စစ်တလင်းမှာ ၅ ရက်လောက်နေလာတာ ဘောလုံးလောက်ကိုမကြောက်ဘူးဆိုတဲ့ ဒီဇာဘီ

တန်းတက်နော်တင်ဟမ်နဲ့သရေကျတဲ့ပွဲစဉ်မှာ ဘရိုက်တန်ပရိသတ်တွေဟာ သူတို့အသင်းစွမ်းဆောင်ရည် ကိုလှောင်ပြောင်ခဲ့ကြပေမဲ့ ဂရုမစိုက်ဘူးလို့ နည်းပြဒီဇာဘီက ဆိုခဲ့ပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ ၅ရက် လောက်အတွေ့အကြုံရှိခဲ့တဲ့အတွက် ဘောလုံးနဲ့ပတ်သတ်တာလောက်ကို ဘာမှမကြောက်ဘူးလို့ အီတလီသားနည်းပြက ဖွင့်ဟခဲ့တာပါ။

ဂရေဟမ်ပေါ်တာနေရာကို အစားထိုးဝင်ရောက်လာတဲ့ ဒီဇာဘီဟာ ဘရိုက်တန်နဲ့လက်တွဲခဲ့တဲ့ ၄ပွဲမှာ နိုင်ပွဲလုံး၀မယူနိုင်သေးတာဖြစ်တယ်။

ရုရှားကျူးကျော်စစ်ကာလမှာ ရှက်တာဒိုးနက်အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဒီဇာဘီက နောက်ဆုံး ၃ပွဲဆက်ဂိုးမရခဲ့တဲ့ ဘရိုက်တန်တိုက်စစ်ကလိုအပ် ချက်ရှိနေတယ်လို့တော့ ဝန်ခံသွားပါတယ်။

“စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ ပျော်ပါတယ်။ ရလဒ်အတွက်တော့ စိတ်မကောင်းပါဘူး။ ကစားသမားတွေကိုလည်း ဒီအတိုင်းပဲ ပြောခဲ့တာပါ။

ကစားသမားတွေဘက်က စိတ်လှုပ်ရှားစရာဂိမ်းကိုကစားနိုင်ခဲ့ကြလို့ ကျေးဇူးတင်တယ် လို့ပဲ ကျွန်တော်ပြောခဲ့ပါတယ်။ အိုကေ…နောက်ဆုံး ၂၅မီတာအတွင်းစွမ်းဆောင်ရည်ကို တိုးတက် အောင်လုပ်ရမယ်။

ဒီအတွက်ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ ကျန်တာတွေဘာမှထပ်မပြောခဲ့ပါဘူး။ ကျွန်တော်စစ်ပွဲထဲမှာ ၅ရက်နေ့ခဲ့သလို ဘောလုံးနဲ့ပတ်သတ်လို့ဘာကိုမှမကြောက်ပါဘူး။

ပုံမှန်အားဖြင့် ၄ပွဲမှာ ၂မှတ်ပဲရခဲ့တဲ့အတွက်ကိုတော့ ဝမ်းနည်းမိပါတယ်” နော်တင်ဟမ်နဲ့ပွဲအပြီးမှာ ဒီဇာဘီက ဖွင့်ဟ ခဲ့ပါတယ်။

ဒီဇာဘီရဲ့ ဘရိုက်တန်ဟာ နော်တင်ဟမ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ရာခိုင်နှုန်းအသာ၊

ဂိုး ပေါက်ခြိမ်းခြောက်မှု ၁၉ကြိမ်လုပ်နိုင်ခဲ့ပေမဲ့ ပြိုင်ဘက်ဂိုးသမားဒင်းဟန်ဒါဆန်ရဲ့လက်စွမ်းကောင်းတချို့ကြောင့် နိုင်ပွဲနဲ့ဝေးကွာခဲ့ရတာပါ။

(Zawgyi)

