ငွေတွေဒလဟောဝင်ဖို့ ဂါထာရွတ်စရာမလိုဘဲ အာကြီးကို အားပေးဖို့ပဲ လိုတယ်ဆိုတဲ့ ပရိသတ်

အာဆင်နယ်က နော်တင်ဟမ်ဖောရက်စ်အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ စဉ်မှာ အာဆင်နယ်ပရိသတ်တစ်ယောက် အထုပ်နဲ့ အထည်နဲ့ကို ပွပေါက် တိုးခဲ့တဲ့သတင်းဟာ လူမှုကွန်ရက်

စာမျက်နှာတွေပေါ်မှာ နေရာယူခဲ့တယ်။ အာဆင်နယ် ပရိသတ်တစ်ယောက်ဖြစ်ပြီး ကော်လန်မက်ဂျင်လေလို့ နာမည်ရတဲ့ ပရိသတ်တစ်ယောက်ဟာ အာဆင်နယ်-နော်တင်ဟမ်ပွဲစဉ်မှ

ာ ဖြစ်နိုင်ခြေ အရမ်းကို နည်းပါးလွန်းတဲ့ ထိုးကွက်တစ်ခုကို ၃၃ လေး၊ တစ်လေး ပေးပြီး ကြေးထပ်ခဲ့တာပါ။ သူ့ရဲ့ ထိုးကွက်ကတော့ တနင်္ဂနွေညတုန်းက ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီး

တိုက်စစ်မှူး မာတင်နယ်လီက ဂိုးသွင်းရမယ်၊ ပြီး ရင် အာဆင်နယ်က ၅-၀ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရ ရမယ်။ ဒီအတိုင်း ကွက် တိကျတယ်ဆိုရင် တစ်ဆ ထိုးထားတာနဲ့ ၃၃ ဆ ရမယ့်

ထိုးကွက်ကို ကော်လက်စ်လို့ လူအများခေါ်ကြတဲ့ ပရိသတ်က ထိုးကွက်ရွေးခဲ့တာပါ။ အဲဒီလို ထိုးကြေးတင်ပြီးတဲ့နောက် ဒီကစားသမားဟာ အာဆင်နယ်ပွဲကို ကွင်းထဲ အထိ သွားပြီး ကြည့်ခဲ့ပါတယ်။

သူ့ရဲ့ မျှော်လင့်ချက်ဟာ အာကြီးပွဲရဲ့ ပွဲချိန် ၅ မိနစ်အရောက် ဆာကာရဲ့ ဖန်တီးပေးမှုကတစ်ဆင့် မာတင်နယ်လီက ခေါင်း တိုက်ပြီး ဂိုးသွင်းယူလိုက်ချိန်မှာပဲ စပြီး အသက်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့

ပထမ ပိုင်းတစ်ချိန်လုံး အာဆင်နယ်ဟာ ရောင်ဝါးဝါးဖြစ်နေပြီး ၁-၀ ဂိုးနဲ့ ပထမပိုင်းပြီးခဲ့ပေမဲ့ ဒီပရိသတ်ကတော့ သူ့ရဲ့ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဒုတိ ယပိုင်းကို မျှော်လင့်ချက်ကြီးကြီးနဲ့

ဆက်ပြီး အားပေးနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားအားတင်ပြီး ခပ်သွက်သွက် ကစားလာတဲ့ အာ ဆင်နယ်ဟာ နော်တင်ဟမ်ကို ဂိုးတွေ ဆက်တိုက်သွင်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ် အရောက်

အိုဒီဂတ်ရဲ့ သွင်းဂိုး ရသွားချိန်မှာတော့ ကော်လက်စ်ဟာ သူငယ် ချင်းတွေနဲ့အတူ ကွင်းထဲမှာပဲ အောင်ပွဲခံသွားခဲ့ပါတယ်။ သူဟာ ဒီထိုးကွက်အ တွက် ၁၂၅ ပေါင် ထိုးကြေး တင်ခဲ့တာကြောင့်

ပြန်ရခဲ့တာကတော့ ၄၂၅၀ ပေါင် ပြန်ရခဲ့ပါတယ်။ သူ့ရဲ့အောင်ပွဲရ လက်မှတ်ကလေးကိုလည်း ကော် လက်စ်က တွစ်တာမှာတင်ခဲ့ပြီး အာကြီးနဲ့အတူ လက်တွဲကြဖို့ တိုက်တွန်းသွား ခဲ့ကြပါတယ်။

သူက သူ့ရဲ့ အောင်ပွဲရ လက်မှတ်လေးကို ဓာတ်ပုံရိုက်တင် ထားပြီး ‘’ဘုရားသခင်ချစ်တဲ့ အာဆင်နယ်အတွက် ကျေးဇူးပြုပြီး’’ ဆိုတဲ့ စာတန်းလေး ရေးထိုးခဲ့ပါတယ်။

(Zawgyi)

