ငယ်ဘဝမှာ ကျောင်းသွားဖို့အတွက် လူ6သကောင်ပေါ်ကနေခုန်ကျော်ရတဲ့အချိန်တွေရှိခဲ့တယ်လို့ အန်တိုနီ ဖွင့်ဟ

ယူနိုက်တက်ကစားသမားအန်တိုနီဟာ ဘရာဇီးမှာနေထိုင်ခဲ့ရတဲ့ သူ့ရဲ့ငယ်ဘဝအကြောင်းအရာတွေနဲ့ပတ်သတ်လို့ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အန်တိုနီဟာ ဆာအိုပေါ်လိုပြည်နယ်၊ အိုဆက်ကိုမြို့ပြင်ရှိ

ဖာဗီလာမှာကြီးပြင်းခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက အကြမ်းဖက်မှုနဲ့ 6သဆုံးမှုတွေကိုမြင်တွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေကို

ကျော်ဖြတ်ခဲ့ရပြီး မကြာသေးခင်မှာတော့ အေဂျက်ကနေ ယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘရာဇီးကနေ အိုးလ်ထရက်ဖို့ဒ်ကို လာရာလမ်းကြောင်းကိုတော့ အန်တိုနီက

The Players’ Tribune ဆောင်းပါးမှာ ဖွင့်ဟထားခဲ့တာဖြစ်တယ်။ “ကျွန်တော် ၈နှစ်၊ ၉နှစ်လောက်တုန်းကပေါ့…တစ်ရက်ကျောင်းကိုလမ်းလျှောက်သွားတဲ့အချိန်မှာ လူတစ်ယောက်လမ်းပေါ်

ကန့်လန့်ဖြတ်ကြီးလဲနေတာကိုတွေ့ခဲ့ပါတယ်။ သူလုံးဝမလှုပ်တော့ပါဘူး။ အနီးနားကပ်ကြည့်ချိန်မှာတော့ 6သနေတာကိုတွေ့လိုက်ရပါတယ်။ ဖာဗီလာမှာတော့ ဒီအရာတွေက အဆန်းမဟုတ်ပါဘူး။

ကျောင်းကိုသွားဖို့အတွက် တခြားလမ်းမရှိပါဘူး။ ဒါကြောင့် မျက်လုံးတွေစုံမှိတ်ပြီး အဲ့ဒီအပေါ်ကနေခုန်ကျော်သွားရပါတယ်” လို့အန်တိုနီက ဖွင့်ဟခဲ့ပါတယ်။ ဆက်လက်ပြီး အန်တိုနီက

ပရီးမီးယားလိဂ်မှာကြုံတွေ့နေရတဲ့ ဖိအားတွေဟာ ငယ်ဘဝနဲ့ယှဉ်ရင် ဘာမှမဆိုင်သေးဘူးလို့ဆိုပါတယ်။ “ကျွန်တော်ဟာ ဆင်းရဲသားရပ်ကွက်တွေကနေ ၃နှစ်အတွင်းဆိုတဲ့အချိန်မှာ

အေဂျက်နဲ့ ယူနိုက်တက်ကိုရောက်လာခဲ့ပါတယ်။ သော့ချက်ကိုဘယ်အချိန်မှာ အမြန်ဆုံးဖွင့်နိုင်မလဲလို့လူတိုင်းက မေးနေကြပါတယ်။ အရိုးရှင်းဆုံးပြောရရင်

ဘောလုံးကွင်းထဲမှာ ဖိအားမရှိဘူးလို့ ခံစားရပါတယ်။ အကြောက်တရားမရှိပါဘူး။ ဘာကိုကြောက်နေရမှာလဲ။ ကျောင်းတက်ဖို့အတွက် လူ6သအလောင်းပေါ်ခုန်ကျော်ခဲ့တဲ့သူက

ဘောလုံးနဲ့ပတ်သတ်ရင် ဘာကိုမှ မကြောက်ပါဘူး။ ဘောလုံးပွဲဝေဖန်သူတွေအနေနဲ့ ကျွန်တော်ကြုံခဲ့ရတာတွေကို အားလုံးမြင်ကြည့်လို့ရပါတယ်။

ဒါတောင်မမြင်နိုင်တဲ့ အရာတွေကျန်နေပါသေးတယ်” လို့ အန်တိုနီက ဆိုခဲ့ပါတယ်။

(Zawgyi)

ငယ္ဘဝမွာ ေက်ာင္းသြားဖို႔အတြက္ လူ6သေကာင္ေပၚကေနခုန္ေက်ာ္ရတဲ့အခ်ိန္ေတြရွိခဲ့တယ္လို႔ အန္တိုနီ ဖြင့္ဟ

