
နှစ်သင်းစလုံး ၄-၃-၃ နဲ့ပွဲထွက်ခဲ့ပြီး ဝုဗ်နည်းပြလိုပီတီဂူဟာ





ကွင်းလယ်လူသစ် လီမီနာကိုပွဲထုတ်ခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ
အမှတ်ပေးဇယားအောက်တစ်ခြမ်းကအသင်းတွေနဲ့ကစားခဲ့တဲ့





၁၀ပွဲမှာ ၈ပွဲနိုင်၊ ၂ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တဲ့ မန်စီးတီးရဲ့မှတ်တမ်းက
ဒီပွဲမှာ ဝံပုလွေတွေကိုလုံးဝအထက်စီးယူနိုင်မယ့် အနေအထားဖြစ်ခဲ့တာပါ။
ဒီရာသီ ဝုဗ်တစ်သင်းလုံးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ၁၂ဂိုးသာ





ရှိခဲ့တာကြောင့် ဟာလန်းတစ်ယောက်ထဲသွင်းထားတဲ့ပမာဏထက်တောင်
၁၀ဂိုးနည်းနေခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ် ၁၉ပွဲကစားအပြီး





အနေအထားအရကြည့်ရင်တော့ လက်ရှိပရီးမီးယားလိဂ်မှာ
ဝုဗ်ကတိုက်စစ်အားအနည်းဆုံးအသင်းဖြစ်နေသလို နောက်ဆုံး
၇ ရာသီကိုပြန်ကြည့်ရင် ပွဲစဉ် ၁၉ အပြီးဂိုးသွင်းအနည်းဆုံး





အသင်းတွေအားလုံးတန်းဆင်းခဲ့ရတာကိုတွေ့ရမှာပါ။
ဂွါဒီယိုလာကတော့ လိုပီတီဂူနဲ့နည်းပြဘဝတွေ့ဆုံမှု ၃ကြိမ်မှာ





၂ပွဲအနိုင်ရထားတာဖြစ်တယ်။ ပွဲအစမှာကတည်းက မန်စီးတီးဟာ
ကွင်းတစ်ဝက်အထိတက်ဖိပြီးဦးဆောင်ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။
ပွဲချိန် ၃၉မိနစ်မှာတာ့ ဒီဘရိုင်းရဲ့ပေးပို့မှုကို ဟာလန်းကခေါင်းတိုက်ပြီး





အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ နော်ဝေသားအတွက်တော့
ဒီရာသီလိဂ်ပြိုင်ပွဲ ၂၃ဂိုးမြောက်ဖြစ်သလို ပွဲစဉ် ၂၀ ကစားအပြီးမှာတင်





လွန်ခဲ့တဲ့ ၃ရာသီအတွင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်တွေရဲ့
တစ်ရာသီစာဂိုးသွင်းနှုန်းနဲ့ထပ်တူကျသွားခဲ့တာဖြစ်တယ်။
ဒီဘရိုင်းအတွက်တော့ ဝုဗ်နဲ့ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး





၇ပွဲမှာ ၁၀ဂိုးမြောက်ပါဝင်ပက်သတ်မှုဖြစ်ပြီး ဘယ်လ်ဂျီယံသားဟာ
အစောပိုင်း ၆ပွဲတွေ့ဆုံမှုမှာ ဝံပုလွေတွေဘက်ကို ၅ဂိုးသွင်း၊





၄ကြိမ်ဖန်တီးပြီး ၉ဂိုးအထိပါဝင်ပက်သတ်ထားတာဖြစ်တယ်။
ဒုတိယပိုင်းအစမှာ ဝုဗ်နည်းပြလိုပီတီဂူကချေပဂိုးရဖို့ကစားသမား
၃ဦးအထိအပြောင်းအလဲလုပ်ခဲ့ပေမဲ့ ၄၉ မိနစ်မှာ မန်စီးတီးပင်နယ်တီ





ရခဲ့ပြီး ဟာလန်းကအမှားအယွင်းမရှိအဆုံးသတ်ခဲ့လို့ အိမ်ရှင်တွေ
နှစ်ဂိုးပြတ်ဦးဆောင်သွားပါတယ်။ ဆက်တိုက်ဆိုသလို ဂိုးသမား





ဂျိုဆေးဆာရဲ့အမှားကတစ်ဆင့် မာရက်ဇ်ဖန်တီးပေးတာကို
ဟာလန်းက ဟက်ထရစ်ဂိုးအဖြစ်သွင်းယူသွားခဲ့ပါတယ်။
၆၁ မိနစ်မှာတော့ ဂွါဒီယိုလာဟာ ဟက်ထရစ်ရှင်ဟာလန်းကို





