ဂွါဒီယိုလာလိုပဲ ရော်နယ်ဒိုကို ရောင်းချသင့်တယ်လို့ တန်ဟတ်ကို ကာရေဂါ တိုက်တွန်း

လီဗာပူးဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက

မန်စီးတီးကို ရောက်ခါစက ဂွါဒီယိုလာ
လုပ်ဆောင်ခဲ့တဲ့အတိုင်း လုပ်သင့်ပြီး
ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုကို
ရောင်းချသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ယခုရာသီမှာ ယူနိုက်တက်အသင်း

ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အနက်
အနည်းငယ်သော ထင်ပေါ်ခဲ့တဲ့
ကစားသမားတွေအနက် ရော်နယ်ဒိုလည်း
တစ်ဦးအပါအဝင်ဖြစ်ပြီး
ပရီးမီးယားလိဂ်မှာ ၁၈ဂိုးသွင်းယူနိုင်ခဲ့ရာ

သူ့နောက် ဒုတိယအများဆုံး
အသင်းဖော်ထက် ၈ ဂိုးတောင်ပိုများခဲ့ပါတယ်။
ယခုရာသီအစောပိုင်းက ရော်နယ်ဒိုအနေနဲ့
အသင်းရဲ့ပြဿနာဖြစ်နေပြီလို့
ဝေဖန်မှုတွေရှိခဲ့သလို အထူးသဖြင့်

ရာသီအလယ်လောက်မှာ ရော်နယ်ဒို
၆ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့
ကာလအတွင်း အဲဒီအသံတွေ
ပိုမိုကျယ်လောင်ခဲ့ပါတယ်။
ဒါပေမဲ့ ကာရေဂါကတော့

နည်းပြသစ် တန်ဟတ်အနေနဲ့
ရွှေဘောလုံးဆု ၅ကြိမ်ရရှိထားတဲ့
ရော်နယ်ဒိုကို ရောင်းချသင့်တယ်လို့
တိုက်တွန်းထားပြီး ၂၀၁၆ ခုနှစ်က
ဂျိုးဟတ်ကို ဂွါဒီယိုလာ

ရောင်းချခဲ့မှုနဲ့ နှိုင်းယှဉ်သွားပါတယ်။
”ဂွါဒီယိုလာနဲ့ ကလော့ပ်တို့
ရောက်စမှာ လုပ်ခဲ့တာတွေက
မှန်နေတယ်လို့ ထင်ပါတယ်။
စီးတီးကို ဂွါဒီယိုလာ ရောက်လာတော့

ဂျိုးဟတ်ကို မလိုချင်ဘူးဆိုပြီး
အရောင်းစာရင်း သွင်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဂျိုးဟတ်ဟာ
အင်္ဂလန်အသင်းရဲ့ဦးစားပေး
ဂိုးသမားဖြစ်ပြီး စီးတီးရဲ့

ကြီးကျယ်တဲ့ကစားသမားဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ဂွါဒီယိုလာကတော့
သူမလိုချင်ဘူးဆိုပြီး ရောင်းချခဲ့ပါတယ်။
ကလော့ပ် ရောက်လာတော့လည်း
အဲဒီအတိုင်းပါပဲ။

ဘန်တီကီကို နည်းပြဟောင်း
ရော်ဂျာလက်ထက်မှာ ဈေးကြီးကြီးနဲ့
ခေါ်ခဲ့ပေမယ့် ကလော့ပ်ကတော့
သူ့ကစားကွက်နဲ့ အံမဝင်ဘူးဆိုပြီး
ဘန်တီကီကို ရောင်းချခဲ့ပါတယ်။

တန်ဟတ်လည်း အဲဒီလို
လုပ်သင့်တယ်လို့ ထင်ပါတယ်။
ဒီလိုပြောတာ ရော်နယ်ဒိုကို
မလေးစားတာ မဟုတ်ပါဘူး။
သူက အံ့အားသင့်ဖွယ်

