စကာလိုနီရဲ့ ပစ်မှတ်ထဲမှာ ဂါနာချိုက wildcard ရွေးချယ်မှုအဖြစ်ရှိနေလိမ့်မယ်လို့ သရဲနီပရိသတ်တွေယူဆနေ

အာဂျင်တီးနားနည်းပြစကာလိုနီရဲ့ မှတ်ချက်တွေကြောင့် လူငယ်ကြယ်ပွင့်ဂါနာချိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ကျခေါ်ယူခံရလိမ့်မယ်လို့ သရဲနီပရိသတ်တွေ ယူဆလာကြပါတယ်။

စကာလိုနီရဲ့အသင်းဟာ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယူအေအီးကို ၅ဂိုးပြတ်အနိုင်ယူထားတာဖြစ်တယ်။ တရားဝင်ပွဲစဉ် ၃၆ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ အာဂျင်တီးနားအသင်းဟာ

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆော်ဒီနဲ့စတင်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုပါ အမေရိကချန်ပီယံဟာ ကတာကမ္ဘာ့ဖလားအတွက် အဆင်သင့်နီးပါးဖြစ်နေပေမဲ့ နည်းပြစကာလိုနီကတော့

ပြိုင်ပွဲမတိုင်ခင်အပြောင်းအလဲ အနည်းငယ်ပြုလုပ်နိုင်တယ်လို့ အရိပ်အမြွက် ဖွင့်ဟလာတာဖြစ်တယ်။ လက်ရှိ အာဂျင်တီးနားအသင်းမှာ ရိုမဲရိုး၊ နီကိုလက်စ်ဂွန်ဇာလက်ဇ်၊ ဒိုင်ဘာလာနဲ့

ပါပူဂိုမက်ဇ်တို့ ၄ယောက်ဟာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် နောက်ကျအစားထိုးမှုပြုလုပ်ဖို့ရှိနေတာဖြစ်တယ်။ “ငါတို့ဆုံးဖြတ်ရမယ့် ရက်တွေရှိနေပါသေးတယ်။

ရုပ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့ ကစားသမားတွေရှိနေပါတယ်။ အမှန်ကတော့ လက်ရှိကစားသမား ၂၆ ယောက်စလုံးဆက်ရှိနေမယ်ဆိုတာမသေချာဘူး၊

ကံကောင်းထောက်မစွာနဲ့ပဲအပြောင်းအလဲအတွက်ဆုံးဖြတ်ရမယ့်ရက်တွေကျန်နေပါသေးတယ်” လို့ စကာလိုနီက ပြောဆိုထားပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့

စကာလိုနီရဲ့ ပစ်မှတ်ထဲမှာ အသက် ၁၈နှစ်အရွယ်ကြယ်ပွင့် ဂါနာချိုက wildcard ရွေးချယ်မှုအဖြစ်ရှိနေတယ်လို့ ယူဆနေကြတာဖြစ်တယ်။

ဂါနာချိုဟာအာဂျင်တီးနား စီနီယာအသင်းအတွက်ဆင့်ခေါ်ခံခဲ့ရပေမဲ့ နိုင်ငံအသင်းအတွက်ပါဝင်ကစားခွင့်တော့မရသေးပါဘူး။

(Zawgyi)

စကာလိုနီရဲ႕ ပစ္မွတ္ထဲမွာ ဂါနာခ်ိဳက wildcard ေ႐ြးခ်ယ္မႈအျဖစ္ရွိေနလိမ့္မယ္လို႔ သရဲနီပရိသတ္ေတြယူဆေန

အာဂ်င္တီးနားနည္းျပစကာလိုနီရဲ႕ မွတ္ခ်က္ေတြေၾကာင့္ လူငယ္ၾကယ္ပြင့္ဂါနာခ်ိဳဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေနာက္က်ေခၚယူခံရလိမ့္မယ္လို႔ သရဲနီပရိသတ္ေတြ ယူဆလာၾကပါတယ္။

စကာလိုနီရဲ႕အသင္းဟာ ၿပိဳင္ပြဲမတိုင္ခင္ေနာက္ဆုံးေျခစမ္းပြဲအျဖစ္ ယူေအအီးကို ၅ဂိုးျပတ္အႏိုင္ယူထားတာျဖစ္တယ္။ တရားဝင္ပြဲစဥ္ ၃၆ပြဲဆက္ ရႈံးပြဲမရွိျဖတ္သန္းထားတဲ့

အာဂ်င္တီးနားအသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ေဆာ္ဒီနဲ႔စတင္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။ ကိုပါအေမရိကခ်န္ပီယံဟာ ကတာကမာၻ႔ဖလားအတြက္ အဆင္သင့္နီးပါးျဖစ္ေနေပမဲ့

နည္းျပစကာလိုနီကေတာ့ၿပိဳင္ပြဲမတိုင္ခင္အေျပာင္းအလဲအနည္းငယ္ျပဳလုပ္ႏိုင္တယ္လို႔ အရိပ္အႁမြက္ ဖြင့္ဟလာတာျဖစ္တယ္။ လက္ရွိအာဂ်င္တီးနားအသင္းမွာ ႐ိုမဲ႐ိုး၊ နီကိုလက္စ္ဂြန္ဇာလက္ဇ္၊

ဒိုင္ဘာလာနဲ႔ ပါပူဂိုမက္ဇ္တို႔ ၄ေယာက္ဟာ ဒဏ္ရာျပႆနာေတြရွိေနတာေၾကာင့္ ေနာက္က်အစားထိုးမႈျပဳလုပ္ဖို႔ရွိေနတာျဖစ္တယ္။ “ငါတို႔ဆုံးျဖတ္ရမယ့္ ရက္ေတြရွိေနပါေသးတယ္။

႐ုပ္ပိုင္းဆိုင္ရာအဆင္မေျပတဲ့ ကစားသမားေတြရွိေနပါတယ္။ အမွန္ကေတာ့ လက္ရွိကစားသမား ၂၆ ေယာက္စလုံးဆက္ရွိေနမယ္ဆိုတာမေသခ်ာဘူး၊

ကံေကာင္းေထာက္မစြာနဲ႔ပဲအေျပာင္းအလဲအတြက္ဆုံးျဖတ္ရမယ့္ရက္ေတြက်န္ေနပါေသးတယ္” လို႔ စကာလိုနီက ေျပာဆိုထားပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ စကာလိုနီရဲ႕ ပစ္မွတ္ထဲမွာ အသက္ ၁၈ႏွစ္အ႐ြယ္ၾကယ္ပြင့္ ဂါနာခ်ိဳက wildcard ေ႐ြးခ်ယ္မႈအျဖစ္ရွိေနတယ္လို႔ ယူဆေနၾကတာျဖစ္တယ္။

ဂါနာခ်ိဳဟာ အာဂ်င္တီးနား စီနီယာအသင္းအတြက္ဆင့္ေခၚခံခဲ့ရေပမဲ့ ႏိုင္ငံအသင္းအတြက္ပါဝင္ကစားခြင့္ေတာ့မရေသးပါဘူး။