ငိုရခက်၊ ရယ်ရခက်တဲ့ ဒေါ့မွန်နောက်ခံလူ အကန်ဂျီရဲ့ Own Goal

ဒေါ့မွန်နောက်ခံလူ အကန်ဂျီရဲ့ဖြစ်ရပ်ကတော့
ရယ်ရခက်၊ ငိုရခက်ပါပဲ။
ကိုယ့်ဂိုးကိုယ်သွင်းမိတယ်ဆိုတာ
ကာယကံရှင်ကစားသမားအတွက်
ပြန်ပြောချင်စရာကောင်းတဲ့ကိစ္စမဟုတ်ပေမယ့်
တချို့ OG တွေက ကြားနေပရိသတ်တွေအတွက်
ရယ်စရာကောင်းနေတတ်ပါတယ်။

အကန်ဂျီဟာ ယမန်နေ့ညက လေဗာကူဆင်ကို
၂-၅ ဂိုးနဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့တဲ့အိမ်ကွင်းပွဲမှာ
စောစောစီးစီး Own Goal သွင်းမိသွားပြီး
အသင်းကလည်း အိမ်ကွင်းမှာ
ဂိုးပြတ်အရေးနိမ့်သွားလို့ အကန်ဂျီအတွက်တော့
အမြန်ဆုံးမေ့ဖျောက်ချင်တဲ့ပွဲဖြစ်သွားပါတယ်။
ဒေါ့မွန်ဟာ တတိယနေရာက လေဗာကူဆင်ကို
၈ မှတ်ဖြတ်ကာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမယ့်
ပွဲစလို့ သွေးမပူသေးခင် ပွဲချိန် ၁၀ မိနစ်မှာ
အကန်ဂျီက ဆိုးဆိုးရွားရွား Own Goal
သွင်းမိသွားပြီး နောက်ထပ်ပြောစရာဖြစ်ရတာက
လေဗာကူဆင်နောက်ခံလူ ဖရင်ပေါင်က
အားကျမခံလို့ ပြောရလောက် Own Goal
ပြန်သွင်းပေးခဲ့လို့ ၁-၁ ဂိုးသရေကျခဲ့ပါသေးတယ်။


ဒါပေမဲ့ အကန်ဂျီရဲ့ Own Goal က
ပြောစရာပိုဖြစ်ခဲ့ပြီး အသင်းဖော်နောက်ခံလူ
ဇာဂါဒူရဲ့အမှားကနေ အကန်ဂျီရဲ့
OG က မြစ်ဖျားခံလာတာဖြစ်ပါတယ်။
ဇာဂါဒူ လူပေးမှားမှုကနေ လေဗာကူဆင်တိုက်စစ်သမား
ရသွားပြီး ဘယ်ခြေနဲ့ ထောင့်ကျဉ်းထဲ
ကန်သွင်းလိုက်တာကို ဒေါ့မွန်ဂိုးသမား ကိုဘယ်
ပုတ်ထုတ်ပေမယ့် ကံဆိုးစွာနဲ့ပဲ
ဖျက်ထုတ်ဖို့ ရောက်လာတဲ့ အကန်ဂျီနဲ့ထိကာ
ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။
ဟာလန်းမပါတဲ့ ဒေါ့မွန်ဟာ အိမ်ကွင်းမှာ
ဆိုးဆိုးရွားရွားဖြစ်ခဲ့ရပြီး ၁-၅ဂိုးနဲ့
အရေးနိမ့်နေရာကနေ ပွဲပြီးခါနီးမှာ
တစ်ဂက်စ်က ဒုတိယမြောက်ချေပဂိုး
သွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ
၂-၅ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။
ဒီအရှုံးကြောင့် ဒေါ့မွန်ဟာ အမှတ်ပေးဇယား
ထိပ်ဆုံးက ဘိုင်ယန်နဲ့ ၉ မှတ်အထိ
ကွာဟသွားခဲ့ပြီး လေဗာကူဆင်ကတော့
ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုမိုရှင်သန်လာပါတယ်။