ငယ်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီ ထိပ်တန်းဘောလုံးသမားတစ်ယောက် ဖြစ်လာအောင်ကြိုးစားခဲ့သူ

ခရိုအေးရှားအသင်းရဲ့ ကွင်းလယ်ကစားသမား မိုဒရစ်ဟာ

လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ အောင်မြင်တဲ့

ကစားသမားဘဝကို လျှောက်လှမ်းနေပါတယ်။

(၂၀၁၈) ရွှေဘောလုံးဆုရှင် မိုဒရစ်ဟာ ကလပ်အသင်း

ကစားသမားဘဝမှာ အောင်မြင်မှုဆုဖလားတွေများစွာ

ရယူထားနိုင်ခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း

အတတ်နိုင်ဆုံး တာဝန်ကျေခဲ့သူလို့ ဆိုရပါမယ်။

မိုဒရစ်ဟာ သူ့ရဲ့ငယ်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး

ယူဂိုဆလက်ပ်စစ်ပွဲကာလအတွင်းမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။

မိုဒရစ်ဟာ ငယ်ငယ်လေးနဲ့ ဒုက္ခသည်ဖြစ်ခဲ့ရပြီး၊

မိုဒရစ်ရဲ့မိဘတွေဟာ မိုဒရီစီရွာလေးကို စွန့်ခွာပြီး

ခရိုအေးရှားနိုင်ငံ ဇာဒါမြို့မှာရှိတဲ့ Hotel Iz မှာ

ဒုက္ခသည်အဖြစ်ခိုလှုံခဲ့ပါတယ်။ အဲဒီမှာလျှပ်စစ်မီးမရှိဘူး။

ရေသွယ်တန်းထားတာမရှိပါဘူး။ ဒါပေမယ့်မိုဒရစ်ဟာ

ဖြစ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့အတွက်

ကားပါကင်နားမှာ သေးငယ်တဲ့ဘောလုံးလေးတစ်လုံး နဲ့ ကစားနေခဲ့ပါတယ်။

မိုဒရစ်(၁၀)နှစ်သားအရွယ် ဘောလုံးစကန်စဉ်မှာလည်း

နည်းပြတော်တော်များများက သူ့ကို အားနည်းလွန်းပြီး

ရှက်ရွံ့လွန်းနေတယ်လို့ မှတ်ချက်ပြုခဲ့ပြီး ငြင်းပယ်ခဲ့ကြပါတယ်။

ဒါပေမယ့် မိုဒရစ်ဟာ နည်းပြဖြစ်သူ ဘာဆစ်ရဲ့ ထောက်ခံချက်နဲ့အတူ

ဒိုင်နမိုဇာဂရက်အသင်းမှာ ခြေစွမ်းစမ်းသပ်ခွင့်ရခဲ့ပါတယ်။

အသက် (၁၅)နှစ်အရွယ်မှာ ဒိုင်နမိုဇာဂရက်ကိုရောက်တယ်။

(၂၀၀၃)မှာ ဒိုင်နမိုဇာဂရက်အသင်းကြီးနဲ့ စတင်ပွဲထွက်ခွင့်ရတယ်။

ဒါပေမယ့် နောက်ထပ်(၂)ရာသီမှာတော့

အခြားအသင်းတွေဆီ အငှားထွက်ကစားခဲ့ရပါတယ်။

အဲဒီနောက် ဘောလုံးသမားဘဝပီပီ အပြောင်းအရွှေ့တွေနဲ့အတူ

လျှောက်လှမ်းရင်း ရီးရဲလ်ဆီကိုရောက်ချိန်မှာတော့

မိုဒရစ်ဘ၀ ပိုမိုတောက်ပလာခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့

(၂၀၁၇-၁၈) ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားရခဲ့ပါတယ်။

ကစားသမားဘ၀ ထူးခြားတဲ့ အချက် အချို့ကတော့

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဆိုပေမယ့်

မိုဒရစ်ဟာ ၂၀၀၈ခုနှစ်တုန်းက ရီးရဲလ်ရဲ့ ခါးသီးပြိုင်ဘက်

ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အရမ်းနီးစပ်ခဲ့ပါသေးတယ်။

အဲဒီအချိန်က မိုဒရစ်ကိုယ်တိုင် ဘာစီလိုနာမှာ ကစားချင်ကြောင်း

အင်တာဗျူးမှာ ရင်ဖွင့်ခဲ့သေးသလို ဘာစီလိုနာဝတ်စုံနဲ့တောင်

ဓါတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

မိုဒရစ်က သူ့ရဲ့ ပွဲဦးထွက်ရာသီဖြစ်တဲ့၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတော့

ရီးရဲလ်အတွက် လုံးဝခြေစွမ်းပြနိုင်ခြင်းမရှိဘဲ

ရုန်းကန်ခဲ့ရလို့ သူ့ကို လာလီဂါပြိုင်ပွဲရဲ့ ၂၀၁၂ခုနှစ် အဆိုးရွားဆုံး

ခေါ်ယူမှုအဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။

zawgyi

ငယ္ဘဝကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီ ထိပ္တန္းေဘာလုံးသမားတစ္ေယာက္ ျဖစ္လာေအာင္ႀကိဳးစားခဲ့သူ

