ဂွါဒီယိုလာအနေနဲ့ Sky Sports စူပါဆန်းဒေးအစီအစဉ်ကိုစောင့်ကြည့်ရလိမ့်မယ်လို့ ကာရေဂါအရွှန်းဖောက်ပြောဆို

မန်စီးတီး ၃-၁ ဗီလာပွဲစဉ်အပြီးမှာတော့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက

နည်းပြဂွါဒီယိုလာကို ရယ်စရာကောင်းလောက်အောင်လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စပါးကိုရှုံးနိမ့်ပြီးနောက် ဟာလန်းဆီကအကောင်းဆုံးတွေ

ဘယ်လိုရအောင်ယူမလဲဆိုတဲ့ သူ့ရဲ့ထင်မြင်ချက်တွေကို ဂွါဒီယိုလာကိုယ်တိုင်ကြားသိရမှာပဲဖြစ်တယ်။

Sky Sports ရုပ်သံတင်ဆက်သူတွေဖြစ်တဲ့ ကာရေဂါနဲ့ မီကာရစ်ချတ်တို့ဟာ

စပါးနဲ့ပွဲမှာ လိုက်လျောညီထွေမရှိတဲ့ မန်စီးတီးရဲ့အနေအထားကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။

အထူးသဖြင့်တော့ ဟာလန်းရဲ့ပြေးလမ်းကြောင်းထဲကို ဘောလုံးမျှောပေးတာမျိုးတွေမရှိတဲ့

မန်စီးတီးရဲ့ကစားပုံက ကာရေဂါနဲ့ မီကာရစ်ချတ်ကို စိတ်ပျက်စေခဲ့တာဖြစ်တယ်။

ဟာလန်းဟာ မှားယွင်းတဲ့ကလပ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်တယ်လို့ ကာရေဂါက ဝေဖန်ခဲ့ပါသေးတယ်။

အားလုံးက နည်းစနစ်မာစတာ လို့အမည်ပေးထားတဲ့ ဂွါဒီယိုလာအနေနဲ့

သူ့ရဲ့ကဲ့ရဲ့မှုတွေကိုမှတ်သားထားရလိမ့်မယ်လို့ ကာရေဂါကပြောဆိုခဲ့ပါတယ်။

ဗီလာကိုအနိုင်ရတဲ့ပွဲအပြီးမှာတော့ တွစ်တာကတစ်ဆင့် ကာရေဂါက

“မင်းက ဟာလန်းကိုအသုံးပြုနေပုံက သူဟာ အရမ်းမြန်ပြီးအစွမ်းထက်တဲ့

ကစားသမားဖြစ်ဖို့တောင်မလိုပါဘူး။ မန်စီးတီးဟာ ကွင်းတစ်ခြမ်းမှာဘောလုံးကို

၅ကြိမ်၊ ၆ကြိမ်လောက်သာကစားသင့်တယ်၊ တကယ်လို့ သူတို့ဒီလိုမလုပ်ရင်

ဟာလန်းရဲ့အားသာချက်တွေကိုဖြုန်းတီးပစ်လိုက်သလိုပဲ။ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့အပတ်က

မီကာရစ်ချတ်နဲ့ စူပါဆန်းဒေးအစီအစဉ်ကိုကြည့်ရှုခဲ့တယ်” လို့ ဟာသလုပ်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်မှာတော့ ကာရေဂါက မန်စီးတီးမှာ ဟာလန်းရဲ့စွမ်းဆောင်ရည်

၆၀ ရာခိုင်နှုန်းလောက်ကိုသာမြင်ရသလို နော်ဝေသားက ဆက်တိုက်ဂိုးသွင်းနေပေမဲ့

အသင်းရဲ့သွင်းဂိုးနှုန်းကတော့ မနှစ်ကအတိုင်းပဲလို့ထောက်ပြခဲ့တာဖြစ်တယ်။

zawgyi

ဂြါဒီယိုလာအေနနဲ႔ Sky Sports စူပါဆန္းေဒးအစီအစဥ္ကိုေစာင့္ၾကည့္ရလိမ့္မယ္လို႔ ကာေရဂါအ႐ႊန္းေဖာက္ေျပာဆို

