စက်ရုပ်ဒိုင်နဲ့ အစမ်းသပ်ခံ ချဲလ်ဆီး

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ

ဖီဖာက စက်ရုပ်ဒိုင်လူကြီးကိုစမ်းသပ်အသုံးပြုမှာဖြစ်လို့ ချဲလ်ဆီးအသင်းဟာ

စက်ရုပ်ဒိုင်နဲ့စမ်းသပ်ခံရမယ့် ပထမဆုံးပရီးမီးယားလိဂ်ကလပ်ဖြစ်လာမယ်လို့

သိရပါတယ်။ ချဲလ်ဆီးဟာလာမယ့်သီတင်းပတ်ထဲမှာ ကလပ်ကမ္ဘာ့ဖလား

သွားပြိုင်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကနေစတင်ကစားရမှာဖြစ်ပါတယ်။

ဖီဖာဟာ ကစားသမားတွေရဲ့ခြေတွေလက်တွေ လှုပ်ရှားမှုကိုခြေရာခံပြီး

လူကျွံဘောဖြစ်မဖြစ်ကို စက္ကန့်ဝက်အတွင်းမှာတင် အလိုအလျောက်

ဆုံးဖြတ်ပေးနိုင်တဲ့နည်းပညာရပ်ကို စမ်းသပ်အသုံးပြုသွားမှာပါ။ ဒီစနစ်အတွက်

အထူးပြုလုပ်ထားတဲ့ ကင်မရာတွေကို ကွင်းရဲ့အမိုးမှာတပ်ဆင်ထားမှာဖြစ်ပြီး

ကစားသမားတွေခြေလက် အရိုးအဆစ်တွေလှုပ်ရှားမှုကို animation နဲ့ပုံဖော်ကာ

ဒေတာပွိုင့် ၂၉ ခုကနေဆန်းစစ်ပြီး လူကျွံဘောဖြစ်မဖြစ်ကို စက်ကနေ

စက္ကန့်ဝက်အတွင်းအဖြေထုတ်နိုင်မှာဖြစ်ပါတယ်။ စက်ကအဖြေထုတ်လိုက်မှုကို

VAR ဒိုင်အဖွဲ့ဆီချက်ခြင်းပို့ပေးမှာဖြစ်လို့ ကစားသမားတစ်ယောက်လူကျွံတာနဲ့

ကွင်းလယ်ဒိုင်ကလည်းချက်ခြင်းဆိုသလို သိရှိမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို

ပြီးခဲ့တဲ့ အာရပ်ဖလား ပြိုင်ပွဲမှာ ဖီဖာကအောင်မြင်စွာအသုံးပြုနိုင်ခဲ့ပြီးနောက်

ကလပ်ကမ္ဘာ့ဖလားမှာပါဆက်လက်စမ်းသပ်မှာဖြစ်ကာာ အားရစရာအောင်မြင်ခဲ့ရင်

ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာဒီစနစ်ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှာကစားရမှာဖြစ်ပြီး

အယ်လ်ဟီလယ်၊ အယ်လ်ဂျာဇီရာ၊ ပီရေး ၃ သင်းထဲကတစ်သင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဖီဖာရဲ့အဆိုအရ အခုအသုံးပြုမယ့်စက်ရုပ်ဒိုင်စနစ်ဟာနောက်ပိုင်းမှာ နည်းပြတွေ၊

ဆေးအဖွဲ့တွေနဲ့ ပရိသတ်တွေကိုလည်း အချက်အလက်အပြည့်အစုံပေးနိုင်ဖို့ရှိနေတယ်လို့

သိရပါတယ်။ ဒါကြောင့်လည်း ပွဲအဖြေပြောင်းနိုင်တဲ့ အဖြစ်အပျက်တွေ၊ ကစားသမားရဲ့

ဒဏ်ရာရရှိမှုတွေကို ပြန်လည်ဆန်းစစ်နိုင်တော့မှာဖြစ်ပါတယ်။

Zawgyi

စက္႐ုပ္ဒိုင္နဲ့ အစမ္းသပ္ခံ ခ်ဲလ္ဆီး
ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕မွာက်င္းပမယ့္ ကလပ္ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ

ဖီဖာက စက္႐ုပ္ဒိုင္လူႀကီးကိုစမ္းသပ္အသုံးျပဳမွာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းဟာ

