စကားတွေအများကြီးပြောနေမယ့်အစား သပိတ်မှောက်တာ ပိုကောင်းမယ်

ဂွါဒီယိုလာက ဘောလုံးတာဝန်ရှိသူတွေအနေနဲ့ လက်ရှိ ပွဲဆက်တွေ ဆက်တိုက်

ကစားနေရမှုအပေါ် သတိပြုနိုင်ဖို့အတွက် သပိတ်မှောက်မှုကသာ တစ်ခုတည်း

သော နည်းလမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးနည်းပြဟာ ၂၀၁၆ခုနှစ်မှာ

အသင်းကို ရောက်လာကတည်းက ပွဲကျပ်ကာလ ဖြတ်သန်းရတာကို ကြိုက်နှစ်

သက်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲတွေ ဆက်တိုက် ကစားခိုင်းနေရင် ထိပ်တန်းကစားသမားတွေကို

ဆက်ထိန်းထားနိုင်ဖို့က စွန့်စားရာကျသွားမယ်လို့ ဂွါဒီယိုလာက ယုံကြည်နေပါ

တယ်။ ဒါကြောင့် ဂွါဒီယိုလာက စကားအများကြီး ပြောတာထက် တစ်ခုခု

လုပ်ပြလိုက်တာက ပိုပြီး ထိရောက်ကြောင်း မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဒီအပတ်ကမများပါဘူး။ဘောက်ဆင်ဒေးက အရမ်းအရေးကြီး

ပါတယ်။ပရီးမီးယားလိဂ်အထူးစပါယ်ရှယ်ဖြစ်စေတဲ့အရာတွေထဲကတစ်ခုပါ။

ပြဿနာကပွဲပြက္ခဒိန်ပါ။တစ်နှစ်မှာ၃၆၅ရက်ရှိတယ်။နိုင်ငံလက်ရွေးစင်အသင်း

အတွက်နိုင်ငံပွဲရှိတယ်။ပွဲတွေကအများကြီးပါ။ဒါကိုဖြေရှင်းရမယ်။ကစားသမား

တွေဟာနွေမှာနှစ်ပတ်(သို့မဟုတ်)သုံးပတ်ပဲနားခွင့်ရတယ်။ပြီးနောက်ရာသီ

စပြန်ပါပြီ။ဒီလိုမျိုးချည်းပဲ ထပ်ခါထပ်ခါဖြစ်နေတယ်။အရမ်းများတယ်။

ကစားသမားတွေရဲ့ကောင်းကျိုးချမ်းသာကအရမ်းအရေးကြီးတယ်။ကစားသမားတွေရဲ့

ကောင်းကျိုးကိုလိုချင်တယ်လို့ပြောပြီးလူစားလဲလှယ်မှုငါးဦးမပေးတဲ့တစ်ခုတည်း

သောနိုင်ငံဖြစ်နေတယ်။သုံးဦးတည်းပဲ လူစားလဲခွင့်ရတယ်။ဘာကြောင့်လဲ။

ကစားသမားတွေနဲ့နည်းပြတွေအတူတွဲပြီးသပိတ်မှောက်သင့်တယ်။ဒါမှမဟုတ်

စကားလုံးနဲ့ဖြေရှင်းတာထက်ပိုကောင်းတာတစ်ခုလုပ်သင့်တယ်။ကစားသမား

တွေရဲ့ကောင်းကျိုးထက် ယူအီးအက်ဖ်အေ၊ဖီဖာ၊ပရီးမီးယားလိဂ်၊ရုပ်သံလွှင့်တဲ့

သူတွေရဲ့လုပ်ငန်းကပိုပြီးတော့အရေးကြီးနေလို့ပဲ”လို့ပြောကြားပါတယ်။

Zawgyi

စကားေတြအမ်ားႀကီးေျပာေနမယ့္အစား သပိတ္ေမွာက္တာ ပိုေကာင္းမယ္

ဂြါဒီယိုလာက ေဘာလုံးတာဝန္ရွိသူေတြအေနနဲ႔ လက္ရွိ ပြဲဆက္ေတြ ဆက္တိုက္

ကစားေနရမႈအေပၚ သတိျပဳႏိုင္ဖို႔အတြက္ သပိတ္ေမွာက္မႈကသာ တစ္ခုတည္း

ေသာ နည္းလမ္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးနည္းျပဟာ ၂၀၁၆ခုႏွစ္မွာ