မန္စီးတီး ၃-၁ ဗီလာပြဲစဥ္အၿပီးမွာေတာ့ လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက

နည္းျပဂြါဒီယိုလာကို ရယ္စရာေကာင္းေလာက္ေအာင္ေလွာင္ေျပာင္ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း စပါးကိုရႈံးနိမ့္ၿပီးေနာက္ ဟာလန္းဆီကအေကာင္းဆုံးေတြ

ဘယ္လိုရေအာင္ယူမလဲဆိုတဲ့ သူ႔ရဲ႕ထင္ျမင္ခ်က္ေတြကို ဂြါဒီယိုလာကိုယ္တိုင္ၾကားသိရမွာပဲျဖစ္တယ္။

Sky Sports ႐ုပ္သံတင္ဆက္သူေတြျဖစ္တဲ့ ကာေရဂါနဲ႔ မီကာရစ္ခ်တ္တို႔ဟာ

စပါးနဲ႔ပြဲမွာ လိုက္ေလ်ာညီေထြမရွိတဲ့ မန္စီးတီးရဲ႕အေနအထားကိုေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။

အထူးသျဖင့္ေတာ့ ဟာလန္းရဲ႕ေျပးလမ္းေၾကာင္းထဲကို ေဘာလုံးေမွ်ာေပးတာမ်ိဳးေတြမရွိတဲ့

မန္စီးတီးရဲ႕ကစားပုံက ကာေရဂါနဲ႔ မီကာရစ္ခ်တ္ကို စိတ္ပ်က္ေစခဲ့တာျဖစ္တယ္။

ဟာလန္းဟာ မွားယြင္းတဲ့ကလပ္ကိုေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္တယ္လို႔ ကာေရဂါက ေဝဖန္ခဲ့ပါေသးတယ္။

အားလုံးက နည္းစနစ္မာစတာ လို႔အမည္ေပးထားတဲ့ ဂြါဒီယိုလာအေနနဲ႔

သူ႔ရဲ႕ကဲ့ရဲ႕မႈေတြကိုမွတ္သားထားရလိမ့္မယ္လို႔ ကာေရဂါကေျပာဆိုခဲ့ပါတယ္။

ဗီလာကိုအႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ တြစ္တာကတစ္ဆင့္ ကာေရဂါက

“မင္းက ဟာလန္းကိုအသုံးျပဳေနပုံက သူဟာ အရမ္းျမန္ၿပီးအစြမ္းထက္တဲ့

ကစားသမားျဖစ္ဖို႔ေတာင္မလိုပါဘူး။ မန္စီးတီးဟာ ကြင္းတစ္ျခမ္းမွာေဘာလုံးကို

၅ႀကိမ္၊ ၆ႀကိမ္ေလာက္သာကစားသင့္တယ္၊ တကယ္လို႔ သူတို႔ဒီလိုမလုပ္ရင္

ဟာလန္းရဲ႕အားသာခ်က္ေတြကိုျဖဳန္းတီးပစ္လိုက္သလိုပဲ။ ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့အပတ္က

မီကာရစ္ခ်တ္နဲ႔ စူပါဆန္းေဒးအစီအစဥ္ကိုၾကည့္ရႈခဲ့တယ္” လို႔ ဟာသလုပ္သြားခဲ့ပါတယ္။

လြန္ခဲ့တဲ့သီတင္းပတ္မွာေတာ့ ကာေရဂါက မန္စီးတီးမွာ ဟာလန္းရဲ႕စြမ္းေဆာင္ရည္

၆၀ ရာခိုင္ႏႈန္းေလာက္ကိုသာျမင္ရသလို ေနာ္ေဝသားက ဆက္တိုက္ဂိုးသြင္းေနေပမဲ့

အသင္းရဲ႕သြင္းဂိုးႏႈန္းကေတာ့ မႏွစ္ကအတိုင္းပဲလို႔ေထာက္ျပခဲ့တာျဖစ္တယ္။