ငွေကြေးစွဲသုံးစွဲမှုနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ သံသယစာရင်းထဲမှာ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့အတူ အာဆင်နယ်လည်းပါဝင်နေ

ငွေကြေးမျှတစွဲသုံးစွဲရေး (Financial Fair Play (FFP) စည်းမျဉ်းဖောက်ဖျက်မှုနဲ့ ယူအီးအက်ဖ်အေက စောင့်ကြည့် နေတဲ့ အသင်းစာရင်းထဲမှာ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့အတူ အာဆင်နယ်လည်းပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ အတွက် ကလပ်အသင်းတွေရဲ့

ငွေကြေးစစ်တမ်းနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေက အသင်းပေါင်း ၂၀ ကို စောင့်ကြည့်စစ်ဆေးနေခဲ့ရာမှာ အာဆင်နယ်လည်း တစ်သင်းအပါအဝင်ဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ယူအီး အက်ဖ်အေအနေနဲ့ ကလပ်အသင်းတွေရဲ့နောက်ဆုံးဘဏ္ဍာရေးမှတ်တမ်းကို

မရရှိသေးတာကြောင့် အာဆင်နယ် အတွက် ဘယ်လောက်အထိ အန္တရာယ်ဖြစ်လာနိုင်မလဲဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အာဆင်နယ်ဟာ ပေါင် ၂၁၃ သန်းအရှုံးပေါ်ခဲ့တာဖြစ်ပြီး ဒီပမာဏဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေအရ ခွင့်ပြုထားတဲ့

ပမာဏထက် ပေါင် ၂၅ သန်း ပိုများနေခဲ့တာလည်းဖြစ်ပါတယ်။ ယူအီးအက်ဖ်အေကတော့ ကိုဗစ် ကပ်ရောဂါကြောင့်ဆုံးရှုံးမှုတွေ၊ အမျိုးသမီးဘောလုံးအသင်းနဲ့ လူငယ်အကယ်ဒမီအတွက် ကျန်းမာရေး အသုံး စရိတ်တွေကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးထားပါတယ်။

ဒါပေမယ့် အာဆင်နယ်ဟာ အရှုံးပြနေတဲ့ကြားက နွေရာ သီအပြောင်းအရွှေ့မှာ ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးအမြောက်အများသုံးထားတာကတော့ ပြဿနာရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘန်ဝှိုက်၊ အိုဒီဂတ်နဲ့ ရန်ဒလ်တို့အပါအဝင်

ကစား သမားသစ်ခေါ်ယူမှုအဖြစ် အာဆင်နယ်ဟာ ပေါင်သန်း ၁၅၀ သုံးစွဲထားခဲ့တာပါ။ လက်ရှိအပြောင်းအရွှေ့မှာလည်း ဂျီးဆပ်စ်၊ ဇင်ချန်ကိုနဲ့ ဗီအဲယာတို့ကို ထပ်မံခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ယူအီးအက်ဖ်အေက စောင့်ကြည့်စစ်ဆေးနေတဲ့အသင်းတွေထဲမှာ ဘာစီလိုနာ၊

ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ ရိုးမားတို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ယူအီးအက်ဖ်အေဟာ FFP စည်းမျဉ်းကို ပိုမိုတင်းကျပ်တဲ့အချက်အလက် တွေထပ်မံထည့်သွင်းပြီး ကလပ်အသင်းတွေရဲ့ငွေကြေးသုံးစွဲမှုကို ကန့်သတ်သွားဖို့လည်းရှိနေပါတယ်။

(zawgyi)

ေငြေၾကးမွ်တစြဲသုံးစြဲေရး (Financial Fair Play (FFP) စည္းမ်ဥ္းေဖာက္ဖ်က္မႈနဲ႔ ယူအီးအက္ဖ္ေအက ေစာင့္ၾကည့္ ေနတဲ့ အသင္းစာရင္းထဲမွာ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီတို႔နဲ႔အတူ အာဆင္နယ္လည္းပါဝင္ေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ အတြက္

ကလပ္အသင္းေတြရဲ႕ ေငြေၾကးစစ္တမ္းနဲ႔ပတ္သက္ၿပီး ယူအီးအက္ဖ္ေအက အသင္းေပါင္း ၂၀ ကို ေစာင့္ၾကည့္စစ္ေဆးေနခဲ့ရာမွာ အာဆင္နယ္လည္း တစ္သင္းအပါအဝင္ျဖစ္ခဲ့တာပါ။ လက္ရွိမွာေတာ့ ယူအီး အက္ဖ္ေအအေနနဲ႔ ကလပ္အသင္းေတြရဲ႕ေနာက္ဆုံးဘ႑

ာေရးမွတ္တမ္းကို မရရွိေသးတာေၾကာင့္ အာဆင္နယ္ အတြက္ ဘယ္ေလာက္အထိ အႏၲရာယ္ျဖစ္လာႏိုင္မလဲဆိုတာေတာ့ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္း အာဆင္နယ္ဟာ ေပါင္ ၂၁၃ သန္းအရႈံးေပၚခဲ့တာျဖစ္ၿပီး ဒီပမာဏဟာ ယူအီးအက္ဖ္ေအ

စည္းမ်ဥ္းေတြအရ ခြင့္ျပဳထားတဲ့ ပမာဏထက္ ေပါင္ ၂၅ သန္း ပိုမ်ားေနခဲ့တာလည္းျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအကေတာ့ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ဆုံးရႈံးမႈေတြ၊ အမ်ိဳးသမီးေဘာလုံးအသင္းနဲ႔ လူငယ္အကယ္ဒမီအတြက္ က်န္းမာေရး အသုံး စရိတ္ေတြကို

ႁခြင္းခ်က္အေနနဲ႔ ခြင့္ျပဳေပးထားပါတယ္။ ဒါေပမယ့္ အာဆင္နယ္ဟာ အရႈံးျပေနတဲ့ၾကားက ေႏြရာ သီအေျပာင္းအေ႐ႊ႕မွာ ကစားသမားအေျပာင္းအေ႐ႊ႕အတြက္ ေငြေၾကးအေျမာက္အမ်ားသုံးထားတာကေတာ့ ျပႆနာရွိေနပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဘန္ဝႈိက္၊ အိုဒီဂတ္နဲ႔ ရန္ဒလ္တို႔အပါအဝင္ကစား သမားသစ္ေခၚယူမႈအျဖစ္ အာဆင္နယ္ဟာ ေပါင္သန္း ၁၅၀ သုံးစြဲထားခဲ့တာပါ။ လက္ရွိအေျပာင္းအေ႐ႊ႕မွာလည္း ဂ်ီးဆပ္စ္၊ ဇင္ခ်န္ကိုနဲ႔ ဗီအဲယာတို႔ကို ထပ္မံေခၚယူထားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ယူအီးအက္ဖ္ေအက ေစာင့္ၾကည့္စစ္ေဆးေနတဲ့အသင္းေတြထဲမွာ

ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္၊ အင္တာမီလန္နဲ႔ ႐ိုးမားတို႔လည္း ပါဝင္ေနတာျဖစ္ပါတယ္။ လာမယ့္ႏွစ္မွာ ယူအီးအက္ဖ္ေအဟာ FFP စည္းမ်ဥ္းကို ပိုမိုတင္းက်ပ္တဲ့အခ်က္အလက္ ေတြထပ္မံထည့္သြင္းၿပီး ကလပ္အသင္းေတြရဲ႕ေငြေၾကးသုံးစြဲမႈကို ကန႔္သတ္သြားဖို႔လည္းရွိေနပါတယ္။