ငွေစက္ကူအတုတွေနဲ့ ပစ်ပေါက်ခံလိုက်ရတဲ့ လင်ဂတ်

နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ လင်ဂတ်ဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းပရိတ်တွေရဲ့ ငွေစက္ကူအတုတွေနဲ့ ပစ်ပေါက်တာကိုခံလိုက်ရပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက်

ထောင့်ကန်ဖိုလာရောက်စဉ် ဝက်စ်ဟမ်းပရိတ်တွေက ငွေအတုတွေနဲ့ဝိုင်းပြီးပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းကိုကျော်ပြီး တန်းတက် နော်တင်ဟမ်ကို ပြောင်းရွှေ့သွားတာနဲ့ပတ်သက်လို ငွေနောက် လိုက်တယ်ဆိုပြီး

ဝေဖန်မှုတွေခံနေရတာလည်းဖြစ်ပါတယ်။ လင်ဂတ်ဟာ တစ်ချိန်က မန်ယူကနေ ဝက်စ်ဟမ်းမှာ အငှားနဲ့သွားရောက်ကစားပြီး အောင်မြင်မှုရထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် မန်ယူနဲ့စာချုပ် သက်တမ်းတိုးဖို ငြင်းဆိုပြီးနောက်

ဝက်စ်ဟမ်းကသူ့ကိုကမ်းလှမ်းခဲ့သလို လင်ဂတ်ကိုယ်တိုင်ကလည်း သူအောင်မြင်မှုရခဲ့တဲ့အသင်းကိုပြန်သွားမယ်ဆိုပြီး တုံပြန်ထားခဲ့တာပါ။ ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ်ရဲ့ ကမ်းလှမ်းမှုတွေ ဝင်လာပြီးနောက်မှာတော့ လင်ဂတ်ဟာ

ဝက်စ်ဟမ်းကိုကျော်ပြီး နော်တင်ဟမ်းကို ရွေးချယ် သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းပရိသတ်တွေဟာ လင်ဂတ်နဲ့ ပတ်သက်ပြီးပေါက်ကွဲပြခဲ့တာလည်း ဖြစ်ပါတယ်။ လင်ဂတ်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ငွေနောက်လိုက် တယ်ဆိုတဲ့ဝေဖန်မှုတွေမှုဟာ

လုံးဝအဓိပ္ပာယ်မရှိဘူးလို တုံပြန်ထားတာပါ။ ဒါပေမယ့် ရုပ်သံတင်ဆက်သူတွေဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကစားသမားဟောင်းတချိုကတော့ လင်ဂတ်ရဲ့ဆုံးဖြတ်ချက်ဟာ ငွေနောက် လိုက်တယ်ဆိုတာ သိသာနေတယ်လိုဆိုထားကြပါတယ်။

အဲဒီဝေဖန်သူတွေထဲမှာလည်း လီဗာပူးနောက်ခံလူဟောင်း ကာရေဂါနဲ့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တိုလည်း ပါဝင်ခဲ့တာပါ။ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကလည်း တစ်ချိန်က လင်ဂတ်ရဲ့စွမ်းဆောင်ရည်တွေနဲ့

ဥရောပပြိုင်ပွဲတွေအထိတက်လှမ်းခွင့်ရထားတဲ့ ဝက်စ်ဟမ်းအနေနဲ့ သူပြန်လာမှာ ကို အများကြီးမျှော်လင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ပိုပြီးအခွင့်အရေးကောင်းတွေ ပေးနိုင်တဲ့အသင်းကို ရွေးသွားတာ ဖြစ်တယ်လိုဆိုထားပါတယ်။

(zawgyi)

