
လစဉ်တိုင်း ပုံမှန်ချီးမြှင့်နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တလတာအကောင်းဆုံးဆုတွေကို
မနေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ စက်တင်ဘာလရဲ့ အကောင်းဆုံး
ကစားသမားဆုကို မန်ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို ၊
အကောင်းဆုံး နည်းပြ ဆုကို အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့
အကောင်းဆုံးသွင်းဂိုးဆုကိုတော့အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား တောင်ဆန်တို့က
အသီးသီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ဟာ စက်တင်ဘာလအတွင်းမှာကစားခဲ့တဲ့
ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး
မန်ယူနိုက်တက်အသင်းကို ရမှတ် ၆ မှတ်ရယူပေးခဲ့တာကြောင့်
စကာတင်စာရင်းမှာပါဝင်တဲ့ မိုဆာလာ ၊ စိန့် မက်ဆီမင် ၊ ရူဒီဂါ ၊ ကန်ဆယ်လို ၊
အစ်မိုင်လာဆား တို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ၅ ကြိမ်မြောက်အဖြစ်
၁၃ နှစ်အကြာမှာ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို တကျော့ပြန်လည်ရောက်ရှိလာပြီးနောက်ပထမဆုံးကစားခဲ့တဲ့
လမှာပဲ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့်ရော်နယ်ဒို နဲ့
သူ့ရဲ့ပရိသတ်တွေအတွက်တော့ ကျေနပ်စရာကောင်းခဲ့တာ အမှန်ပါပဲ။
ဒါပေမဲ့ လီဗာပူးလ် ပရိသတ်အများစုကတော့ တလတာ အကောင်းဆုံးကစားသမားဆုကို
ရော်နယ်ဒို က သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား မိုဆာလာကို
ကျော်ပြီးရရှိသွားခဲ့တဲ့အပေါ် မကျေမချမ်းဖြစ်နေကြပြီး
ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်နေကြပါတယ်။ အီဂျစ် တိုက်စစ်ကစားသမား
မိုဆာလာဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၃ ဂိုးသွင်းယူပေးခဲ့ပြီး
လီဗာပူးလ်အသင်းကို ရမှတ် ၇ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အခွင့်အရေးဖန်တီးပေးမှု ၊ လိမ်ခေါက်ဖြတ်ကျော်မှု ၊ဂိုးပေါက်ကန်သွင်းမှု စတဲ့
အချက်အလက်တွေမှာ မိုဆာလာ က ရော်နယ်ဒိုထက် အသာရနေတာကြောင့်
လီဗာပူးလ် ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တလတာအကောင်းဆုံးဆုတွေဟာ ပရိသတ်တွေရဲ့အွန်လိုင်း voting ၊
ကလပ်အသင်းခေါင်းဆောင်တွေရဲ့ voting ၊ ကျွမ်းကျင်သူတွေရဲ့ ရွေးချယ်မှု စတဲ့
၃ ခုကို ပေါင်းပြီး အဲ့ဒီထဲကမှ မဲအများဆုံးရတဲ့ သူကို ပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။
zawgyi
စက္တင္ဘာလ ရဲ႕ အေကာင္းဆုံးကစားသမားဆုကို ေရာ္နယ္ဒို ရရွိခဲ့တဲ့အေပၚ မေက်မခ်မ္းျဖစ္ေနၾကတဲ့ လီဗာပူးလ္ ပရိသတ္မ်ား
လစဥ္တိုင္း ပုံမွန္ခ်ီးျမႇင့္ေနတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ တလတာအေကာင္းဆုံးဆုေတြကို
မေန႔ကထုတ္ျပန္ေၾကညာခဲ့ပါတယ္။ စက္တင္ဘာလရဲ႕ အေကာင္းဆုံး
ကစားသမားဆုကို မန္ယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီ ဝါရင့္တိုက္စစ္မႉး ေရာ္နယ္ဒို ၊
အေကာင္းဆုံး နည္းျပ ဆုကို အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာနဲ႔
အေကာင္းဆုံးသြင္းဂိုးဆုကိုေတာ့အဲဗာတန္အသင္းရဲ႕ ေတာင္ပံကစားသမား ေတာင္ဆန္တို႔က
အသီးသီး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒို ဟာ စက္တင္ဘာလအတြင္းမွာကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲမွာ သြင္းဂိုး ၃ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး
မန္ယူႏိုက္တက္အသင္းကို ရမွတ္ ၆ မွတ္ရယူေပးခဲ့တာေၾကာင့္
စကာတင္စာရင္းမွာပါဝင္တဲ့ မိုဆာလာ ၊ စိန္႔ မက္ဆီမင္ ၊ ႐ူဒီဂါ ၊ ကန္ဆယ္လို ၊
အစ္မိုင္လာဆား တို႔ကို ေက်ာ္ျဖတ္ကာ အဆိုပါဆုကို ၅ ႀကိမ္ေျမာက္အျဖစ္
၁၃ ႏွစ္အၾကာမွာ ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္လည္ေရာက္ရွိလာၿပီးေနာက္ပထမဆုံးကစားခဲ့တဲ့
လမွာပဲ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ေရာ္နယ္ဒို နဲ႔
သူ႔ရဲ႕ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာေကာင္းခဲ့တာ အမွန္ပါပဲ။
ဒါေပမဲ့ လီဗာပူးလ္ ပရိသတ္အမ်ားစုကေတာ့ တလတာ အေကာင္းဆုံးကစားသမားဆုကို
ေရာ္နယ္ဒို က သူတို႔အသင္းရဲ႕ တိုက္စစ္ကစားသမား မိုဆာလာကို
ေက်ာ္ၿပီးရရွိသြားခဲ့တဲ့အေပၚ မေက်မခ်မ္းျဖစ္ေနၾကၿပီး
ဆိုရွယ္မီဒီယာေတြေပၚမွာ ေဝဖန္ေနၾကပါတယ္။ အီဂ်စ္ တိုက္စစ္ကစားသမား
မိုဆာလာဟာ စက္တင္ဘာလအတြင္းကစားခဲ့တဲ့ပြဲစဥ္ ၃ ပြဲမွာ သြင္းဂိုး ၃ ဂိုးသြင္းယူေပးခဲ့ၿပီး
လီဗာပူးလ္အသင္းကို ရမွတ္ ၇ မွတ္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ အခြင့္အေရးဖန္တီးေပးမႈ ၊ လိမ္ေခါက္ျဖတ္ေက်ာ္မႈ ၊ဂိုးေပါက္ကန္သြင္းမႈ စတဲ့
အခ်က္အလက္ေတြမွာ မိုဆာလာ က ေရာ္နယ္ဒိုထက္ အသာရေနတာေၾကာင့္
လီဗာပူးလ္ ပရိသတ္ေတြက မေက်မနပ္ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ တလတာအေကာင္းဆုံးဆုေတြဟာ ပရိသတ္ေတြရဲ႕အြန္လိုင္း voting ၊
ကလပ္အသင္းေခါင္းေဆာင္ေတြရဲ႕ voting ၊ ကြၽမ္းက်င္သူေတြရဲ႕ ေ႐ြးခ်ယ္မႈ စတဲ့
၃ ခုကို ေပါင္းၿပီး အဲ့ဒီထဲကမွ မဲအမ်ားဆုံးရတဲ့ သူကို ေပးအပ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။