အဲလ်ဗာရက်ဇ်နဲ့လူစားလဲသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ၃ဂိုးသွင်းခဲ့တဲ့
နော်ဝေသားဟာ ပရီးမီးယားလိဂ်တစ်ရာသီမှာ အိမ်ကွင်းဂိုးသွင်း





အများဆုံး(၁၆ဂိုး၊ ၂၀၁၁-၁၂ ရာသီမှာအဂူရိုရရှိထား)ကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ၁၉ပွဲမှာတင်
နော်ဝေသားက ဟက်ထရစ် ၄ပွဲရခဲ့ပြီဖြစ်လို့ နစ္စတယ်ရွိုင်းရရှိထားတဲ့





၆၅ပွဲမှာ ဟက်ထရစ် ၄ကြိမ်ဆိုတဲ့အကောင်းဆုံးစံချိန်ကိုအသာအယာ
ကျော်ဖြတ်သွားခဲ့တာပါ။ သူ့ရဲ့ပထမဆုံးဂိုးကိုဖန်တီးပေးခဲ့တဲ့





ဒီဘရိုင်းကတော့ ဒီရာသီထိပ်တန်းလိဂ် ၅ရပ်မှာ ဂိုးဖန်တီးမှုအများဆုံး
ကစားသမား(၁၆ကြိမ်)အဖြစ်ရပ်တည်နေပြီး ဘယ်လ်ဂျီယံသားဟာ
ဟာလန်းတစ်ဦးတည်းအတွက် ၇ကြိမ်ဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။





zawgyi
စက္႐ုပ္လူသားဓာတ္ခဲလဲလိုက္ၿပီး စံခ်ိန္မွတ္တမ္းေကာင္းေတြနဲ႔အတူ လြန္ခဲ့တဲ့ ၃ရာသီေ႐ႊဖိနပ္ဆုရွင္ေတြရဲ႕တစ္ရာသီဂိုးသြင္းႏႈန္းေတြကို ဟာလန္း ေက်ာ္တက္ျပခဲ့





ႏွစ္သင္းစလုံး ၄-၃-၃ နဲ႔ပြဲထြက္ခဲ့ၿပီး ဝုဗ္နည္းျပလိုပီတီဂူဟာ
ကြင္းလယ္လူသစ္ လီမီနာကိုပြဲထုတ္ခဲ့ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ
အမွတ္ေပးဇယားေအာက္တစ္ျခမ္းကအသင္းေတြနဲ႔ကစားခဲ့တဲ့





၁၀ပြဲမွာ ၈ပြဲႏိုင္၊ ၂ပြဲသေရနဲ႔ ရႈံးပြဲမရွိခဲ့တဲ့ မန္စီးတီးရဲ႕မွတ္တမ္းက
ဒီပြဲမွာ ဝံပုေလြေတြကိုလုံးဝအထက္စီးယူႏိုင္မယ့္ အေနအထားျဖစ္ခဲ့တာပါ။





ဒီရာသီ ဝုဗ္တစ္သင္းလုံးရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးက ၁၂ဂိုးသာ
ရွိခဲ့တာေၾကာင့္ ဟာလန္းတစ္ေယာက္ထဲသြင္းထားတဲ့ပမာဏထက္ေတာင္
၁၀ဂိုးနည္းေနခဲ့တာျဖစ္တယ္။ ပရီးမီးယားလိဂ္ ၁၉ပြဲကစားအၿပီး





အေနအထားအရၾကည့္ရင္ေတာ့ လက္ရွိပရီးမီးယားလိဂ္မွာ
ဝုဗ္ကတိုက္စစ္အားအနည္းဆုံးအသင္းျဖစ္ေနသလို ေနာက္ဆုံး





၇ ရာသီကိုျပန္ၾကည့္ရင္ ပြဲစဥ္ ၁၉ အၿပီးဂိုးသြင္းအနည္းဆုံး
အသင္းေတြအားလုံးတန္းဆင္းခဲ့ရတာကိုေတြ႕ရမွာပါ။
ဂြါဒီယိုလာကေတာ့ လိုပီတီဂူနဲ႔နည္းျပဘဝေတြ႕ဆုံမႈ ၃ႀကိမ္မွာ





၂ပြဲအႏိုင္ရထားတာျဖစ္တယ္။ ပြဲအစမွာကတည္းက မန္စီးတီးဟာ
ကြင္းတစ္ဝက္အထိတက္ဖိၿပီးဦးေဆာင္ဂိုးရဖို႔ႀကိဳးစားခဲ့ပါတယ္။





