”ငါတို့ပြန်လာပြီ”ဆိုတဲ့ ပီကေးရဲ့ပို့စ်ကို ရီးရဲလ်ပရိသတ်တွေ ပျက်ရယ်ပြုလှောင်ပြောင်

အယ်လ်ကလက်စီကိုဒါဘီပွဲမှာ ရီးရဲလ်ကို ဝ-၄ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်

ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဘာစီလိုနာနောက်ခံလူ
ပီကေးရဲ့တွစ်တာပို့စ်အပေါ် ရီးရဲလ်ပရိသတ်တွေက
ပျက်ရည်ပြုလှောင်ပြောင်နေပါတယ်။
ဘာစီလိုနာဟာ ဘာနေဗျူးမှာ အိမ်ရှင်ရီးရဲလ်ကို
လွှမ်းမိုးကစားကာ အူဘာမီယန်း(၂ဂိုး)၊ အရူဂျိုနဲ့

ဖာရန်တောရက်စ်တို့ရဲ့သွင်းဂိုးတွေကြောင့် ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အဲဒီနိုင်ပွဲအပြီး သိပ်မကြာခင်မှာပဲ ဘာစီလိုနာနောက်ခံလူပီကေးက
”ငါတို့ပြန်လာပြီ”လို့ တွစ်တာမှာ ပို့စ်တင်ခဲ့တာပါ။
အဲဒီမှတ်ချက်နဲ့ပတ်သက်လို့ ရီးရဲလ်ပရိသတ်တွေကလည်း
ပြန်လည်လှောင်ပြောင်ခဲ့ကြပြီး တွစ်တာမှာ တုံ့ပြန်ခဲ့ပါတယ်။

”ဘာစီလိုနာပြန်လာပါပြီ။ ကြာသပတေးညတွေမှာ ကစားဖို့ပေါ့”လို့
ပရိသတ်တစ်ဦးက ချန်ပီယံလိဂ်မဟုတ်ဘဲ ယူရိုပါလိဂ်မှာ
ဘာစီလိုနာအသင်း ကစားနေရတာကို ရည်ညွန်းရင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
နောက်ပရိသတ်တစ်ဦးကလည်း ”ဘာစီလိုနာက
ဘာမှမရှိတဲ့အနေအထားကနေ ပြန်လာနေတာလေ။

ဒီတော့ အခုလို တွစ်တာမှာ လေကျယ်နေတာထက်
ထရိန်နင်လေးဘာလေး ဆင်းပြီး ကြိုးစားနေသင့်တာပေါ့။
ယူရိုပါလိဂ်ကစားရဦးမှာမဟုတ်လား”လို့ ရေးသားပါတယ်။
”ဟေး..ပီကေးရေ…ထိပ်ဆုံးက ငါတို့ထက်
၁၂ မှတ်တောင် ကွာနေသေးတဲ့ခံစားချက်

ဘယ်လိုများလဲ”လို့ ပရိသတ်တစ်ဦးက
လာလီဂါရပ်တည်မှုကို ရည်ရွယ်ရင်း ထိုးနှက်ပါတယ်။
ပရိသတ်တစ်ဦးကလည်း ”ဘာလဲ…တတိယနေရာ
ပြန်ရောက်လာတာကို ပြောတာလား”လို့ ရေးသားပါတယ်။
ဘာစီလိုနာဟာ ၂၀၂၂ အတွင်း ကစားခဲ့တဲ့

လိဂ် ၁၀ပွဲမှာ ၈ပွဲအထိ အနိုင်ရကာ အက်သလက်ကို
တစ်ပွဲလျော့၊ ဂိုးကွာခြားချက်နဲ့ ကျော်ဖြတ်ကာ တတိယနေရာမှာ
ရပ်တည်နေပြီး ဒုတိယနေရာက ဆီဗီလာနဲ့
၃ မှတ်ကွာဟနေပေမယ့် ၁ပွဲလျော့ကစားထားပါတယ်။