ယူႏိုက္တက္ကစားသမားအန္တိုနီဟာ ဘရာဇီးမွာေနထိုင္ခဲ့ရတဲ့ သူ႔ရဲ႕ငယ္ဘဝအေၾကာင္းအရာေတြနဲ႔ပတ္သတ္လို႔ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ အန္တိုနီဟာ ဆာအိုေပၚလိုျပည္နယ္၊

အိုဆက္ကိုၿမိဳ႕ျပင္ရွိ ဖာဗီလာမွာႀကီးျပင္းခဲ့သူျဖစ္ၿပီး ငယ္စဥ္ကတည္းက အၾကမ္းဖက္မႈနဲ႔ 6သဆုံးမႈေတြကိုျမင္ေတြ႕ခဲ့ရသူျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ျဖစ္ဖို႔အတြက္ခက္ခဲတဲ့အေျခအေနေတြကို ေက်ာ္ျဖတ္ခဲ့ရၿပီး မၾကာေသးခင္မွာေတာ့ ေအဂ်က္ကေန ယူႏိုက္တက္ကို

ေပါင္ ၈၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ဘရာဇီးကေန အိုးလ္ထရက္ဖို႔ဒ္ကိုလာရာလမ္းေၾကာင္းကိုေတာ့ အန္တိုနီက The Players’ Tribune ေ

ဆာင္းပါးမွာ ဖြင့္ဟထားခဲ့တာျဖစ္တယ္။ “ကြၽန္ေတာ္ ၈ႏွစ္၊ ၉ႏွစ္ေလာက္တုန္းကေပါ့…တစ္ရက္ေက်ာင္းကိုလမ္းေလွ်ာက္သြားတဲ့အခ်ိန္မွာ

လူတစ္ေယာက္လမ္းေပၚ ကန႔္လန႔္ျဖတ္ႀကီးလဲေနတာကိုေတြ႕ခဲ့ပါတယ္။ သူလုံးဝမလႈပ္ေတာ့ပါဘူး။ အနီးနားကပ္ၾကည့္ခ်ိန္မွာေတာ့ ေသေနတာကိုေတြ႕လိုက္ရပါတယ္။

ဖာဗီလာမွာေတာ့ ဒီအရာေတြက အဆန္းမဟုတ္ပါဘူး။ ေက်ာင္းကိုသြားဖို႔အတြက္ တျခားလမ္းမရွိပါဘူး။ ဒါေၾကာင့္ မ်က္လုံးေတြစုံမွိတ္ၿပီး အဲ့ဒီအေပၚကေနခုန္ေက်ာ္သြားရပါတယ္” လို႔အန္တိုနီက

ဖြင့္ဟခဲ့ပါတယ္။ ဆက္လက္ၿပီး အန္တိုနီက ပရီးမီးယားလိဂ္မွာႀကဳံေတြ႕ေနရတဲ့ ဖိအားေတြဟာ ငယ္ဘဝနဲ႔ယွဥ္ရင္ဘာမွမဆိုင္ေသးဘူးလို႔ဆိုပါတယ္။ “ကြၽန္ေတာ္ဟာ ဆင္းရဲသားရပ္ကြက္ေတြကေန

၃ႏွစ္အတြင္းဆိုတဲ့အခ်ိန္မွာ ေအဂ်က္နဲ႔ ယူႏိုက္တက္ကိုေရာက္လာခဲ့ပါတယ္။ ေသာ့ခ်က္ကိုဘယ္အခ်ိန္မွာအျမန္ဆုံးဖြင့္ႏိုင္မလဲလို႔လူတိုင္းကေမးေနၾကပါတယ္။ အ႐ိုးရွင္းဆုံးေျပာရရင္

ေဘာလုံးကြင္းထဲမွာဖိအားမရွိဘူးလို႔ ခံစားရပါတယ္။ အေၾကာက္တရားမရွိပါဘူး။ ဘာကိုေၾကာက္ေနရမွာလဲ။ ေက်ာင္းတက္ဖို႔အတြက္ လူေသအေလာင္းေပၚခုန္ေက်ာ္ခဲ့တဲ့သူက

ေဘာလုံးနဲ႔ပတ္သတ္ရင္ဘာကိုမွ မေၾကာက္ပါဘူး။ ေဘာလုံးပြဲေဝဖန္သူေတြအေနနဲ႔ ကြၽန္ေတာ္ႀကဳံခဲ့ရတာေတြကိုအားလုံးျမင္ၾကည့္လို႔ရပါတယ္။

ဒါေတာင္မျမင္ႏိုင္တဲ့အရာေတြက်န္ေနပါေသးတယ္” လို႔ အန္တိုနီက ဆိုခဲ့ပါတယ္။