ပြဲခ်ိန္ ၃၉မိနစ္မွာတာ့ ဒီဘ႐ိုင္းရဲ႕ေပးပို႔မႈကို ဟာလန္းကေခါင္းတိုက္ၿပီး
အဖြင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ေနာ္ေဝသားအတြက္ေတာ့
ဒီရာသီလိဂ္ၿပိဳင္ပြဲ ၂၃ဂိုးေျမာက္ျဖစ္သလို ပြဲစဥ္ ၂၀ ကစားအၿပီးမွာတင္





လြန္ခဲ့တဲ့ ၃ရာသီအတြင္း ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ေတြရဲ႕
တစ္ရာသီစာဂိုးသြင္းႏႈန္းနဲ႔ထပ္တူက်သြားခဲ့တာျဖစ္တယ္။





ဒီဘ႐ိုင္းအတြက္ေတာ့ ဝုဗ္နဲ႔ရင္ဆိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး
၇ပြဲမွာ ၁၀ဂိုးေျမာက္ပါဝင္ပက္သတ္မႈျဖစ္ၿပီး ဘယ္လ္ဂ်ီယံသားဟာ
အေစာပိုင္း ၆ပြဲေတြ႕ဆုံမႈမွာ ဝံပုေလြေတြဘက္ကို ၅ဂိုးသြင္း၊





၄ႀကိမ္ဖန္တီးၿပီး ၉ဂိုးအထိပါဝင္ပက္သတ္ထားတာျဖစ္တယ္။
ဒုတိယပိုင္းအစမွာ ဝုဗ္နည္းျပလိုပီတီဂူကေခ်ပဂိုးရဖို႔ကစားသမား





၃ဦးအထိအေျပာင္းအလဲလုပ္ခဲ့ေပမဲ့ ၄၉ မိနစ္မွာ မန္စီးတီးပင္နယ္တီ
ရခဲ့ၿပီး ဟာလန္းကအမွားအယြင္းမရွိအဆုံးသတ္ခဲ့လို႔ အိမ္ရွင္ေတြ
ႏွစ္ဂိုးျပတ္ဦးေဆာင္သြားပါတယ္။ ဆက္တိုက္ဆိုသလို ဂိုးသမား





ဂ်ိဳေဆးဆာရဲ႕အမွားကတစ္ဆင့္ မာရက္ဇ္ဖန္တီးေပးတာကို
ဟာလန္းက ဟက္ထရစ္ဂိုးအျဖစ္သြင္းယူသြားခဲ့ပါတယ္။





၆၁ မိနစ္မွာေတာ့ ဂြါဒီယိုလာဟာ ဟက္ထရစ္ရွင္ဟာလန္းကို
အဲလ္ဗာရက္ဇ္နဲ႔လူစားလဲသြားခဲ့ပါတယ္။ ဒီပြဲစဥ္မွာ ၃ဂိုးသြင္းခဲ့တဲ့
ေနာ္ေဝသားဟာ ပရီးမီးယားလိဂ္တစ္ရာသီမွာ အိမ္ကြင္းဂိုးသြင္း





အမ်ားဆုံး(၁၆ဂိုး၊ ၂၀၁၁-၁၂ ရာသီမွာအဂူ႐ိုရရွိထား)ကစားသမားအျဖစ္
မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ ၁၉ပြဲမွာတင္





ေနာ္ေဝသားက ဟက္ထရစ္ ၄ပြဲရခဲ့ၿပီျဖစ္လို႔ နစၥတယ္႐ြိဳင္းရရွိထားတဲ့
၆၅ပြဲမွာ ဟက္ထရစ္ ၄ႀကိမ္ဆိုတဲ့အေကာင္းဆုံးစံခ်ိန္ကိုအသာအယာ
ေက်ာ္ျဖတ္သြားခဲ့တာပါ။ သူ႔ရဲ႕ပထမဆုံးဂိုးကိုဖန္တီးေပးခဲ့တဲ့





ဒီဘ႐ိုင္းကေတာ့ ဒီရာသီထိပ္တန္းလိဂ္ ၅ရပ္မွာ ဂိုးဖန္တီးမႈအမ်ားဆုံး
ကစားသမား(၁၆ႀကိမ္)အျဖစ္ရပ္တည္ေနၿပီး ဘယ္လ္ဂ်ီယံသားဟာ





ဟာလန္းတစ္ဦးတည္းအတြက္ ၇ႀကိမ္ဖန္တီးေပးထားႏိုင္တာျဖစ္ပါတယ္။