ေနာ္တင္ဟမ္ေဖာရက္စ္ကြင္းလယ္လူ လင္ဂတ္ဟာ တနဂၤေႏြညက ကစားခဲ့တဲ့ပြဲစဥ္မွာ ဝက္စ္ဟမ္းပရိတ္ေတြရဲ႕ ေငြစကၠဴအတုေတြနဲ႔ ပစ္ေပါက္တာကိုခံလိုက္ရပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ေနာ္တင္ဟမ္ေဖာရက္စ္အတြက္ ေထာင့္ကန္ဖိုလာေရာက္စဥ္ ဝက္စ္ဟမ္းပရိတ္ေတြက

ေငြအတုေတြနဲ႔ဝိုင္းၿပီးပစ္ေပါက္ခဲ့ၾကတာျဖစ္ပါတယ္။ လင္ဂတ္ဟာ ဝက္စ္ဟမ္းကိုေက်ာ္ၿပီး တန္းတက္ ေနာ္တင္ဟမ္ကို ေျပာင္းေ႐ႊ႕သြားတာနဲ႔ပတ္သက္လို ေငြေနာက္ လိုက္တယ္ဆိုၿပီး ေဝဖန္မႈေတြခံေနရတာလည္းျဖစ္ပါတယ္။

လင္ဂတ္ဟာ တစ္ခ်ိန္က မန္ယူကေန ဝက္စ္ဟမ္းမွာ အငွားနဲ႔သြားေရာက္ကစားၿပီး ေအာင္ျမင္မႈရထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူနဲ႔စာခ်ဳပ္ သက္တမ္းတိုးဖို ျငင္းဆိုၿပီးေနာက္ ဝက္စ္ဟမ္းကသူ႔ကိုကမ္းလွမ္းခဲ့သလို လင္ဂတ္ကိုယ္တိုင္ကလည္း

သူေအာင္ျမင္မႈရခဲ့တဲ့အသင္းကိုျပန္သြားမယ္ဆိုၿပီး တုံျပန္ထားခဲ့တာပါ။ ဒါေပမယ့္ ေနာ္တင္ဟမ္ေဖာရက္စ္ရဲ႕ ကမ္းလွမ္းမႈေတြ ဝင္လာၿပီးေနာက္မွာေတာ့ လင္ဂတ္ဟာ ဝက္စ္ဟမ္းကိုေက်ာ္ၿပီး ေနာ္တင္ဟမ္းကို ေ႐ြးခ်ယ္ သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဝက္စ္ဟမ္းပရိသတ္ေတြဟာ လင္ဂတ္နဲ႔ ပတ္သက္ၿပီးေပါက္ကြဲျပခဲ့တာလည္း ျဖစ္ပါတယ္။ လင္ဂတ္ကေတာ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေငြေနာက္လိုက္ တယ္ဆိုတဲ့ေဝဖန္မႈေတြမႈဟာ လုံးဝအဓိပၸာယ္မရွိဘူးလို တုံျပန္ထားတာပါ။

ဒါေပမယ့္ ႐ုပ္သံတင္ဆက္သူေတြျဖစ္တဲ့ ပရီးမီးယားလိဂ္ရဲ႕ နာမည္ႀကီးကစားသမားေဟာင္းတခ်ိဳကေတာ့ လင္ဂတ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ေငြေနာက္ လိုက္တယ္ဆိုတာ သိသာေနတယ္လိုဆိုထားၾကပါတယ္။ အဲဒီေဝဖန္သူေတြထဲမွာလည္း လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါနဲ႔ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္တိုလည္း

ပါဝင္ခဲ့တာပါ။ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္ကလည္း တစ္ခ်ိန္က လင္ဂတ္ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ ဥေရာပၿပိဳင္ပြဲေတြအထိတက္လွမ္းခြင့္ရထားတဲ့ ဝက္စ္ဟမ္းအေနနဲ႔ သူျပန္လာမွာ ကို အမ်ားႀကီးေမွ်ာ္လင့္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ပိုၿပီးအခြင့္အေရးေကာင္းေတြ ေပးႏိုင္တဲ့အသင္းကို ေ႐ြးသြားတာ ျဖစ္တယ္လိုဆိုထားပါတယ္။