မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ နောက်ဆုံးပေါ်နည်းပညာအသုံးပြု
ထားတဲ့ အောက်ဆီဂျင်စက်တစ်လုံးကိုဝယ်ယူလိုက်တာကြောင့် ပရီးမီးယား
လိဂ်မှာရှိတဲ့သူ့ပြိုင်ဘက်တွေအနေနဲ့ ဒီပေါ်တူဂီသားရဲ့ကြံ့ခိုင်မှုပိုင်းကို အရင်က
ထက်ပိုပြီးသတိထားရတော့မယ်လို့ သိရပါတယ်။ ဒီအောက်ဆီဂျင်စက်ဟာ
လူတစ်ကိုယ်စာကောင်းစွာဝင်ဆန့်ပြီး လဲလျောင်းနိုင်တဲ့အခန်းငယ်တစ်ခုဖြစ်
ပါတယ်။
စက်ကထုတ်ပေးမယ့်သန့်စင်တဲ့အောက်ဆီဂျင်ကို တိုက်ရိုက်ရှူရှိုက်
ရမှာဖြစ်လို့ သွေးကြောတွေထဲအထိအောက်ဆီဂျင်ကိုတိုက်ရိုက်ရောက်ရှိနိုင်မှာ
ဖြစ်ပြီး ပျက်စီးသွားတဲ့တစ်ရှူးတွေကိုအမြန်ဆုံးပြန်ကောင်းလာအောင်
လုပ်ပေးမယ့်စက်မျိုးဖြစ်ပါတယ်။ ဒီစက်ဟာ hyperbaric oxygen therapy
(HBOT) ဖြစ်ပြီးတန်ဖိုးကပေါင် ၁၅၀၀၀ အထိရှိကာနေအိမ်မှာအချိန်မရွေ
းအသုံးပြုနိုင်ဖို့ ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကြံ့ခိုင်မှုပိုင်းအားပြုတယ်လို့
နာမည်ကျော်တဲ့ ပရီးမီးယားလိဂ်မှာ သူ့ကြံ့ခိုင်မှုကို ပုံစံကောင်းရအောင်ဆက်
လက်ထိန်းထားလိုတဲ့အတွက် ဒီအောက်ဆီဂျင်စက်ကို ဝယ်ယူလိုက်တာဖြစ်
ပါတယ်။
သူနဲ့နီးစပ်တဲ့သူတစ်ဦးက” စီရော်နယ်ဒိုဟာ ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်ဖို့နဲ့
ပုံစံကောင်းရရှိစေဖို့လုံးဝစိတ်ပိုင်းဖြတ်ထားတဲ့သူဆိုတာ အားလုံးသိကြပါတယ်။
သူဟာအရင်ကတည်းကလည်း အောက်ဆီဂျင်စက်တွေအသုံးပြုခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ဗြိတိန်မှာဒါကိုအသုံးပြုချင်တဲ့အခါအလွယ်တကူရှာဖို့မလွယ်လို့
သူ့အိမ်မှာစက်တစ်လုံးဝယ်ပြီးတပ်ဆင်လိုက်တာပါ။ သူ့အနေနဲ့ဝေဒနာ
ခံစားရတဲ့အခါမျိုးမှာ ဒါကိုချက်ခြင်းဆိုသလိုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ပွဲအနည်းငယ်မလွဲလိုတဲ့အတွက်ကြောင့်လည်း အခုလိုဝယ်
လိုက်တာပါ” လို့ပြောသွားပါတယ်။
စီရော်နယ်ဒိုဟာဒီစက်ကို ကိုယ်ဝန်ရှိနေတဲ့သူ့ချစ်သူ ဂျော်ဂျီနာနဲ့အတူနေထိုင်တဲ့
အိမ်မှာတပ်ဆင်ထားတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူဟာ
ပေါင် ၅၀၀၀၀ လောက်တန်ကြေးရှိတဲ့ရေခဲကန်တစ်ခုကိုလည်း ဝယ်ယူထားပါ
သေးတယ်။
Zawgyi
စက်ရုပ်လူသား စီရော်နယ်ဒို
ပါတယ်။
သေးတယ်။