ေငြေတြဒလေဟာဝင္ဖို႔ ဂါထာ႐ြတ္စရာမလိုဘဲ အာႀကီးကို အားေပးဖို႔ပဲ လိုတယ္ဆိုတဲ့ ပရိသတ္

အာဆင္နယ္က ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို ၅-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲ စဥ္မွာ အာဆင္နယ္ပရိသတ္တစ္ေယာက္ဟာ အထုပ္နဲ႔ အထည္နဲ႔ကို ပြေပါက္ တိုးခဲ့တဲ့သတင္းဟာ

လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ေနရာယူခဲ့တယ္။ အာဆင္နယ္ ပရိသတ္တစ္ေယာက္ျဖစ္ၿပီး ေကာ္လန္မက္ဂ်င္ေလလို႔ နာမည္ ရတဲ့ ပရိသတ္တစ္ေယာက္ဟာ

အာဆင္နယ္-ေနာ္တင္ဟမ္ပြဲစဥ္မွာ ျဖစ္ႏိုင္ေျခ အရမ္းကို နည္းပါးလြန္းတဲ့ ထိုးကြက္တစ္ခုကို ၃၃ ေလး၊ တစ္ေလး ေပးၿပီး ေၾကးထပ္ခဲ့တာပါ။

သူ႔ရဲ႕ ထိုးကြက္ကေတာ့ တနဂၤေႏြညတုန္းက ကစားခဲ့တဲ့ပြဲစဥ္မွာ ဘရာဇီး တိုက္စစ္မႉး မာတင္နယ္လီက ဂိုးသြင္းရမယ္၊ ၿပီး ရင္ အာဆင္နယ္က ၅-၀ ဂိုး ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရ ရမယ္။

ဒီအတိုင္း ကြက္ တိက်တယ္ဆိုရင္ တစ္ဆ ထိုးထားတာနဲ႔ ၃၃ ဆ ရမယ့္ ထိုးကြက္ကို ေကာ္ လက္စ္လို႔ လူအမ်ားေခၚၾကတဲ့ ပရိသတ္က ထိုးကြက္ေ႐ြးခဲ့တာပါ။

အဲဒီလို ထိုးေၾကးတင္ၿပီးတဲ့ေနာက္ ဒီကစားသမားဟာ အာဆင္နယ္ပြဲကို ကြင္းထဲ အထိ သြားၿပီး ၾကည့္ခဲ့ပါတယ္။ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ အာႀကီးပြဲရဲ႕ ပြဲခ်ိန္ ၅ မိနစ္အေရာက္

ဆာကာရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ မာတင္နယ္လီက ေခါင္း တိုက္ၿပီး ဂိုးသြင္းယူလိုက္ခ်ိန္မွာပဲ စၿပီး အသက္ဝင္ခဲ့ပါတယ္။ ဒါေပမဲ့ ပထမ ပိုင္းတစ္ခ်ိန္လုံး အာဆင္နယ္ဟာ ေရာင္ဝါးဝါးျဖစ္ေနၿပီး

၁-၀ ဂိုးနဲ႔ ပထမပုိင္းပျီးခဲ့ေပမဲ့ ဒီပရိသတ္ကေတာ့ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ဆုပ္ကိုင္ထားၿပီး ဒုတိ ယပိုင္းကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ ဆက္ၿပီး အားေပးေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့

ကစားအားတင္ၿပီး ခပ္သြက္သြက္ ကစားလာတဲ့ အာ ဆင္နယ္ဟာ ေနာ္တင္ဟမ္ကို ဂိုးေတြ ဆက္တိုက္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္ အေရာက္ အိုဒီဂတ္ရဲ႕ သြင္းဂိုး ရသြားခ်ိန္မွာေတာ့ ေကာ္လက္စ္ဟာ သူငယ္ ခ်င္းေတြနဲ႔အတူ

ကြင္းထဲမွာပဲ ေအာင္ပြဲခံသြားခဲ့ပါတယ္။ သူဟာ ဒီထိုးကြက္အ တြက္ ၁၂၅ ေပါင္ ထိုးေၾကး တင္ခဲ့တာေၾကာင့္ ျပန္ရခဲ့တာကေတာ့ ၄၂၅၀ ေပါင္ ျပန္ရခဲ့ပါတယ္။ သူ႔ရဲ႕ေအာင္ပြဲရ

လက္မွတ္ကေလးကိုလည္း ေကာ္ လက္စ္က တြစ္တာမွာတင္ခဲ့ၿပီး အာႀကီးနဲ႔အတူ လက္တြဲၾကဖို႔ တိုက္တြန္းသြား ခဲ့ၾကပါတယ္။ သူက သူ႔ရဲ႕ ေအာင္ပြဲရ လက္မွတ္ေလးကို ဓာတ္ပုံ႐ိုက္တင္ ထားၿပီး

‘’ဘုရားသခင္ခ်စ္တဲ့ အာဆင္နယ္အတြက္ ေက်းဇူးျပဳၿပီး’’ ဆိုတဲ့ စာတန္းေလး ေရးထိုးခဲ့ပါတယ္။