စကော့တလန်ကလပ် အဘာဒင်းအသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေတဲ့ ဆိုးလ်ရှား
မန်ယူအသင်းနည်းပြဟောင်းဖြစ်တဲ့ အိုလေဂန်နာဆိုးလ်ရှားဟာ
စကော့တလန်ကလပ် အဘာဒင်းအသင်းကို
ကိုင်တွယ်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
အဘာဒင်းဟာ အခုလအစောပိုင်းကနည်းပြ စတီဖန်ဂလက်စ် ကို
ရာထူးကနေထုတ်ပယ် လိုက်ပြီးနောက် နည်းပြသစ်တစ်ဦးကိုရှာဖွေနေပြီး
လက်ရှိမှာဆဲလ်တစ်ကွင်းလယ်လူဟောင်း ဘာရီရော့ဘ်ဆင်က
ယာယီ ကိုင်တွယ်နေပါတယ်။
ဆိုးလ်ရှားဟာ နိုဝင်ဘာလတုန်းက မန်ယူနည်းပြရာထူးကနေ
ထုတ်ပယ်ခံလိုက်ရသူဖြစ်ပြီး လက်ရှိ မှာ ကလပ်လက်မဲ့လည်းဖြစ်နေတာပါ။
ဒါကြောင့်လည်းစကော့တလန်ဘောလုံးဂန္ထဝင်ဖြစ်တဲ့ ချာလီနီကိုလက်စ် က
အဘာဒင်း အနေနဲ့ ဆိုးလ်ရှားကိုနည်းပြသစ်ခန့်သင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။
အဘာဒင်း ဆိုတာ မန်ယူဂန္ထဝင်နည်းပြကြီးဖြစ်တဲ့
ဖာဂူဆန် က မန်ယူကိုတာဝန်မယူခင်မှာ ကိုင်တွယ်ခဲ့တဲ့အသင်းဖြစ်ပြီး
၁၉၈၀ ပြည့်လွန်နှစ်တွေကစကော့တလန်ပရီးမီး ယားလိဂ် ၃ ကြိမ်၊
စကော့တလန်ဖလားနဲ့ ၄ ကြိမ်နဲ့ စဘော့တလန်လိဂ်ချန်ပီယံတစ်ကြိမ်ရရှိအောင်
စွမ်းဆောင်ပေးနိုင်ခဲ့ တာပါ။ ၁၉၈၃ မှာဆိုရင်
ဥရောပရှုံးထွက်ဗိုလ်များဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရီးရဲလ်ကိုအနိုင်ယူပြီး
ဗိုလ်စွဲအောင်လုပ်ပြနိုင် ခဲ့တာပါ။ အသက် ၄၈ နှစ်ရှိတဲ့
ဆိုးလ်ရှားဟာ မန်ယူကိုသူကိုင်တွယ်ခဲ့တဲ့ ၃ နှစ်ခွဲကာလအတွင်းမှာ
ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွေဆီ
ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ရော့ဘ်ဆင်က
အဘာဒင်းအနေနဲ့ ဖာဂူဆန်ရဲ့တပည့်ရင်းကြီးဖြစ်တဲ့
ဆိုးလ်ရှားကို ကမ်းလှမ်းသင့်တယ်လို့ ဆိုခဲ့သလို ရရှိဖို့လည်း
နီးစပ်နေတယ်လို့သတင်းတွေထွက်နေတာပါ။
ရော့ဘ်ဆင်က” ကျွန်တော့်အသင်းဟောင်း အဘာဒင်း အနေနဲ့
ရည်မှန်းချက်ကြီးမားတယ်ဆိုရင် ဆိုးလ်ရှားကိုခေါ်ဖို့ကြိုးပမ်းသင့်ပါတယ်။
သူတို့သာစိတ်ဝင်စားရင် ဆိုးလ်ရှားနဲ့ ပြောဆိုကြည့်သင့်တာပေါ့။
ဆိုးလ် ရှားဘက်က ငြင်းပယ်တဲ့ စကားကြားရကောင်း ကြားရနိုင်ပေမယ့်
ဘာမှမကမ်းလှမ်းရင် ဘာမှလည်းရဖို့မရှိပါဘူး။
သူဟာ မန်ယူနဲ့အတူ အတွေ့အကြုံတွေအများကြီးရရှိခဲ့လို့
ဒါကိုအသုံးချနိုင်ပါလိမ့်မယ်” လို့ပြောသွားပါတယ်။
ဖာဂူဆန်ဟာ အဘာ ဒင်းနဲ့အတူအောင်မြင်ခဲ့ပြီးမှ မန်ယူကို ကိုင်တွယ်ပြီး
အောင်မြင်ခဲ့တာဖြစ်လို့ ဆိုးလ်ရှားလည်း အဘာဒင်းနဲ့အတူ
အတွေ့အ ကြုံတွေထပ်ပြီး ဆည်းပူးသင့်တယ်လို့ လည်းဆိုကြပါတယ်။
zawgyi