ခ႐ိုေအးရွားအသင္းရဲ႕ ကြင္းလယ္ကစားသမား မိုဒရစ္ဟာ

လက္ရွိအခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အတူ ေအာင္ျမင္တဲ့

ကစားသမားဘဝကို ေလွ်ာက္လွမ္းေနပါတယ္။

(၂၀၁၈) ေ႐ႊေဘာလုံးဆုရွင္ မိုဒရစ္ဟာ ကလပ္အသင္း

ကစားသမားဘဝမွာ ေအာင္ျမင္မႈဆုဖလားေတြမ်ားစြာ

ရယူထားႏိုင္ခဲ့သလို ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္လည္း

အတတ္ႏိုင္ဆုံး တာဝန္ေက်ခဲ့သူလို႔ ဆိုရပါမယ္။

မိုဒရစ္ဟာ သူ႔ရဲ႕ငယ္ဘဝကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး

ယူဂိုဆလက္ပ္စစ္ပြဲကာလအတြင္းမွာ ႀကီးျပင္းလာခဲ့ရတာျဖစ္ပါတယ္။

မိုဒရစ္ဟာ ငယ္ငယ္ေလးနဲ႔ ဒုကၡသည္ျဖစ္ခဲ့ရၿပီး၊

မိုဒရစ္ရဲ႕မိဘေတြဟာ မိုဒရီစီ႐ြာေလးကို စြန႔္ခြာၿပီး

ခ႐ိုေအးရွားႏိုင္ငံ ဇာဒါၿမိဳ႕မွာရွိတဲ့ Hotel Iz မွာ

ဒုကၡသည္အျဖစ္ခိုလႈံခဲ့ပါတယ္။ အဲဒီမွာလွ်ပ္စစ္မီးမရွိဘူး။

ေရသြယ္တန္းထားတာမရွိပါဘူး။ ဒါေပမယ့္မိုဒရစ္ဟာ

ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ အေကာင္အထည္ေပၚဖို႔အတြက္

ကားပါကင္နားမွာ ေသးငယ္တဲ့ေဘာလုံးေလးတစ္လုံး နဲ႔ ကစားေနခဲ့ပါတယ္။

မိုဒရစ္(၁၀)ႏွစ္သားအ႐ြယ္ ေဘာလုံးစကန္စဥ္မွာလည္း

နည္းျပေတာ္ေတာ္မ်ားမ်ားက သူ႔ကို အားနည္းလြန္းၿပီး

ရွက္႐ြံ႕လြန္းေနတယ္လို႔ မွတ္ခ်က္ျပဳခဲ့ၿပီး ျငင္းပယ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ မိုဒရစ္ဟာ နည္းျပျဖစ္သူ ဘာဆစ္ရဲ႕ ေထာက္ခံခ်က္နဲ႔အတူ

ဒိုင္နမိုဇာဂရက္အသင္းမွာ ေျခစြမ္းစမ္းသပ္ခြင့္ရခဲ့ပါတယ္။

အသက္ (၁၅)ႏွစ္အ႐ြယ္မွာ ဒိုင္နမိုဇာဂရက္ကိုေရာက္တယ္။

(၂၀၀၃)မွာ ဒိုင္နမိုဇာဂရက္အသင္းႀကီးနဲ႔ စတင္ပြဲထြက္ခြင့္ရတယ္။

ဒါေပမယ့္ ေနာက္ထပ္(၂)ရာသီမွာေတာ့

အျခားအသင္းေတြဆီ အငွားထြက္ကစားခဲ့ရပါတယ္။

အဲဒီေနာက္ ေဘာလုံးသမားဘဝပီပီ အေျပာင္းအေ႐ႊ႕ေတြနဲ႔အတူ

ေလွ်ာက္လွမ္းရင္း ရီးရဲလ္ဆီကိုေရာက္ခ်ိန္မွာေတာ့

မိုဒရစ္ဘ၀ ပိုမိုေတာက္ပလာခဲ့ပါတယ္။ ရီးရဲလ္အသင္းနဲ႔

(၂၀၁၇-၁၈) ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဆုဖလားရခဲ့ပါတယ္။

ကစားသမားဘ၀ ထူးျခားတဲ့ အခ်က္ အခ်ိဳ႕ကေတာ့

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ေယာက္ဆိုေပမယ့္

မိုဒရစ္ဟာ ၂၀၀၈ခုႏွစ္တုန္းက ရီးရဲလ္ရဲ႕ ခါးသီးၿပိဳင္ဘက္

ဘာစီလိုနာအသင္းဆီကို ေျပာင္းေ႐ႊ႕ကစားဖို႔ အရမ္းနီးစပ္ခဲ့ပါေသးတယ္။

အဲဒီအခ်ိန္က မိုဒရစ္ကိုယ္တိုင္ ဘာစီလိုနာမွာ ကစားခ်င္ေၾကာင္း

အင္တာဗ်ဴးမွာ ရင္ဖြင့္ခဲ့ေသးသလို ဘာစီလိုနာဝတ္စုံနဲ႔ေတာင္

ဓါတ္ပုံ႐ိုက္ကူးခဲ့ပါေသးတယ္။

မိုဒရစ္က သူ႔ရဲ႕ ပြဲဦးထြက္ရာသီျဖစ္တဲ့၂၀၁၂-၂၀၁၃ ေဘာလုံးရာသီမွာေတာ့

ရီးရဲလ္အတြက္ လုံးဝေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ

႐ုန္းကန္ခဲ့ရလို႔ သူ႔ကို လာလီဂါၿပိဳင္ပြဲရဲ႕ ၂၀၁၂ခုႏွစ္ အဆိုး႐ြားဆုံး

ေခၚယူမႈအျဖစ္ေတာင္ သတ္မွတ္ခံခဲ့ရပါတယ္။