စစ္တလင္းမွာ ၅ ရက္ေလာက္ေနလာတာ ေဘာလုံးေလာက္ကိုမေၾကာက္ဘူးဆိုတဲ့ ဒီဇာဘီ

တန္းတက္ေနာ္တင္ဟမ္နဲ႔သေရက်တဲ့ပြဲစဥ္မွာ ဘ႐ိုက္တန္ပရိသတ္ေတြဟာ သူတို႔အသင္းစြမ္းေဆာင္ရည္ ကိုေလွာင္ေျပာင္ခဲ့ၾကေပမဲ့ ဂ႐ုမစိုက္ဘူးလို႔ နည္းျပဒီဇာဘီက ဆိုခဲ့ပါတယ္။

ယူကရိန္းစစ္ေျမျပင္မွာ ၅ရက္ ေလာက္အေတြ႕အႀကဳံရွိခဲ့တဲ့အတြက္ ေဘာလုံးနဲ႔ပတ္သတ္တာေလာက္ကို ဘာမွမေၾကာက္ဘူးလို႔ အီတလီသားနည္းျပက ဖြင့္ဟခဲ့တာပါ။

ဂေရဟမ္ေပၚတာေနရာကို အစားထိုးဝင္ေရာက္လာတဲ့ ဒီဇာဘီဟာ ဘ႐ိုက္တန္နဲ႔လက္တြဲခဲ့တဲ့ ၄ပြဲမွာ ႏိုင္ပြဲလုံး၀မယူႏိုင္ေသးတာျဖစ္တယ္။

႐ုရွားက်ဴးေက်ာ္စစ္ကာလမွာ ရွက္တာဒိုးနက္အသင္းနဲ႔လမ္းခြဲခဲ့တဲ့ ဒီဇာဘီက ေနာက္ဆုံး ၃ပြဲဆက္ဂိုးမရခဲ့တဲ့ ဘ႐ိုက္တန္တိုက္စစ္ကလိုအပ္ ခ်က္ရွိေနတယ္လို႔ေတာ့ ဝန္ခံသြားပါတယ္။

“စြမ္းေဆာင္ရည္နဲ႔ပတ္သတ္လို႔ ေပ်ာ္ပါတယ္။ ရလဒ္အတြက္ ေတာ့စိတ္မေကာင္းပါဘူး။

ကစားသမားေတြကိုလည္း ဒီအတိုင္း ပဲေျပာခဲ့တာပါ။ ကစားသမားေတြဘက္ကစိတ္လႈပ္ရွားစရာဂိမ္းကိုကစားႏိုင္ခဲ့ၾကလို႔ ေက်းဇူးတင္တယ္ လို႔ပဲ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ အိုေက…ေနာက္ဆုံး ၂၅မီတာအတြင္းစြမ္းေဆာင္ရည္ကို တိုးတက္ ေအာင္လုပ္ရမယ္။ ဒီအတြက္ကြၽန္ေတာ္တို႔ အလုပ္လုပ္ရမယ္။

က်န္တာေတြဘာမွထပ္မေျပာခဲ့ပါဘူး။ ကြၽန္ေတာ္စစ္ပြဲထဲမွာ ၅ရက္ေန႔ခဲ့သလို ေဘာလုံးနဲ႔ပတ္သတ္လို႔ဘာကိုမွမေၾကာက္ပါဘူး။ ပုံမွန္အားျဖင့္ ၄ပြဲမွာ ၂မွတ္ပဲရခဲ့တဲ့အတြက္ကိုေတာ့ ဝမ္းနည္းမိပါတယ္” ေနာ္တင္ဟမ္နဲ႔ပြဲအၿပီးမွာ ဒီဇာဘီက ဖြင့္ဟ ခဲ့ပါတယ္။

ဒီဇာဘီရဲ႕ ဘ႐ိုက္တန္ဟာ ေနာ္တင္ဟမ္နဲ႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ရာခိုင္ႏႈန္းအသာ၊ ဂိုး ေပါက္ၿခိမ္းေျခာက္မႈ ၁၉ႀကိမ္လုပ္ႏိုင္ခဲ့ေပမဲ့ ၿပိဳင္ဘက္ဂိုးသမားဒင္းဟန္ဒါဆန္ရဲ႕လက္စြမ္းေကာင္းတခ်ိဳ႕ေၾကာင့္ ႏိုင္ပြဲနဲ႔ေဝးကြာခဲ့ရတာပါ။