“ငရဲကိုသွားလိုက်” ရော်နယ်ဒို – အတ္တလန္တာနည်းပြဂက်စ်ပါရီနီ

အတ္တလန္တာနည်းပြဂီယန်ပီရိုဂက်စ်ပါရီနီဟာမန်ယူနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာ

မန်ယူအတွက်နောက်ကျချေပဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုက

သွင်းယူလိုက်ပြီးနောက် “ငရဲကိုသွားလိုက်”လို့ဆိုပြီးပြောကြားခဲ့ပါတယ်။

အတ္တလန္တာဟာအင်္ဂါနေ့တုန်းကမန်ယူနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်

ဂျိုးဆစ်အလက်ဆစ်၊ဒူဗန်ဇာပါတာတို့သွင်းယူတဲ့ဂိုးတို့ဖြင့်နှစ်ကြိမ်တိုင်တိုင်

ဦးဆောင်နိုင်ခဲ့သော်လည်းမန်ယူအတွက်ချေပဂိုးများကို ခရစ္စတီယာနိုရော်နယ်ဒိုက

သွင်းယူခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ဒုတိယချေပဂိုးကို

နာကျင်အချိန်ပိုမှာဧရိယာအစပ်ကနေမြေမကျဘောလှပစွာကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ဂက်စ်ပါရီနီက “ပွဲပြီးတော့ရော်နယ်ဒိုနဲ့

စကားပြောခဲ့တယ်။သူကတကယ့်ကိုကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ။

တချို့ကသူ့ကိုပြဿနာကောင်လို့ခေါ်ကြတယ်။ရှိဖို့ကောင်းတဲ့ပြဿနာပေါ့။

ပထမပိုင်းမှာဂိုးသွင်းခဲ့တယ်။ဒုတိယပိုင်းမှာလည်းဂိုးသွင်းခဲ့ပြန်တယ်။

ပွဲပြီးတော့သူ့ကိုကျွန်တော်ပြောခဲ့တယ်။ ‘အီတလီမှာဆိုငါတို့ဘယ်လိုပြောကြလဲသိလား

။ငရဲသွားလိုက်”လို့ပြောကြားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနှင့်ပွဲတွင်

မြေမကျဘောလှပစွာသွင်းယူမှုမတိုင်မီသုံးရက်အလိုတုန်းကစပါးစ်နှင့်ပွဲစဉ်တွင်လည်း

ဘရူနိုဖာနန်ဒက်စ်ရဲ့ချေပေးမှုကနေမြေမကျဘောထောင့်ဖြတ်ကန်သွင်းခဲ့ပါတယ်။

zawgyi

“ငရဲကိုသြားလိုက္” ေရာ္နယ္ဒို – အတၱလႏၲာနည္းျပဂက္စ္ပါရီနီ

အတၱလႏၲာနည္းျပဂီယန္ပီ႐ိုဂက္စ္ပါရီနီဟာမန္ယူႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာ

မန္ယူအတြက္ေနာက္က်ေခ်ပဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုက

သြင္းယူလိုက္ၿပီးေနာက္ “ငရဲကိုသြားလိုက္”လို႔ဆိုၿပီးေျပာၾကားခဲ့ပါတယ္။

အတၱလႏၲာဟာအဂၤါေန႔တုန္းကမန္ယူႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္

ဂ်ိဳးဆစ္အလက္ဆစ္၊ဒူဗန္ဇာပါတာတို႔သြင္းယူတဲ့ဂိုးတို႔ျဖင့္ႏွစ္ႀကိမ္တိုင္တိုင္

ဦးေဆာင္ႏိုင္ခဲ့ေသာ္လည္းမန္ယူအတြက္ေခ်ပဂိုးမ်ားကို ခရစၥတီယာႏိုေရာ္နယ္ဒိုက

သြင္းယူခဲ့ပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ဒုတိယေခ်ပဂိုးကို

နာက်င္အခ်ိန္ပိုမွာဧရိယာအစပ္ကေနေျမမက်ေဘာလွပစြာကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ဂက္စ္ပါရီနီက “ပြဲၿပီးေတာ့ေရာ္နယ္ဒိုနဲ႔

စကားေျပာခဲ့တယ္။သူကတကယ့္ကိုႀကီးက်ယ္တဲ့ကစားသမားတစ္ဦးပါ။

တခ်ိဳ႕ကသူ႔ကိုျပႆနာေကာင္လို႔ေခၚၾကတယ္။ရွိဖို႔ေကာင္းတဲ့ျပႆနာေပါ့။

ပထမပိုင္းမွာဂိုးသြင္းခဲ့တယ္။ဒုတိယပိုင္းမွာလည္းဂိုးသြင္းခဲ့ျပန္တယ္။

ပြဲၿပီးေတာ့သူ႔ကိုကြၽန္ေတာ္ေျပာခဲ့တယ္။ ‘အီတလီမွာဆိုငါတို႔ဘယ္လိုေျပာၾကလဲသိလား

။ငရဲသြားလိုက္”လို႔ေျပာၾကားခဲ့ပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲတြင္

ေျမမက်ေဘာလွပစြာသြင္းယူမႈမတိုင္မီသုံးရက္အလိုတုန္းကစပါးစ္ႏွင့္ပြဲစဥ္တြင္လည္း

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေခ်ေပးမႈကေနေျမမက်ေဘာေထာင့္ျဖတ္ကန္သြင္းခဲ့ပါတယ္။