စက္႐ုပ္ဒိုင္နဲ႔စမ္းသပ္ခံရမယ့္ ပထမဆုံးပရီးမီးယားလိဂ္ကလပ္ျဖစ္လာမယ္လို႔

သိရပါတယ္။ ခ်ဲလ္ဆီးဟာလာမယ့္သီတင္းပတ္ထဲမွာ ကလပ္ကမာၻ႔ဖလား

သြားၿပိဳင္မွာျဖစ္ၿပီး ဆီမီးဖိုင္နယ္အဆင့္ကေနစတင္ကစားရမွာျဖစ္ပါတယ္။

 

ဖီဖာဟာ ကစားသမားေတြရဲ႕ေျခေတြလက္ေတြ လႈပ္ရွားမႈကိုေျခရာခံၿပီး

လူကြၽံေဘာျဖစ္မျဖစ္ကို စကၠန႔္ဝက္အတြင္းမွာတင္ အလိုအေလ်ာက္

ဆုံးျဖတ္ေပးႏိုင္တဲ့နည္းပညာရပ္ကို စမ္းသပ္အသုံးျပဳသြားမွာပါ။ ဒီစနစ္အတြက္

အထူးျပဳလုပ္ထားတဲ့ ကင္မရာေတြကို ကြင္းရဲ႕အမိုးမွာတပ္ဆင္ထားမွာျဖစ္ၿပီး

ကစားသမားေတြေျခလက္ အ႐ိုးအဆစ္ေတြလႈပ္ရွားမႈကို animation နဲ႔ပုံေဖာ္ကာ

ေဒတာပြိဳင့္ ၂၉ ခုကေနဆန္းစစ္ၿပီး လူကြၽံေဘာျဖစ္မျဖစ္ကို စက္ကေန

စကၠန႔္ဝက္အတြင္းအေျဖထုတ္ႏိုင္မွာျဖစ္ပါတယ္။ စက္ကအေျဖထုတ္လိုက္မႈကို

VAR ဒိုင္အဖြဲ႕ဆီခ်က္ျခင္းပို႔ေပးမွာျဖစ္လို႔ ကစားသမားတစ္ေယာက္လူကြၽံတာနဲ႔

ကြင္းလယ္ဒိုင္ကလည္းခ်က္ျခင္းဆိုသလို သိရွိမွာျဖစ္ပါတယ္။ ဒီစမ္းသပ္မႈကို

ၿပီးခဲ့တဲ့ အာရပ္ဖလား ၿပိဳင္ပြဲမွာ ဖီဖာကေအာင္ျမင္စြာအသုံးျပဳႏိုင္ခဲ့ၿပီးေနာက္

ကလပ္ကမာၻ႔ဖလားမွာပါဆက္လက္စမ္းသပ္မွာျဖစ္ကာာ အားရစရာေအာင္ျမင္ခဲ့ရင္

ကာတာမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားမွာဒီစနစ္ကိုအသုံးျပဳသြားမွာျဖစ္ပါတယ္။

 

ခ်ဲလ္ဆီးအသင္းဟာ ဆီမီးဖိုင္နယ္ပြဲကို ေဖေဖာ္ဝါရီ ၉ ရက္မွာကစားရမွာျဖစ္ၿပီး

အယ္လ္ဟီလယ္၊ အယ္လ္ဂ်ာဇီရာ၊ ပီေရး ၃ သင္းထဲကတစ္သင္းနဲ႔ ေတြ႕ဆုံမွာျဖစ္ပါတယ္။

ဖီဖာရဲ႕အဆိုအရ အခုအသုံးျပဳမယ့္စက္႐ုပ္ဒိုင္စနစ္ဟာေနာက္ပိုင္းမွာ နည္းျပေတြ၊

ေဆးအဖြဲ႕ေတြနဲ႔ ပရိသတ္ေတြကိုလည္း အခ်က္အလက္အျပည့္အစုံေပးႏိုင္ဖို႔ရွိေနတယ္လို႔

သိရပါတယ္။ ဒါေၾကာင့္လည္း ပြဲအေျဖေျပာင္းႏိုင္တဲ့ အျဖစ္အပ်က္ေတြ၊ ကစားသမားရဲ႕

ဒဏ္ရာရရွိမႈေတြကို ျပန္လည္ဆန္းစစ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။