စစ်ပွဲတွေကြားမှာ ပြန်လည်စတင်လိုက်တဲ့ ယူကရိန်းပရီးမီးယားလိဂ်

ရုရှားရဲ့ကျူးကျော်စစ်တွေကိုမမှုဘဲ ယူကရိန်းကတော့ သူ့တို့နိုင်ငံရဲ့အထင်ကရဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူကရိန်းပရီးမီးယားလိဂ်ကို အင်္ဂါနေ့မှာ ပြန်လည်စတင်လိုက်ပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်နဲ့ မက်တဲလစ် တို့စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး

ဂိုးမရှိသရေပွဲနဲ့ ပြီးဆုံးခဲ့ကြတာဖြစ်ပါတယ်။ ယူကရိန်းပရီးမီးယား လိဂ်ပြိုင်ပွဲကို ရုရှားကျူးကျော်စစ်ကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး ရုရှားကျူးကျော်စစ် (၆)လအကြာမှာပဲ နိုင်ငံတစ်ဝန်း ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်လိုက်တာလည်းဖြစ်ပါတယ်။

ဘောလုံးအားကစားဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေရှိနေတယ်လို့လည်း ယူကရိန်းဂန္တဝင် ကစားသမားဟောင်း ရှက်ချန်ကိုကပြောခဲ့ပါတယ်။ ရှက်ချန်ကိုဟာ ယူကရိန်းသမ္မတ ဇယ်လန်စကီးရဲ့ ပရဟိတ အဖွဲ့နဲ့အတူ

တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြန်လည်စတင်ခဲ့တာလည်းဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအရတော့

ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို ပရိသတ်များမပါဘဲ ကျင်းပရမှာဖြစ်ပြီး ပွဲကစားချိန်မှာ အချက်ပေးဥဩသံကြားပါက ပြိုင်ပွဲမှာပါဝင်သူတွေအားလုံး ဗုံးခိုကျင်းရှိရာကို ချက်ချင်းပြေးသွား ရမှာဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေ ပြန်ကျင်းပတာနဲ့ပတ်သက်ပြီး

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဒရီ ပါဗယ်ကိုက သူ့အနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဘောလုံးပြိုင်ပွဲတွေရဲ့ အရေးပါမှုကို ရှင်းပြခဲ့ပြီး ဘောလုံးပြိုင်ပွဲတွေကနေ အနာဂတ်တည်ဆောက်မှုအကြောင်းကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ယူကရိန်းပရီးမီးယားလိဂ်ကို အသင်း ၁၆ သင်းနဲ့ ပြန်လည်စတင်မှာဖြစ်ပြီး ကွင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ဒက်စ်နာချာနီဟစ်နဲ့ မာရီပူးအသင်းတွေကတော့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

(zawgyi)

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေတြကိုမမႈဘဲ ယူကရိန္းကေတာ့ သူ႔တို႔ႏိုင္ငံရဲ႕အထင္ကရေဘာလုံးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ယူကရိန္းပရီးမီးယားလိဂ္ကို အဂၤါေန႔မွာ ျပန္လည္စတင္လိုက္ပါတယ္။ အဖြင့္ပြဲစဥ္အျဖစ္ ရွက္တာဒိုးနက္နဲ႔ မက္တဲလစ္ တို႔စတင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး

ဂိုးမရွိသေရပြဲနဲ႔ ၿပီးဆုံးခဲ့ၾကတာျဖစ္ပါတယ္။ ယူကရိန္းပရီးမီးယား လိဂ္ၿပိဳင္ပြဲကို ႐ုရွားက်ဴးေက်ာ္စစ္ေၾကာင့္ ရပ္နားထားခဲ့ရတာျဖစ္ၿပီး ႐ုရွားက်ဴးေက်ာ္စစ္ (၆)လအၾကာမွာပဲ ႏိုင္ငံတစ္ဝန္း ေဘာလုံးၿပိဳင္ပြဲေတြကို ျပန္လည္စတင္လိုက္တာလည္းျဖစ္ပါတယ္။

ေဘာလုံးအားကစားဟာ တိုင္းျပည္ျပန္လည္တည္ေဆာက္ရာမွာ အေရးပါတဲ့အခန္းက႑ကေနရွိေနတယ္လို႔လည္း ယူကရိန္းဂႏၲဝင္ ကစားသမားေဟာင္း ရွက္ခ်န္ကိုကေျပာခဲ့ပါတယ္။ ရွက္ခ်န္ကိုဟာ ယူကရိန္းသမၼတ ဇယ္လန္စကီးရဲ႕ ပရဟိတ အဖြဲ႕နဲ႔အတူ

တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနတာလည္းျဖစ္ပါတယ္။ ယူကရိန္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တင္းၾကပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ျပန္လည္စတင္ခဲ့တာလည္းျဖစ္ပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြအရေတာ့

ယူကရိန္းပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ပရိသတ္မ်ားမပါဘဲ က်င္းပရမွာျဖစ္ၿပီး ပြဲကစားခ်ိန္မွာ အခ်က္ေပးဥဩသံၾကားပါက ၿပိဳင္ပြဲမွာပါဝင္သူေတြအားလုံး ဗုံးခိုက်င္းရွိရာကို ခ်က္ခ်င္းေျပးသြား ရမွာျဖစ္ပါတယ္။ ေဘာလုံးၿပိဳင္ပြဲေတြ ျပန္က်င္းပတာနဲ႔ပတ္သက္ၿပီး

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ အင္ဒရီ ပါဗယ္ကိုက သူ႔အေနနဲ႔ ယူကရိန္းသမၼတ ဇယ္လန္စကီးကို ေဘာလုံးၿပိဳင္ပြဲေတြရဲ႕ အေရးပါမႈကို ရွင္းျပခဲ့ၿပီး ေဘာလုံးၿပိဳင္ပြဲေတြကေန အနာဂတ္တည္ေဆာက္မႈအေၾကာင္းကို ေဆြးေႏြးေျပာဆိုခဲ့တယ္လို႔ဆိုပါတယ္။

ယူကရိန္းပရီးမီးယားလိဂ္ကို အသင္း ၁၆ သင္းနဲ႔ ျပန္လည္စတင္မွာျဖစ္ၿပီး ကြင္းထိခိုက္ပ်က္စီးမႈေတြရွိခဲ့တဲ့ ဒက္စ္နာခ်ာနီဟစ္နဲ႔ မာရီပူးအသင္းေတြကေတာ့ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။