
မန်စီးတီးအသင်းဟာ လက်ရှိနည်းပြဂွာဒီယိုလာရဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးသွားရင်သူ့နေရာမှာဆက်ခံမယ့်သူကိုရွေးချယ်ထားပြီးဖြစ်တယ်လို့
သိရပါတယ်။ စပိန်သားဖြစ်တဲ့ ဂွာဒီယိုလာရဲ့ လက်ရှိစာချုပ်ဟာ ၁၈ လသာ
ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ်ထပ်ချုပ်ဖို့သူကဆန္ဒမရှိတော့ပါဘူး။
သူဟာ ၂၀၁၆ ကမန်စီးတီးကိုစတင်ကိုင်တွယ်ခဲ့သူဖြစ်လို့
အခုဆိုရင် ၆ နှစ်သက်တမ်းထဲကိုရောက်နေပါပြီ။
အသင်းတစ်ခုကိုဒီလောက်အချိန်အထိကိုင်တွယ်တာ
ဂွာဒီယိုလာအတွက်ပထမဆုံးအကြိမ်ဖြစ်လို့
လက်ရှိစာချုပ်ကုန်ဆုံးရင် သက်တမ်းထပ်တိုးဖို့မရှိတော့ပါဘူး။
ဒါကြောင့် မန်စီးတီးဟာသူ့နေရာမှာဆက်ခံမယ့်သူအဖြစ်
အာဆင်နယ်အသင်းနည်းပြ အာတီတာ ကိုရွေးချယ်ထားတယ်လို့
The Athletic ကဆိုပါတယ်။ အသက် ၃၉ နှစ်သာရှိသေးတဲ့ အာတီတာ ဟာ
မန်စီးတီးမှာ ဂွာဒီယိုလာရဲ့လက်ထောက်အဖြစ် ၂၀၁၆ ကနေ ၂၀၁၉ အထိ
ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အခုဆိုရင်မန်စီးတီးဟာ တာဝန်ရှိသူတွေကို အာတီတာ ရဲ့စွမ်းဆောင်မှုတွေကို
သေချာလေ့လာဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။
အာတီတာ ဟာမန်စီးတီးအသင်းရဲ့နောက်ပိုင်းအောင်မြင်မှုတွေမှာ
ဂွာဒီယိုလာနဲ့အတူ အခြေခံကျတဲ့သူဖြစ်ခဲ့ပြီး ၂၀၁၆ ကနေ ၂၀၁၉ အတွင်း
မန်စီးတီးဖလား ၅ လုံးရခဲ့ရာမှာအရေးပါတဲ့သူတစ်ဦးလည်းဖြစ်ခဲ့တာပါ။
ဒါပေမယ့်လည်း ၂၀၁၉-၂၀ ဘောလုံးရာသီနှောင်းပိုင်းမှာ
သူ့အသင်းဟောင်းဖြစ်တဲ့ အာဆင်နယ်ကနည်းပြအဖြစ်တာဝန်ယူဖို့
ကမ်းလှမ်းလာတဲ့အတွက် မန်စီးတီးနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ အမ်မရီလက်ထဲကနေ အာဆင်နယ်ကိုလွှဲပြောင်းရယူပြီးနောက်
လအနည်းငယ်အကြာမှာအက်ဖ်အေဖလား ကိုရယူနိုင်ခဲ့ပါတယ်။
လက်ရှိ ၂၀၂၁-၂၂ ဘောလုံးရာသီအစမှာ အာဆင်နယ်ရဲ့ရလဒ်တွေဆိုးရွားခဲ့သေးပေမယ့်
လက်ရှိမှာတော့ အာဆင်နယ်ဟာခြေစွမ်းပြနေပြီး မန်ယူ၊ စပါး အစရှိတဲ့
အသင်းတွေကိုကျော်ဖြတ်ကာ ပရီးမီးယားလိဂ်မှာ အဆင့်၄ နေရာကိုရယူထားနိုင်ပါတယ်။
အာတီတာ ဟာဂွာဒီယိုလာလိုဘဲ နည်းစနစ်ကိုပိုင်နိုင်ကျွမ်းကျင်ပြီး
သူ့ဘောလုံးဒဿနကိုဖော်ဆောင်သူအဖြစ်နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။
လက်ရှိအာဆင်နယ်အသင်းခြေစွမ်းပြန်ပြလာနိုင်မှုမှာ
သူ့အတွေ့အကြုံကိုအကောင်းဆုံးအသုံးချပြီး နည်းဗျူဟာပိုင်းနဲ့
ပေါင်းစပ်ကာစွမ်းဆောင်နိုင်မှုကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
အာတီတာ ရဲ့အာဆင်နယ်နဲ့စာချုပ်ဟာလည်း ဂွာဒီယိုလာလိုဘဲ ၁၈ လ
သက်တမ်းကျန်ရှိနေပြီး ၂၀၂၂-၂၃ ဘောလုံးရာသီကုန်ဆုံးချိန်မှာ
အဆုံးသတ်မှာဖြစ်လို့ လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီမှာ
ထူးခြားမှုတွေ့မြင်ရနိုင်တယ်လို့ဆိုကြပါတယ်။
zawgyi
ဂြာဒီယိုလာရဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားရင္ သူ႔ေနရာမွာဆက္ခံမယ့္သူကို ေ႐ြးခ်ယ္ထားၿပီးျဖစ္တယ္လို႔ သိရ
မန္စီးတီးအသင္းဟာ လက္ရွိနည္းျပဂြာဒီယိုလာရဲ႕ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးသြားရင္သူ႔ေနရာမွာဆက္ခံမယ့္သူကိုေ႐ြးခ်ယ္ထားၿပီးျဖစ္တယ္လို႔
သိရပါတယ္။ စပိန္သားျဖစ္တဲ့ ဂြာဒီယိုလာရဲ႕ လက္ရွိစာခ်ဳပ္ဟာ ၁၈ လသာ
က်န္ရွိေတာ့တာျဖစ္ၿပီး စာခ်ဳပ္သစ္ထပ္ခ်ဳပ္ဖို႔သူကဆႏၵမရွိေတာ့ပါဘူး။
သူဟာ ၂၀၁၆ ကမန္စီးတီးကိုစတင္ကိုင္တြယ္ခဲ့သူျဖစ္လို႔
အခုဆိုရင္ ၆ ႏွစ္သက္တမ္းထဲကိုေရာက္ေနပါၿပီ။
အသင္းတစ္ခုကိုဒီေလာက္အခ်ိန္အထိကိုင္တြယ္တာ
ဂြာဒီယိုလာအတြက္ပထမဆုံးအႀကိမ္ျဖစ္လို႔
လက္ရွိစာခ်ဳပ္ကုန္ဆုံးရင္ သက္တမ္းထပ္တိုးဖို႔မရွိေတာ့ပါဘူး။
ဒါေၾကာင့္ မန္စီးတီးဟာသူ႔ေနရာမွာဆက္ခံမယ့္သူအျဖစ္
အာဆင္နယ္အသင္းနည္းျပ အာတီတာ ကိုေ႐ြးခ်ယ္ထားတယ္လို႔
The Athletic ကဆိုပါတယ္။ အသက္ ၃၉ ႏွစ္သာရွိေသးတဲ့ အာတီတာ ဟာ
မန္စီးတီးမွာ ဂြာဒီယိုလာရဲ႕လက္ေထာက္အျဖစ္ ၂၀၁၆ ကေန ၂၀၁၉ အထိ
ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။
အခုဆိုရင္မန္စီးတီးဟာ တာဝန္ရွိသူေတြကို အာတီတာ ရဲ႕စြမ္းေဆာင္မႈေတြကို
ေသခ်ာေလ့လာဖို႔ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။
အာတီတာ ဟာမန္စီးတီးအသင္းရဲ႕ေနာက္ပိုင္းေအာင္ျမင္မႈေတြမွာ
ဂြာဒီယိုလာနဲ႔အတူ အေျခခံက်တဲ့သူျဖစ္ခဲ့ၿပီး ၂၀၁၆ ကေန ၂၀၁၉ အတြင္း
မန္စီးတီးဖလား ၅ လုံးရခဲ့ရာမွာအေရးပါတဲ့သူတစ္ဦးလည္းျဖစ္ခဲ့တာပါ။
ဒါေပမယ့္လည္း ၂၀၁၉-၂၀ ေဘာလုံးရာသီေႏွာင္းပိုင္းမွာ
သူ႔အသင္းေဟာင္းျဖစ္တဲ့ အာဆင္နယ္ကနည္းျပအျဖစ္တာဝန္ယူဖို႔
ကမ္းလွမ္းလာတဲ့အတြက္ မန္စီးတီးနဲ႔လမ္းခြဲခဲ့တာျဖစ္ပါတယ္။
အာတီတာဟာ အမ္မရီလက္ထဲကေန အာဆင္နယ္ကိုလႊဲေျပာင္းရယူၿပီးေနာက္
လအနည္းငယ္အၾကာမွာအက္ဖ္ေအဖလား ကိုရယူႏိုင္ခဲ့ပါတယ္။
လက္ရွိ ၂၀၂၁-၂၂ ေဘာလုံးရာသီအစမွာ အာဆင္နယ္ရဲ႕ရလဒ္ေတြဆိုး႐ြားခဲ့ေသးေပမယ့္
လက္ရွိမွာေတာ့ အာဆင္နယ္ဟာေျခစြမ္းျပေနၿပီး မန္ယူ၊ စပါး အစရွိတဲ့
အသင္းေတြကိုေက်ာ္ျဖတ္ကာ ပရီးမီးယားလိဂ္မွာ အဆင့္၄ ေနရာကိုရယူထားႏိုင္ပါတယ္။
အာတီတာ ဟာဂြာဒီယိုလာလိုဘဲ နည္းစနစ္ကိုပိုင္ႏိုင္ကြၽမ္းက်င္ၿပီး
သူ႔ေဘာလုံးဒႆနကိုေဖာ္ေဆာင္သူအျဖစ္နာမည္ႀကီးေနသူလည္းျဖစ္ပါတယ္။
လက္ရွိအာဆင္နယ္အသင္းေျခစြမ္းျပန္ျပလာႏိုင္မႈမွာ
သူ႔အေတြ႕အႀကဳံကိုအေကာင္းဆုံးအသုံးခ်ၿပီး နည္းဗ်ဴဟာပိုင္းနဲ႔
ေပါင္းစပ္ကာစြမ္းေဆာင္ႏိုင္မႈေၾကာင့္ျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။
အာတီတာ ရဲ႕အာဆင္နယ္နဲ႔စာခ်ဳပ္ဟာလည္း ဂြာဒီယိုလာလိုဘဲ ၁၈ လ
သက္တမ္းက်န္ရွိေနၿပီး ၂၀၂၂-၂၃ ေဘာလုံးရာသီကုန္ဆုံးခ်ိန္မွာ
အဆုံးသတ္မွာျဖစ္လို႔ လာမယ့္ ၂၀၂၃-၂၄ ေဘာလုံးရာသီမွာ
ထူးျခားမႈေတြ႕ျမင္ရႏိုင္တယ္လို႔ဆိုၾကပါတယ္။