ငှက်ကျားတွေလည်း တစ်နေ့မှာတော့ မန်ယူလိုပဲ အသင်းကြီး ဖြစ်လာ စေရမယ်ဆိုတဲ့ ဟိုဝီ

မန်ယူနဲ့ကစားမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် နယူးကာဆယ် နည်းပြ အက်ဒီဟိုဝီကတော့ စကားရည်လုပွဲ စတင်လိုက်ပြီး ငှက်ကျားတွေဟာ တစ်နေ့မှာတော့ မန်ယူလိုပဲ အသင်းကြီးတစ်သင်း ဖြစ်လာတော့မယ်လို့ ယုံကြည်နေပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက သရဲနီတွေထက် တစ် မှတ်သာ နည်းပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဓိက ဆုဖလားတွေ မရယူ နိုင်ခဲ့ပေမယ့်လည်း မန်ယူဟာ အသင်းကြီးတစ်သင်းရဲ့ ဂုဏ်အင်္ဂါတွေအပြည့် ရှိနေဆဲဖြစ်တဲ့အသင်းပါ။

ဒါပေမဲ့ ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ လက်အောက်မှာ တော့ နယူးကာဆယ်ဟာလည်း သရဲနီလိုပဲ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို တက်ရောက်လာနိုင်တော့မှာဖြစ်တယ်လို့ ဟိုဝီက မျှော်လင့်နေတာပါ။

‘’အ သင်းရဲ့ အမြင့်ဆုံးတက်လှမ်းနိုင်မယ့် နေရာကို သတ်မှတ်တာမျိုး ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော့်ရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် ဘုန်းမောက်က လိဂ်-၁၊ လိဂ်-၂ နဲ့ပဲ ပတ်ချာလည်ရိုက်နေခဲ့တာ။

သူ့ကို ပရီးမီးယားလိဂ်မှာ တိုးတက်မှုတွေရှိလာနေတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။

ဒါကြောင့် နယူးကာဆယ်ကရော မန်ယူအသင်းလောက် မကြီးကျယ်မခမ်းနားနိုင်ရမှာလဲ။

အသင်းရဲ့ ရည်ရွယ်ချက်နဲ့ ကန့်လန်ကာနောက်ကွယ်က ရည်မှန်းချက် တွေက တကယ့်ကို ကြီးမားပါတယ်။

အခု ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပြီး အဲဒီရည်မှန်းချက်တွေဆီ အရောက်သွားရပါမယ်။ ဒါပေမဲ့ အမြင့်ဆုံး နေရာ သတ်မှတ်ချက်မျိုးတော့ မရှိပါဘူး’’ လို့ အက်ဒီဟိုဝီက ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က နယူးကာဆယ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ် ငန်းရှင်တွေက ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် ကစားသမားအင်အားဖြည့်တင်း မှုအတွက် ပေါင် သန်း ၂၀၀ ကျော်အထိ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

အဲဒီအထဲမှာမှ တန်ဖိုးအမြင့်ဆုံး ကစားသမားတစ်ယောက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လိုင်ယွန်ကနေ ပြောင်းလာတဲ့ ဘရူနိုဂူူမာရက်စ်ဖြစ်ပြီး ပြောင်း ရွှေ့ကြေးက ပေါင် ၃၆ သန်းအထိ ရှိခဲ့ပါတယ်။

(Zawgyi)

ငွက္က်ားေတြလည္း တစ္ေန႔မွာေတာ့ မန္ယူလိုပဲ အသင္းႀကီး ျဖစ္လာ ေစရမယ္ဆိုတဲ့ ဟိုဝီ

မန္ယူနဲ႔ကစားမယ့္ တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ နယူးကာဆယ္ နည္းျပ အက္ဒီဟိုဝီကေတာ့ စကားရည္လုပြဲ စတင္လိုက္ၿပီး ငွက္က်ားေတြ ဟာ တစ္ေန႔မွာေတာ့ မန္ယူလိုပဲ အသင္းႀကီးတစ္သင္း ျဖစ္လာေတာ့မယ္လို႔ ယုံၾကည္ေနပါတယ္။

နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၅ ေနရာက သရဲနီေတြထက္ တစ္ မွတ္သာ နည္းပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း အဓိက ဆုဖလားေတြ မရယူ ႏိုင္ခဲ့ေပမယ့္လည္း မန္ယူဟာ အသင္းႀကီးတစ္သင္းရဲ႕ ဂုဏ္အဂၤါေတြအျပည့္ ရွိေနဆဲျဖစ္တဲ့အသင္းပါ။

ဒါေပမဲ့ ေဆာ္ဒီလုပ္ငန္းရွင္ေတြရဲ႕ လက္ေအာက္မွာ ေတာ့ နယူးကာဆယ္ဟာလည္း သရဲနီလိုပဲ ကမာၻ႔ေဘာလုံးဇာတ္ခုံေပၚကို တက္ေရာက္လာႏိုင္ေတာ့မွာျဖစ္တယ္လို႔ ဟိုဝီက ေမွ်ာ္လင့္ေနတာပါ။

‘’အ သင္းရဲ႕ အျမင့္ဆုံးတက္လွမ္းႏိုင္မယ့္ ေနရာကို သတ္မွတ္တာမ်ိဳး ကြၽန္ေတာ္ မႀကိဳက္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ သမိုင္းကို ျပန္ၾကည့္လိုက္ရင္ ဘုန္းေမာက္က လိဂ္-၁၊ လိဂ္-၂ နဲ႔ပဲ ပတ္ခ်ာလည္႐ိုက္ေနခဲ့တာ။ သူ႔ကို ပရီးမီးယားလိဂ္မွာ တိုးတက္မႈေတြရွိလာေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ဒါေၾကာင့္ နယူးကာဆယ္ကေရာ မန္ယူအသင္းေလာက္ မႀကီးက်ယ္မခမ္းနားႏိုင္ရမွာလဲ။

အသင္းရဲ႕ ရည္႐ြယ္ခ်က္နဲ႔ ကန႔္လန္ကာေနာက္ကြယ္က ရည္မွန္းခ်က္ ေတြက တကယ့္ကို ႀကီးမားပါတယ္။

အခု ကြၽန္ေတာ္တို႔ ႀကိဳးစားရမွာျဖစ္ၿပီး အဲဒီရည္မွန္းခ်က္ေတြဆီ အေရာက္သြားရပါမယ္။ ဒါေပမဲ့ အျမင့္ဆုံး ေနရာ သတ္မွတ္ခ်က္မ်ိဳးေတာ့ မရွိပါဘူး’’ လို႔ အက္ဒီဟိုဝီက ေျပာဆိုခဲ့တာပါ။

လြန္ခဲ့ တဲ့ တစ္ႏွစ္ေလာက္က နယူးကာဆယ္ကို ေဆာ္ဒီအာေရဗ် စီးပြားေရးလုပ္ ငန္းရွင္ေတြက ဝယ္ယူပိုင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္ ကစားသမားအင္အားျဖည့္တင္း မႈအတြက္ ေပါင္ သန္း ၂၀၀ ေက်ာ္အထိ အသုံးျပဳခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီအထဲမွာမွ တန္ဖိုးအျမင့္ဆုံး ကစားသမားတစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ လိုင္ယြန္ကေန ေျပာင္းလာတဲ့ ဘ႐ူႏိုဂူူမာရက္စ္ျဖစ္ၿပီး ေျပာင္း ေ႐ႊ႕ေၾကးက ေပါင္ ၃၆ သန္းအထိ ရွိခဲ့ပါတယ္။