အသင္းကို ေရာက္လာကတည္းက ပြဲက်ပ္ကာလ ျဖတ္သန္းရတာကို ႀကိဳက္ႏွစ္

သက္သူတစ္ဦး ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ပြဲေတြ ဆက္တိုက္ ကစားခိုင္းေနရင္ ထိပ္တန္းကစားသမားေတြကို

ဆက္ထိန္းထားႏိုင္ဖို႔က စြန႔္စားရာက်သြားမယ္လို႔ ဂြါဒီယိုလာက ယုံၾကည္ေနပါ

တယ္။ ဒါေၾကာင့္ ဂြါဒီယိုလာက စကားအမ်ားႀကီး ေျပာတာထက္ တစ္ခုခု

လုပ္ျပလိုက္တာက ပိုၿပီး ထိေရာက္ေၾကာင္း မွတ္ခ်က္ေပးတာ ျဖစ္ပါတယ္။

ဂြါဒီယိုလာက “ဒီအပတ္ကမမ်ားပါဘူး။ေဘာက္ဆင္ေဒးက အရမ္းအေရးႀကီး

ပါတယ္။ပရီးမီးယားလိဂ္အထူးစပါယ္ရွယ္ျဖစ္ေစတဲ့အရာေတြထဲကတစ္ခုပါ။

ျပႆနာကပြဲျပကၡဒိန္ပါ။တစ္ႏွစ္မွာ၃၆၅ရက္ရွိတယ္။ႏိုင္ငံလက္ေ႐ြးစင္အသင္း

အတြက္ႏိုင္ငံပြဲရွိတယ္။ပြဲေတြကအမ်ားႀကီးပါ။ဒါကိုေျဖရွင္းရမယ္။ကစားသမား

ေတြဟာေႏြမွာႏွစ္ပတ္(သို႔မဟုတ္)သုံးပတ္ပဲနားခြင့္ရတယ္။ၿပီးေနာက္ရာသီ

စျပန္ပါၿပီ။ဒီလိုမ်ိဳးခ်ည္းပဲ ထပ္ခါထပ္ခါျဖစ္ေနတယ္။အရမ္းမ်ားတယ္။ကစား

သမားေတြရဲ႕ေကာင္းက်ိဳးခ်မ္းသာကအရမ္းအေရးႀကီးတယ္။ကစားသမားေတြရဲ႕

ေကာင္းက်ိဳးကိုလိုခ်င္တယ္လို႔ေျပာၿပီးလူစားလဲလွယ္မႈငါးဦးမေပးတဲ့တစ္ခုတည္း

ေသာႏိုင္ငံျဖစ္ေနတယ္။သုံးဦးတည္းပဲ လူစားလဲခြင့္ရတယ္။ဘာေၾကာင့္လဲ။

ကစားသမားေတြနဲ႔နည္းျပေတြအတူတြဲၿပီးသပိတ္ေမွာက္သင့္တယ္။ဒါမွမဟုတ္

စကားလုံးနဲ႔ေျဖရွင္းတာထက္ပိုေကာင္းတာတစ္ခုလုပ္သင့္တယ္။ကစားသမား

ေတြရဲ႕ေကာင္းက်ိဳးထက္ ယူအီးအက္ဖ္ေအ၊ဖီဖာ၊ပရီးမီးယားလိဂ္၊႐ုပ္သံလႊင့္တဲ့

သူေတြရဲ႕လုပ္ငန္းကပိုၿပီးေတာ့အေရးႀကီးေနလို႔ပဲ”လို႔ေျပာၾကားပါတယ္။