
ဒီရာသီမှာ ဘာစီလိုနာအသင်းဆီတစ်ကျော့ပြန်ရောက်လာတဲ့
ဘရာဇီးလ်ဝါရင့်နောက်ခံလူဒန်နီအဲလ်ဗတ်စ်ဟာ လီနာရက်စ်အသင်းနဲ့
ကစားခဲ့တဲ့စပိန်ဘုရင့်ဖလားပွဲမှာ ဘာစီလိုနာအသင်းအတွက်
ပွဲဦးထွက်ကစားခဲ့ပြီး Skill တစ်ပေါက်ပြခဲ့လို့ ပရိသတ်တွေ
အားရကျေနပ်နေကြပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့
ဒန်နီအဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ဘာစီလိုနာအသင်းဆီ
အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကြောင့်
သူ့လစာကို တစ်ပတ်(၁)ယူရိုသာယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲလ်ဗတ်စ်ဟာ နိုဝင်ဘာလကတည်းက ဘာစီလိုနာအသင်းဆီ
ရောက်ခဲ့တာဖြစ်ပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ
ကစားသမားတွေကို တရားဝင်မှတ်ပုံတင်ခွင့်ရမယ့်ဇန်နဝါရီလရောက်မှ
အသင်းအတွက်ကစားခွင့်ရမှာဖြစ်လို့ (၁)လကျော်စောင့်ဆိုင်းခဲ့ရပြီး
အခု စပိန်တတိယတန်းကလပ် လီနာရက်စ်နဲ့စပိန်ဘုရင့်ဖလားပွဲမှာ
ပွဲဦးထွက်ပါဝင်ကစားခဲ့တာပါ။
ဒီပွဲဟာ ၂၀၁၆ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ဆီဗီလာအသင်းနဲ့ကစားခဲ့ပွဲမှာ
ဘာစီလိုနာအသင်းအတွက်ပါဝင်ကစားခဲ့ပြီးတဲ့နောက်
ရက်ပေါင်း(၂၀၅၄)ရက်အကြာမှာ ဘာစီလိုနာအသင်းနဲ့အတူ
အဲလ်ဗတ်စ်ရဲ့ ပထမဆုံးအဓိကပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။
အခုပွဲမှာ ဘာစီလိုနာနည်းပြဇာဗီက အဲလ်ဗတ်စ်ကို ထူးထူးခြားခြားအဖြစ်
ကွင်းလယ်လူနေရာမှာအသုံးပြုခဲ့ပြီး အဲလ်ဗတ်စ်ကလည်း
လီနာရက်စ်ကစားသမားတစ်ဦးကို Nutmeg အကွက်နဲ့
အစွမ်းပြကျော်ဖြတ်ခဲ့ပြီးတော့ ‘ငါ မအိုသေးဘူး’ဆိုတာ သက်သေပြခဲ့ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ စပိန်တတိယတန်းကလပ်ကို
ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ ဒဏ်ရာကပြန်သက်သာလာတဲ့
ဒမ်ဘီလီနဲ့ လူငယ်ကစားသမားလေးဘလန့်ချ်တို့က ချေပဂိုးနဲ့၊
အနိုင်ဂိုးတွေပြန်သွင်းခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာပရိသတ်တွေကတော့
အဲလ်ဗတ်စ်ရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်နေကြပြီး Twitter မှာ
‘အရည်အချင်းဆိုတာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မပျောက်ကွယ်သွားဘူး’၊
‘တကယ်မိုက်တယ်ကွာ၊ အဲလ်ဗတ်စ်ကတော့
အခုထိအစွမ်းပြနေတုန်းပဲ’လို့ ချီးကျူးရေးသားခဲ့ကြပါတယ်။
zawgyi
