
”ကျွန်တော်တို့တိုင်းပြည်ကို အားပေးထောက်ခံကြလို့ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့အသင်းကလည်း ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့
ခြေစမ်းပွဲတွေ ကစားပြီး ရန်ပုံငွေထွက်လာအောင် လုပ်ဆောင်သွားမှာပါ။
အဲဒီခြေစမ်းပွဲအားလုံးက “Match for Peace! Let’s Stop the War!”
ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကစားသွားမှာဖြစ်ပြီး သက်ဆိုင်ရာ
အဖွဲ့ချုပ်တွေဆီလည်း အကြောင်းကြားထားပါတယ်။

ရုရှားအကြမ်းဖက်သမားတွေကြောင့် ဒုက္ခခံစားနေရတဲ့
ယူကရိန်းပြည်သူတွေအတွက် ရန်ပုံငွေရရှိစေဖို့ရည်ရွယ်ပါတယ်။
အဲဒီခြေစမ်းပွဲအားလုံးကို ယူကရိန်းနဲ့ ဥရောပတီဗွီချန်နယ်တွေကနေ
ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဒီပရောဂျက်မှာ
ယူကရိန်းအနုပညာရှင်တွေလည်း ပါဝင်မှာပါ”လို့

ဒိုင်နမိုကိဗ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒိုင်နမိုကိဗ်ဟာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့အပြင်
ဘွန်ဒက်စ်လီဂါဟဲဗီးဝိတ် ဒေါ့မွန်၊ စီးရီးအေချန်ပီယံဆုရဖို့
မျှော်လင့်ချက်အားကောင်းနေတဲ့ အေစီမီလန်၊ ပေါ်တူဂီ
အင်အားကြီးကလပ်တွေဖြစ်တဲ့ ဘင်ဖီကာနဲ့ စပို့တင်းလစ္စဘွန်း၊

နယ်သာလန်ချန်ပီယံ အေဂျက်စ်တို့နဲ့လည်း ခြေစမ်းမှာဖြစ်ပါတယ်။

Zawgyi

စစ္ေဘးဒုကၡသည္ေတြအတြက္ ရန္ပုံေငြရဖို႔ အသင္းႀကီးေတြနဲ႔ ေျခစမ္းမယ့္ ဒုိင္နမိုကိဗ္

ယူကရိန္းအမွတ္ေပးခ်န္ပီယံ ဒိုင္နမုိကိဗ္ဟာ
ယူကရိန္း-ရုရွားစစ္ပြဲေၾကာင့္ ေဘးဒုကၡခံစားေနရတဲ့သူေတြအတြက္
ရန္ပုံေငြ ရရွိေစေရးအတြက္ ဧၿပီလကေန ဇြန္လအတြင္း
ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီအပါအ၀င္ ဥေရာပထိပ္တန္းအသင္းတခ်ိဳ႕နဲ႔
ေျခစမ္းပြဲ ကစားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒုိင္နမိုကိဗ္ဟာ လာမယ့္ ၃လအတြင္း ႏိုင္ငံေပါင္း ၁၂ႏိုင္ငံကို
ခရီးထြက္ကာ ေျခစမ္းပဲြေတြ ဆက္တုိက္ကစားမွာျဖစ္ၿပီး
စစ္ေဘးဒုကၡသည္ေတြအတြက္ ရန္ပုံေငြအမ်ားအျပားရရွိဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။
ယူကရိန္းႏိုင္ငံထဲ ရုရွားက က်ဴးေက်ာ္၀င္ေရာက္ခဲ့ၿပီးေနာက္
ယူကရိန္းျပည္တြင္းမွာ ေဘာလုံးပဲြေတြ ရပ္နားထားရပါတယ္။

”ကၽြန္ေတာ္တုိ႔တုိင္းျပည္ကို အားေပးေထာက္ခံၾကလုိ႔ ေက်းဇူးတင္ပါတယ္။
ကၽြန္ေတာ္တုိ႔အသင္းကလည္း ဥေရာပထိပ္တန္းအသင္းႀကီးေတြနဲ႔
ေျခစမ္းပြဲေတြ ကစားၿပီး ရန္ပုံေငြထြက္လာေအာင္ လုပ္ေဆာင္သြားမွာပါ။
အဲဒီေျခစမ္းပြဲအားလုံးက “Match for Peace! Let’s Stop the War!”
ဆုိတဲ့ေခါင္းစဥ္ေအာက္မွာ ကစားသြားမွာျဖစ္ၿပီး သက္ဆုိင္ရာ

အဖြဲ႕ခ်ဳပ္ေတြဆီလည္း အေၾကာင္းၾကားထားပါတယ္။
ရုရွားအၾကမ္းဖက္သမားေတြေၾကာင့္ ဒုကၡခံစားေနရတဲ့
ယူကရိန္းျပည္သူေတြအတြက္ ရန္ပုံေငြရရွိေစဖို႔ရည္ရြယ္ပါတယ္။
အဲဒီေျခစမ္းပြဲအားလုံးကို ယူကရိန္းနဲ႔ ဥေရာပတီဗီြခ်န္နယ္ေတြကေန
ထုတ္လႊင့္ျပသသြားမွာျဖစ္ၿပီး ဒီပေရာဂ်က္မွာ

ယူကရိန္းအႏုပညာရွင္ေတြလည္း ပါ၀င္မွာပါ”လုိ႔
ဒုိင္နမိုကိဗ္က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
ဒိုင္နမိုကိဗ္ဟာ ဘာစီလုိနာနဲ႔ ပီအက္စ္ဂ်ီတုိ႔အျပင္
ဘြန္ဒက္စ္လီဂါဟဲဗီး၀ိတ္ ေဒါ့မြန္၊ စီးရီးေအခ်န္ပီယံဆုရဖို႔
ေမွ်ာ္လင့္ခ်က္အားေကာင္းေနတဲ့ ေအစီမီလန္၊ ေပၚတူဂီ

အင္အားႀကီးကလပ္ေတြျဖစ္တဲ့ ဘင္ဖီကာနဲ႔ စပို႔တင္းလစၥဘြန္း၊
နယ္သာလန္ခ်န္ပီယံ ေအဂ်က္စ္တုိ႔နဲ႔လည္း ေျခစမ္းမွာျဖစ္ပါတယ္။