ကစားသမားတစ်ဦးဖြစ်ပေမယ့်
သူ့အနေနဲ့ ဒီလိုဆိုးရွားတဲ့အသင်းမှာ
တစ်ခါမှ ကစားခဲ့ဖူးတာမဟုတ်ပါဘူး။
သူဟာ ကြီးကျယ်တဲ့အသင်းတွေမှာပဲ
ကစားခဲ့တာဖြစ်ပြီး အသင်းရဲ့

အဓိကကစားသမားတစ်ဦးအဖြစ်
ဂိုးတွေသွင်းရင်း ကြိုးစားပါတယ်။
ကြီးကျယ်တဲ့အသင်းမှာဆို
ဒါတွေက အပေါင်းလက္ခဏာဆောင်ပါတယ်။
ဒါပေမဲ့ အသင်းက ဆိုးရွားနေချိန်မှာတော့

ဒါတွေက အနုတ်လက္ခဏာဆောင်ပါတယ်။
သူ့အနေနဲ့ ဂိုးတွေသွင်းနေဆဲဆိုပေမယ့်
အသက် ၃၈ နှစ်အရွယ် အထောင်တိုက်စစ်မှူးကို
ပိုင်ဆိုင်ထားတာက ယူနိုက်တက်အတွက်
အခြေအနေမကောင်းနိုင်ပါဘူး”လို့ ကာရေဂါက ပြောပါတယ်။

ကာရေဂါဟာ အရင်တုန်းကလည်း
ရော်နယ်ဒိုကို ဝေဖန်ခဲ့ဖူးပြီး
ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို
ပြန်ခေါ်တာက မှားယွင်းမှုဖြစ်တယ်လို့ ထောက်ပြခဲ့ဖူးပါတယ်။

Zawgyi

ဂြါဒီယိုလာလုိပဲ ေရာ္နယ္ဒိုကို ေရာင္းခ်သင့္တယ္လုိ႔ တန္ဟတ္ကို ကာေရဂါ တုိက္တြန္း
လီဗာပူးဂႏၳ၀င္ေနာက္ခံလူ ေဂ်မီကာေရဂါက
မန္စီးတီးကို ေရာက္ခါစက ဂြါဒီယိုလာ

လုပ္ေဆာင္ခဲ့တဲ့အတုိင္း လုပ္သင့္ၿပီး
ၾကယ္ပြင့္တုိက္စစ္မွဴး ေရာ္နယ္ဒိုကို
ေရာင္းခ်သင့္တယ္လုိ႔ တုိက္တြန္းလုိက္ပါတယ္။
ယခုရာသီမွာ ယူႏုိက္တက္အသင္း
ရလဒ္ဆုိးေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့အနက္

အနည္းငယ္ေသာ ထင္ေပၚခဲ့တဲ့
ကစားသမားေတြအနက္ ေရာ္နယ္ဒိုလည္း
တစ္ဦးအပါအ၀င္ျဖစ္ၿပီး
ပရီးမီးယားလိဂ္မွာ ၁၈ဂိုးသြင္းယူႏုိင္ခဲ့ရာ
သူ႕ေနာက္ ဒုတိယအမ်ားဆုံး

အသင္းေဖာ္ထက္ ၈ ဂိုးေတာင္ပိုမ်ားခဲ့ပါတယ္။
ယခုရာသီအေစာပိုင္းက ေရာ္နယ္ဒိုအေနနဲ႔
အသင္းရဲ႕ျပႆနာျဖစ္ေနၿပီလုိ႔
ေ၀ဖန္မႈေတြရိွခဲ့သလို အထူးသျဖင့္
ရာသီအလယ္ေလာက္မွာ ေရာ္နယ္ဒို

၆ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့
ကာလအတြင္း အဲဒီအသံေတြ
ပိုမိုက်ယ္ေလာင္ခဲ့ပါတယ္။
ဒါေပမဲ့ ကာေရဂါကေတာ့
နည္းျပသစ္ တန္ဟတ္အေနနဲ႔

ေရႊေဘာလုံးဆု ၅ႀကိမ္ရရွိထားတဲ့
ေရာ္နယ္ဒိုကို ေရာင္းခ်သင့္တယ္လုိ႔
တုိက္တြန္းထားၿပီး ၂၀၁၆ ခုႏွစ္က
ဂ်ိဳးဟတ္ကို ဂြါဒီယိုလာ
ေရာင္းခ်ခဲ့မႈနဲ႔ ႏိႈင္းယွဥ္သြားပါတယ္။

”ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔
ေရာက္စမွာ လုပ္ခဲ့တာေတြက
မွန္ေနတယ္လုိ႔ ထင္ပါတယ္။
စီးတီးကို ဂြါဒီယိုလာ ေရာက္လာေတာ့
ဂ်ိဳးဟတ္ကို မလိုခ်င္ဘူးဆုိၿပီး

အေရာင္းစာရင္း သြင္းခဲ့ပါတယ္။
အဲဒီအခ်ိန္တုန္းက ဂ်ိဳးဟတ္ဟာ
အဂၤလန္အသင္းရဲ႕ဦးစားေပး
ဂိုးသမားျဖစ္ၿပီး စီးတီးရဲ႕
ႀကီးက်ယ္တဲ့ကစားသမားျဖစ္ခဲ့တာပါ။

ဒါေပမဲ့ ဂြါဒီယိုလာကေတာ့
သူမလုိခ်င္ဘူးဆုိၿပီး ေရာင္းခ်ခဲ့ပါတယ္။
ကေလာ့ပ္ ေရာက္လာေတာ့လည္း
အဲဒီအတိုင္းပါပဲ။
ဘန္တီကီကို နည္းျပေဟာင္း

ေရာ္ဂ်ာလက္ထက္မွာ ေစ်းႀကီးႀကီးနဲ႔
ေခၚခဲ့ေပမယ့္ ကေလာ့ပ္ကေတာ့
သူ႕ကစားကြက္နဲ႔ အံမ၀င္ဘူးဆိုၿပီး
ဘန္တီကီကို ေရာင္းခ်ခဲ့ပါတယ္။
တန္ဟတ္လည္း အဲဒီလုိ

လုပ္သင့္တယ္လုိ႔ ထင္ပါတယ္။
ဒီလုိေျပာတာ ေရာ္နယ္ဒိုကို
မေလးစားတာ မဟုတ္ပါဘူး။
သူက အံ့အားသင့္ဖြယ္
ကစားသမားတစ္ဦးျဖစ္ေပမယ့္

သူ႕အေနနဲ႔ ဒီလုိဆုိးရြားတဲ့အသင္းမွာ
တစ္ခါမွ ကစားခဲ့ဖူးတာမဟုတ္ပါဘူး။
သူဟာ ႀကီးက်ယ္တဲ့အသင္းေတြမွာပဲ
ကစားခဲ့တာျဖစ္ၿပီး အသင္းရဲ႕
အဓိကကစားသမားတစ္ဦးအျဖစ္

ဂိုးေတြသြင္းရင္း ႀကိဳးစားပါတယ္။
ႀကီးက်ယ္တဲ့အသင္းမွာဆို
ဒါေတြက အေပါင္းလကၡဏာေဆာင္ပါတယ္။
ဒါေပမဲ့ အသင္းက ဆုိးရြားေနခ်ိန္မွာေတာ့
ဒါေတြက အႏုတ္လကၡဏာေဆာင္ပါတယ္။

သူ႕အေနနဲ႔ ဂိုးေတြသြင္းေနဆဲဆုိေပမယ့္
အသက္ ၃၈ ႏွစ္အရြယ္ အေထာင္တုိက္စစ္မွဴးကို
ပိုင္ဆုိင္ထားတာက ယူႏုိက္တက္အတြက္
အေျခအေနမေကာင္းႏိုင္ပါဘူး”လုိ႔ ကာေရဂါက ေျပာပါတယ္။
ကာေရဂါဟာ အရင္တုန္းကလည္း

ေရာ္နယ္ဒိုကို ေ၀ဖန္ခ့ဲဖူးၿပီး
ယူႏုိက္တက္အေနနဲ႔ ေရာ္နယ္ဒိုကို
ျပန္ေခၚတာက မွားယြင္းမႈျဖစ္တယ္လုိ႔ ေထာက္ျပခဲ့ဖူးပါတယ္။