ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ မော်ကြီး

ပရော်ဖက်ရှင်နယ် မပီသတဲ့ အပြုအမူမျိုးနဲ့ အသင်းအပေါ် သစ္စာဖောက်ခဲ့တဲ့ ကစားသမားတစ်ယောက်ကြောင့် ဆက်ဆူအိုလိုနဲ့ ပွဲစဉ်မှာ အနိုင်ရသင့်လျက်သားနဲ့

သရေတစ်မှတ်ပဲ ရခဲ့တာဖြစ်တယ်လို့ ရိုးမားနည်းပြ မော်ရင်ညိုက ပြောဆိုလိုက်ပါတယ်။ မန်ယူ၊ ချဲလ်ဆီး၊ အင်တာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ

ကျင်လည်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သတင်းမီဒီယာတွေနဲ့ ခပ်ဝေးဝေး နေခဲ့တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ညမှာတော့

ဆက်ဆူအိုလိုကို အနိုင်ရသင့်လျက်သားနဲ့ ၃ မှတ် မရခဲ့တာကြောင့် သတင်း မီဒီယာတွေရှေ့မှာ ပေါက်ကွဲပြခဲ့ပါတယ်။ ရိုးမားအတွက် ဦးဆောင်ဂိုးကို

အေဘရာဟမ်က ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ သွင်းယူခဲ့ပြီး အနိုင်ရလုနီးပါး ဖြစ်ခဲ့ပေမဲ့ ပွဲချိန် ၈၅ မိနစ် အရောက်မှာတော့ ပြိုင်ဘက်ကစားသမား ပီနာမွန်တီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့အတွက်

သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။ ပွဲသိမ်း ခရာမှုတ်ချိန်မှာတော့ မော်ရင်ညိုဟာ ရိုးမားအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ချီတုံချတုံဖြစ်နေတာမျိုး လုံး၀ မရှိခဲ့တာကို

တွေ့ရပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ကြောင့် အခုလိုမျိုး အသင်းဟာ နိုင်ပွဲမရခဲ့တာမျိုးဖြစ်တယ်လို့ မော်ရင်ညိုက စိတ်လိုက်မာန်ပါ ပြောဆိုသွားခဲ့ပါတယ်။

‘’ဒီကနေ့ ပွဲမှာ ကစားသမား ၁၆ ယောက် ကစားခဲ့တယ်။ ၁၅ ယောက်ရဲ့ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ်မှုရှိပါတယ်။ တခြားတစ်ယောက်ပေါ့။ ဘယ်သူလဲဆိုတာတော့ ကျွန်တော် မပြောလိုဘူး။

ဒါပေမဲ့ သူက အားလုံးရဲ့ ကြိုး စားအားထုတ်မှုအပေါ်မှာ သစ္စာဖောက်သွားခဲ့တယ်။ လာမယ့် ဇန်နဝါရီကျရင် အသင်းသစ် တစ်သင်းရှာဖို့အတွက် သူ့ကို ကျွန်တော် ပြောလိုက်ပါပြီ’’ လို့ မော်ရင်ညိုက

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ဆက်ဆူအိုလိုနဲ့ အဝေးကွင်းမှာ သရေတစ်မှတ် ရခဲ့တာဟာ ရလဒ်ဆိုးတယ်လို့ ပြောလို့မရတဲ့အတွက်

ဒီအဖြေအပေါ် ကျေနပ်တဲ့အကြောင်း ပေါ်တူဂီသားနည်းပြက ပြောဆိုခဲ့သလို အသင်းရဲ့ စိတ်ဓာတ်ရေးရာအပေါ် မှာလည်း အကြမ်းဖျဉ်းအနေနဲ့ အားရမိသလို

ငါးခုံးမတစ်ကောင်ကြောင့်သာ အခုလိုမျိုး ဖြစ်သွားခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္သြားခဲ့လို႔ မေက်မနပ္ျဖစ္ေနတဲ့ ေမာ္ႀကီး

ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ အျပဳအမူမ်ိဳးနဲ႔ အသင္းအေပၚ သစၥာေဖာက္ခဲ့တဲ့ ကစားသမားတစ္ေယာက္ေၾကာင့္ ဆက္ဆူအိုလိုနဲ႔ ပြဲစဥ္မွာ အႏိုင္ရသင့္လ်က္ သားနဲ႔