ငါ မအိုေသးဘူး ဆိုတာ သက္ေသျပခဲ့တဲ့ ဘရာဇီးလ္သားႀကီးဒန္နီအဲလ္ဗတ္စ္
ဒီရာသီမွာ ဘာစီလိုနာအသင္းဆီတစ္ေက်ာ့ျပန္ေရာက္လာတဲ့
ဘရာဇီးလ္ဝါရင့္ေနာက္ခံလူဒန္နီအဲလ္ဗတ္စ္ဟာ လီနာရက္စ္အသင္းနဲ႔
ကစားခဲ့တဲ့စပိန္ဘုရင့္ဖလားပြဲမွာ ဘာစီလိုနာအသင္းအတြက္
ပြဲဦးထြက္ကစားခဲ့ၿပီး Skill တစ္ေပါက္ျပခဲ့လို႔ ပရိသတ္ေတြ
အားရေက်နပ္ေနၾကပါတယ္။ အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
ဒန္နီအဲလ္ဗတ္စ္ဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက ဘာစီလိုနာအသင္းဆီ
အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းရဲ႕ဘ႑ာေရးအခက္အခဲေတြေၾကာင့္
သူ႔လစာကို တစ္ပတ္(၁)ယူ႐ိုသာယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
အဲလ္ဗတ္စ္ဟာ ႏိုဝင္ဘာလကတည္းက ဘာစီလိုနာအသင္းဆီ
ေရာက္ခဲ့တာျဖစ္ေပမယ့္ စည္းမ်ဥ္းစည္းကမ္းေတြအရ
ကစားသမားေတြကို တရားဝင္မွတ္ပုံတင္ခြင့္ရမယ့္ဇန္နဝါရီလေရာက္မွ
အသင္းအတြက္ကစားခြင့္ရမွာျဖစ္လို႔ (၁)လေက်ာ္ေစာင့္ဆိုင္းခဲ့ရၿပီး
အခု စပိန္တတိယတန္းကလပ္ လီနာရက္စ္နဲ႔စပိန္ဘုရင့္ဖလားပြဲမွာ
ပြဲဦးထြက္ပါဝင္ကစားခဲ့တာပါ။
ဒီပြဲဟာ ၂၀၁၆ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲအျဖစ္ ဆီဗီလာအသင္းနဲ႔ကစားခဲ့ပြဲမွာ
ဘာစီလိုနာအသင္းအတြက္ပါဝင္ကစားခဲ့ၿပီးတဲ့ေနာက္
ရက္ေပါင္း(၂၀၅၄)ရက္အၾကာမွာ ဘာစီလိုနာအသင္းနဲ႔အတူ
အဲလ္ဗတ္စ္ရဲ႕ ပထမဆုံးအဓိကပြဲစဥ္လည္းျဖစ္ခဲ့ပါတယ္။
အခုပြဲမွာ ဘာစီလိုနာနည္းျပဇာဗီက အဲလ္ဗတ္စ္ကို ထူးထူးျခားျခားအျဖစ္
ကြင္းလယ္လူေနရာမွာအသုံးျပဳခဲ့ၿပီး အဲလ္ဗတ္စ္ကလည္း
လီနာရက္စ္ကစားသမားတစ္ဦးကို Nutmeg အကြက္နဲ႔
အစြမ္းျပေက်ာ္ျဖတ္ခဲ့ၿပီးေတာ့ ‘ငါ မအိုေသးဘူး’ဆိုတာ သက္ေသျပခဲ့ပါတယ္။
ဒါေပမဲ့ ဘာစီလိုနာအသင္းဟာ စပိန္တတိယတန္းကလပ္ကို
ဦးေဆာင္ဂိုးေပးလိုက္ရၿပီးမွ ဒဏ္ရာကျပန္သက္သာလာတဲ့
ဒမ္ဘီလီနဲ႔ လူငယ္ကစားသမားေလးဘလန႔္ခ်္တို႔က ေခ်ပဂိုးနဲ႔၊
အႏိုင္ဂိုးေတြျပန္သြင္းခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာပရိသတ္ေတြကေတာ့
အဲလ္ဗတ္စ္ရဲ႕စြမ္းေဆာင္ရည္ကို အားရေက်နပ္ေနၾကၿပီး Twitter မွာ
‘အရည္အခ်င္းဆိုတာ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ မေပ်ာက္ကြယ္သြားဘူး’၊
‘တကယ္မိုက္တယ္ကြာ၊ အဲလ္ဗတ္စ္ကေတာ့
အခုထိအစြမ္းျပေနတုန္းပဲ’လို႔ ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။