Zawgyi

”ငါတုိ႔ျပန္လာၿပီ”ဆိုတဲ့ ပီေကးရဲ႕ပုိ႔စ္ကို ရီးရဲလ္ပရိသတ္ေတြ ပ်က္ရယ္ျပဳေလွာင္ေျပာင္
အယ္လ္ကလက္စီကိုဒါဘီပြဲမွာ ရီးရဲလ္ကို ၀-၄ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္
ၿပိဳင္ဘက္ေတြကို သတိေပးလုိက္တဲ့ ဘာစီလုိနာေနာက္ခံလူ

ပီေကးရဲ႕တြစ္တာပုိ႔စ္အေပၚ ရီးရဲလ္ပရိသတ္ေတြက
ပ်က္ရည္ျပဳေလွာင္ေျပာင္ေနပါတယ္။
ဘာစီလုိနာဟာ ဘာေနဗ်ဴးမွာ အိမ္ရွင္ရီးရဲလ္ကို
လႊမ္းမုိးကစားကာ အူဘာမီယန္း(၂ဂိုး)၊ အရူဂ်ိဳနဲ႔
ဖာရန္ေတာရက္စ္တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ဂိုးျပတ္အႏုိင္ရခဲ့တာပါ။

အဲဒီႏိုင္ပြဲအၿပီး သိပ္မၾကာခင္မွာပဲ ဘာစီလုိနာေနာက္ခံလူပီေကးက
”ငါတုိ႔ျပန္လာၿပီ”လုိ႔ တြစ္တာမွာ ပို႔စ္တင္ခဲ့တာပါ။
အဲဒီမွတ္ခ်က္နဲ႔ပတ္သက္လုိ႔ ရီးရဲလ္ပရိသတ္ေတြကလည္း
ျပန္လည္ေလွာင္ေျပာင္ခဲ့ၾကၿပီး တြစ္တာမွာ တုံ႔ျပန္ခဲ့ပါတယ္။
”ဘာစီလုိနာျပန္လာပါၿပီ။ ၾကာသပေတးညေတြမွာ ကစားဖို႔ေပါ့”လုိ႔

ပရိသတ္တစ္ဦးက ခ်န္ပီယံလိဂ္မဟုတ္ဘဲ ယူရိုပါလိဂ္မွာ
ဘာစီလုိနာအသင္း ကစားေနရတာကို ရည္ညြန္းရင္း ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။
ေနာက္ပရိသတ္တစ္ဦးကလည္း ”ဘာစီလုိနာက
ဘာမွမရွိတဲ့အေနအထားကေန ျပန္လာေနတာေလ။
ဒီေတာ့ အခုလုိ တြစ္တာမွာ ေလက်ယ္ေနတာထက္

ထရိန္နင္ေလးဘာေလး ဆင္းၿပီး ႀကိဳးစားေနသင့္တာေပါ့။
ယူရိုပါလိဂ္ကစားရဦးမွာမဟုတ္လား”လုိ႔ ေရးသားပါတယ္။
”ေဟး..ပီေကးေရ…ထိပ္ဆုံးက ငါတုိ႔ထက္
၁၂ မွတ္ေတာင္ ကြာေနေသးတဲ့ခံစားခ်က္
ဘယ္လုိမ်ားလဲ”လုိ႔ ပရိသတ္တစ္ဦးက

လာလီဂါရပ္တည္မႈကို ရည္ရြယ္ရင္း ထုိးႏွက္ပါတယ္။
ပရိသတ္တစ္ဦးကလည္း ”ဘာလဲ…တတိယေနရာ
ျပန္ေရာက္လာတာကို ေျပာတာလား”လုိ႔ ေရးသားပါတယ္။
ဘာစီလုိနာဟာ ၂၀၂၂ အတြင္း ကစားခဲ့တဲ့
လိဂ္ ၁၀ပြဲမွာ ၈ပြဲအထိ အႏိုင္ရကာ အက္သလက္ကို

တစ္ပြဲေလ်ာ့၊ ဂိုးကြာျခားခ်က္နဲ႔ ေက်ာ္ျဖတ္ကာ တတိယေနရာမွာ
ရပ္တည္ေနၿပီး ဒုတိယေနရာက ဆီဗီလာနဲ႔
၃ မွတ္ကြာဟေနေပမယ့္ ၁ပြဲေလ်ာ့ကစားထားပါတယ္။