သေရတစ္မွတ္ပဲ ရခဲ့တာျဖစ္တယ္လို႔ ႐ိုးမားနည္းျပ ေမာ္ရင္ညိဳက ေျပာဆိုလိုက္ပါတယ္။ မန္ယူ၊ ခ်ဲလ္ဆီး၊ အင္တာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္း တို႔မွာ က်င္လည္ခဲ့ဖူးတဲ့ ဝါရင့္နည္းျပ

ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း မွာ သတင္းမီဒီယာေတြနဲ႔ ခပ္ေဝးေဝး ေနခဲ့တဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ညမွာေတာ့ ဆက္ဆူအိုလိုကို အႏိုင္ရသင့္လ်က္သားနဲ႔ ၃ မွတ္ မရခဲ့တာေၾကာင့္

သတင္း မီဒီယာေတြေရွ႕မွာ ေပါက္ကြဲျပခဲ့ပါတယ္။ ႐ိုးမားအတြက္ ဦးေဆာင္ဂိုးကို ေအဘရာဟမ္က ပြဲၿပီးခါနီး ၁၀ မိနစ္အလိုမွာ သြင္းယူခဲ့ၿပီး အႏိုင္ရလုနီးပါး ျဖစ္ခဲ့ေပမဲ့ ပြဲခ်ိန္ ၈၅ မိနစ္ အေရာက္မွာေတာ့

ၿပိဳင္ဘက္ကစားသမား ပီနာမြန္ တီရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတဲ့အတြက္ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရတယ္။ ပြဲသိမ္း ခရာမႈတ္ခ်ိန္မွာေတာ့ ေမာ္ရင္ညိဳဟာ ႐ိုးမားအသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔

ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ခ်ီတုံခ်တုံျဖစ္ေနတာမ်ိဳး လုံး၀ မရွိခဲ့တာကို ေတြ႕ရပါတယ္။ ေနာက္ၿပီး ပေရာ္ဖက္ရွင္နယ္ မပီသတဲ့

ကစားသမားတစ္ေယာက္ရဲ႕ စိတ္ဓာတ္ေၾကာင့္ အခုလိုမ်ိဳး အသင္းဟာ ႏိုင္ပြဲမရခဲ့တာမ်ိဳးျဖစ္တယ္လို႔ ေမာ္ရင္ညိဳက စိတ္လိုက္မာန္ပါ ေျပာဆိုသြားခဲ့ပါတယ္။ ‘’ဒီကေန႔ ပြဲမွာ ကစားသမား ၁၆ ေယာက္ ကစားခဲ့တယ္။

၁၅ ေယာက္ရဲ႕ စိတ္ဓာတ္ေရးရာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ေက်နပ္မႈရွိပါတယ္။ တျခားတစ္ေယာက္ေပါ့။ ဘယ္ သူလဲဆိုတာေတာ့ ကြၽန္ေတာ္ မေျပာလိုဘူး။

ဒါေပမဲ့ သူက အားလုံးရဲ႕ ႀကိဳး စားအားထုတ္မႈအေပၚမွာ သစၥာေဖာက္သြားခဲ့တယ္။ လာမယ့္ ဇန္နဝါရီက်ရင္ အသင္းသစ္ တစ္သင္းရွာဖို႔အတြက္ သူ႔ကို ကြၽန္ေတာ္ ေျပာလိုက္ပါၿပီ’’ လို႔ ေမာ္ရင္ညိဳက

ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး ဆက္ဆူအိုလိုနဲ႔ အေဝးကြင္းမွာ သေရတစ္မွတ္ ရခဲ့တာဟာ ရလဒ္ ဆိုးတယ္လို႔ ေျပာလို႔မရတဲ့အတြက္

ဒီအေျဖအေပၚ ေက်နပ္တဲ့အေၾကာင္း ေပၚတူဂီသားနည္းျပက ေျပာဆိုခဲ့သလို အသင္းရဲ႕ စိတ္ဓာတ္ေရးရာအေပၚ မွာလည္း အၾကမ္းဖ်ဥ္းအေနနဲ႔

အားရမိသလို ငါးခုံးမတစ္ေကာင္ေၾကာင့္သာ အခုလိုမ်ိဳး ျဖစ္သြားခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။